အချက်အလက်မတူသဖြင့် မြန်မာလုပ်သားများ CI စာအုပ် လုပ်ခွင့်မရ
Dawei Watch
March 24, 2024ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများတွင် အလုပ်လုပ်ခွင့်လက်မှတ် (ပန်းရောင်ဘတ်)ပါ အချက်အလက်များလွဲနေသဖြင့် CI စာအုပ်( မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်) ပြုလုပ်ခွင့်မရကြကြောင်း အလုပ်သမားများနှင့် အကျိုးဆောင်များထံမှ သိရသည်။ ပန်းရောက်ဘတ် ပြုလုပ်ထားသော အလုပ်သမားများသည် ဘိုင်အနုမတ်ခေါ်သည် အလုပ်လုပ်ခွင့်လက်မှတ်စာရွက်များ ကနဦး ရရှိလာပြီးနောက် ထိုင်းလဝကရုံးများတွင် လက်ဗွေနှိပ်၊ မျက်လုံးစကင်ဖတ်ရသည်။ ယင်းနောက် နိုင်ငံကူးလက်မှတ်ရှိပါက အခြေခံအလုပ်သမားဗီဇာ ထည့်သွင်းနိုင်သော်လည်း စာအုပ်မရှိပါက ထိုင်းနိုင်ငံတွင် တရားဝင် နေထိုင်လုပ်ကိုင်ခွင့်နှင့် သွားလာခွင့်ရရှိစေရန်အတွက် သတ်မှတ်ထားသော CI စခန်း ၈ ခုတွင် CI စာအုပ်ကို ပြုလုပ်ရမည်ဖြစ်သည်။ CI စာအုပ်ပြုလုပ်ရာတွင် အလုပ်လုပ်ခွင့်လက်မှတ် စာရွက်အောက်ခြေရှိ QR Code ကို scan ဖတ်ပြီး စာရွက်ပေါ်က အချက်အလက်များနှင့် ထိုင်းအလုပ်သမားဝန်ကြီးဌာန ဝက်ဘ်ဆိုဒ်ထဲရှိ အချက်အလက်နှင့် ဓါတ်ပုံများကို […]


