ဘန်ကောက်တွင် ဆယ်ကျော်သက် မြန်မာမိန်းကလေးကို ထိုင်းပွဲစားက အဓမ္မပြုကျင့်
Dawei Watch
January 8, 2024ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် အသက် ၁၉ နှစ်အရွယ်ရှိ ဆယ်ကျော်သက် မြန်မာမိန်းကလေးတစ်ဦးကို ထိုင်းနိုင်ငံသားပွဲစားတစ်ဦးက အလိုမတူဘဲ ဓါးထောက်၍ အတင်းအဓမ္မပြုကျင့်ခဲ့ကြောင်း ကူညီဆောင်ရွက်ပေးနေသော မြန်မာလုပ်သား ကူညီစောင့်ရှောက်ရေးကော်မတီ MHAC အဖွဲ့ထံမှ သိရသည်။ ယမန်နေ့ (ဇန်နဝါရီ ၇) နေ့လယ်ပိုင်းက ဘန်ကောက်မြို့ ဘန်ခွန်ထီရမ်နယ်မြေတွင် ယင်းသို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့ကဆိုသည်။ ထိုင်းနိုင်ငံသားပွဲစားက ထိုင်းရောက်ခါစ စကားရေရေလည်လည် မပြောတတ်သေးသော ကရင်တိုင်းရင်းသူ မြန်မာမိန်းကလေးကို အလုပ်ရှာပေးမည်ဟုဆိုကာ တည်းခိုခန်းသို့ ခေါ်သွားခဲ့ပြီး အလိုမတူဘဲ အတင်းအဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း အဖွဲ့ဦးဆောင်သူ ကိုရဲမင်းက ပြောသည်။ “တည်းခိုခန်းထဲကိုဝင် အတင်းအခန်းထဲဆွဲသွင်းပြီးတော့ ဓါးတွေနဲ့ထောက် ပိတ်ကန် ထိုးကြိတ်ပြီးတော့ အဓမ္မပြုကျင့်တာ” ဟု ကိုရဲမင်းက ဆိုသည်။ ဖြစ်စဉ်သိရသည်နှင့် မြန်မာမိန်းကလေးထံ အရေးပေါ် သွားရောက်ကြည့်ရှုခဲ့ပြီး ဆေးရုံတွင် စစ်ဆေးချက် […]


