ထိုင်းတောင်ပိုင်းပင်လယ်ပြင်တွင် ငါးဖမ်းလှေမီးလောင်ပြီး မြန်မာအပါအဝင် ငါးဦးဒဏ်ရာရ
Dawei Watch
April 29, 2024ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင်အနီးရှိ ပင်လယ်ပြင်တွင် မြန်မာငါးဖမ်းသမားအများစု လိုက်ပါလာသော ငါးဖမ်းလှေတစ်စီး ဧပြီလ ၂၈ ရက်နေ့ နံနက်ပိုင်းက မီးလောင်ကြောင်း Bangkok Post သတင်းတစ်ရပ်တွင် ဖော်ပြသည်။ မီးလောင်မှုကြောင့် မြန်မာငါးဖမ်းသမားများ အပါအဝင် ငါးဦး ဒဏ်ရာရရှိခဲ့ပြီး စက်ခန်းအတွင်းရှိ ထိုင်းနိုင်ငံသား တစ်ဦးမှာ မီးလောင်ဒဏ်ရာ အပြင်းအထန်ရကြောင်း ဖော်ပြသည်။ ငါးဖမ်းလှေပေါ်တွင် ထိုင်းနိုင်ငံသား နှစ်ဦးနှင့် မြန်မာငါးဖမ်းသမား ခုနစ်ဦး လိုက်ပါလာပြီး နံနက် ၃ နာရီခွဲခန့်တွင် လောင်စာဆီဖြည့်စဉ် မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။ ငါးဖမ်းလှေသည် ဖန်ငခရိုင် စူရင်းကျွန်း အနောက်တောင်ဘက် ရေမိုင် ၁၅ မိုင်အကွာတွင် မီးလောင်ကျွမ်းခဲ့ပြီး နစ်မြုပ်သွားခဲ့သည်။ မီးလောင်နေသော လှေကို အခြားငါးဖမ်းလှေတစ်စီးက မြင်ပြီးနောက် လှေပေါ်ပါ ငါးဖမ်းသမား အားလုံးကို ကယ်တင်နိုင်ခဲ့ကြောင်း […]


