ရနောင်းတွင် တရားမဝင် မြန်မာလုပ်သားများ တစ်ညတည်း ဆက်တိုက်ဖမ်းဆီးခံရ
Dawei Watch
February 21, 2024ကော့သောင်းမှတစ်ဆင့် ရနောင်းမြို့သို့ တရားမဝင်လမ်းကြောင်းဖြင့် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသော မြန်မာအလုပ်သမား ၁၉ ဦးကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့ တစ်ညတည်း နေရာသုံးနေရာတွင် တပြိုင်နက် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ စစ်ကောင်စီထံ စစ်မှုမထမ်းလိုသော မြန်မာလူငယ်အများအပြားမှာ ထိုင်းနယ်စပ်ကိုဖြတ်၍လှေဆိပ်၊ တောလမ်းများအတိုင်း ခိုးဝင်လာနိုင်သဖြင့် ထိုင်းနယ်ခြားစောင့်တပ်များက ရနောင်းရှိကရဘူရီ၊ ရနောင်း၊ စုမ့်စာရမ်ဒေသများတွင် စစ်ဆေးရေးဂိတ်များထား၍ တင်းတင်းကြပ်ကြပ် စစ်ဆေးနေခြင်းဖြစ်သည်။ ညဘက်တွင် စုမ်စာရမ်ဒေသရှိ ရွှံ့ဗွက်ပေပွနေသော ကားတစ်စီး ဆီအုန်းခြံထဲမှ မောင်းလာသည်ကို တွေ့ရှိရသဖြင့် ရဲတပ်ဖွဲ့များနှင့် နယ်ခြားစောင့်တပ်များက သွားရောက်စစ်ဆေးရာ မြန်မာလူငယ် ၅ ဦးနှင့် ထိုင်းကားသမားတစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သတင်းတွင်ဖော်ပြထားသည်။ ထပ်မံ၍ နာ့ခါးရွာထဲမှ ဖက်စဆမ်လမ်းမကြီးပေါ်ထွက်လာသော အိမ်စီးကားကို ရဲတပ်ဖွဲ့ကလိုက်လံဖမ်းဆီးခဲ့ရာ အသက် ၂၄ နှစ်အရွယ် ထိုင်းကားသမားနှင့် မြန်မာနိုင်ငံသား […]


