ဖူးခက်တွင် ဟိုတယ်ဝန်ထမ်း မြန်မာအမျိုးသမီးကို ပိုက်ဆံခိုးသည်ဆိုကာ ဖမ်းဆီး
Dawei Watch
January 15, 2024ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်ခရိုင် ပါတော်ဒေသရှိ ဟိုတယ်တစ်ခုတွင် လုပ်ကိုင်နေသော ဟိုတယ်ဝန်ထမ်း မြန်မာအမျိုးသမီးတစ်ဦးကို နိုင်ငံခြားသား ဧည့်သည်ထံမှ ဘတ် ၁၄၀,၀၀၀ ကျော် ခိုးသည်ဟုဆိုကာ ပါတော်ရဲစခန်းက ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ပြီးခဲ့သောနှစ် ဒီဇင်ဘာ ၂၇ ရက်က ပါတော်ဒေသရှိ ဟိုတယ်တစ်လုံးတွင် တည်းခိုနေသော နိုင်ငံခြားသားတစ်ဦး၏ အိပ်ခန်းအတွင်းမှ အမေရိကန်ဒေါ်လာ ၇၀၀ ပျောက်ဆုံးခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၆ ရက်နေ့ကလည်း နိုင်ငံခြားသားဧည့်သည် ၂ ဦး၏ အိပ်ခန်းအတွင်းက ဘတ် ၅၅၀၀၀ ပျောက်ဆုံးသွားခဲ့သေးကြောင်း သတင်းတွင်ဖော်ပြထားသည်။ ယင်းနောက် နယ်မြေရဲစခန်းက ဇန်နဝါရီ ၁၂ ရက်တွင် ဟိုတယ်သို့လာရောက်၍ စုံစမ်းစစ်ဆေးသောအခါ အသက် ၂၇ နှစ်အရွယ် မလှလှဝင်း အမည်ရှိ မြန်မာဝန်ထမ်းတစ်ဦးသည် […]


