ထိုင်းရောက် မြန်မာလုပ်သားများထံမှ စစ်ကောင်စီ ဝင်ငွေခွန် စကောက်
Dawei Watch
December 14, 2023ထိုင်းနိုင်ငံတွင် လုပ်ကိုင်နေသော မြန်မာအလုပ်သမားများသည် ဝင်ငွေခွန် ၂ ရာခိုင်နှုန်းကို ပေးဆောင်ရမည်ဖြစ်ကြောင်း ဘန်ကောက်မြို့ရှိ မြန်မာသံရုံးက ဒီဇင်ဘာလ ၁၃ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။ အခြေခံအလုပ်သမား (Blue collar) များဖြစ်ကြသော စက်ရုံ၊ အလုပ်ရုံ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆောက်လုပ်ရေး၊ ဝန်ဆောင်မှုလုပ်ငန်းတို့တွင် လုပ်ကိုင်နေသူများသည် လစဉ်ဝင်ငွေကို ဘတ် ၇၅၀၀ သတ်မှတ်ပြီး ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ဘတ် ၁၅၀ ပေးသွင်းရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ ဘတ် ၁၅၀ ဝင်ငွေခွန်ဆောင်ထားသူများသည် လစဉ်ငွေ ဘတ် ၇၅၀၀ နှင့် ညီမျှသော မြန်မာငွေကို ငွေဖြူအဖြစ် သတ်မှတ် ပေးမည်ဖြစ်ပြီး မြန်မာပြည်တွင် အိမ်၊ ခြံ၊ မြေ၊ ကားများ ဝယ်ယူရာတွင် ဝင်ငွေခွန်လျှော့ပေါ့ပေးမည်ဖြစ်ကြောင်း […]


