ထိုင်းတွင် ကားတိမ်းမှောက်ပြီး မြန်မာလုပ်သားနှစ်ဦးသေဆုံး၊ ရှစ်ဦးဒဏ်ရာရ
Dawei Watch
December 3, 2023ထိုင်းနိုင်ငံ ဘန်ကောက်အနီး နခွန်ပထုံခရိုင်တွင် အလုပ်မှပြန်လာသော မြန်မာအလုပ်သမားများကို တင်ဆောင်လာသောကား တိမ်းမှောက်ပြီး မြန်မာအလုပ်သမား နှစ်ဦးသေဆုံးကာ ရှစ်ဦးဒဏ်ရာရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ နခွန်ပထုံခရိုင် ကမ်ဖဲစဲဒေသရှိ PT ဆီဆိုင်အနီးတွင် ဒီဇင်ဘာလ ၁ ရက်နေ့ ညနေ ၇နာရီဝန်းကျင်က တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ ၆ ဘီးတပ်ကားပေါ်တွင် မြန်မာအလုပ်သမား ၁၀ ဦး လိုက်ပါလာခဲ့ပြီး ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြို့ထဲရှိ နေထိုင်ရာ အခန်းများသို့ ပြန်လာခဲ့ကြခြင်းဖြစ်ကြောင်း ရေးသားထားသည်။ ဆီဆိုင်အနီး အရောက်တွင် ဆိုင်ကယ်တစ်စီးက ဆီဆိုင်ထဲ ရုတ်တရက်ကွေ့ဝင်ရန် ဖြတ်မောင်းလာသည်ကို မြင်သဖြင့် ဘရိတ်အုပ်လိုက်ရာမှ မထိန်းချုပ်နိုင်တော့ဘဲ တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။ ကားမှောက်မှုကြောင့် အသက် ၂၀ နှစ်အရွယ် မြန်မာအလုပ်သမားနှစ်ဦး နေရာတွင်ပင် သေဆုံးခဲ့ပြီး ကျန် ရှစ်ဦးမှာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း ဖော်ပြသည်။ ဒဏ်ရာရရှိသူများအနက် လေးဦးမှာ စိုးရိမ်ရသည့် အခြေအနေတွင် ရှိပြီး ဒဏ်ရာရသူ အားလုံးကို ကယ်ဆယ်ရေးအဖွဲ့များက ကမ်ဖဲစဲဆေးရုံနှင့် နခွန်ပထုံဆေးရုံများသို့ […]


