ထိုင်းနိုင်ငံသို့ တရားမဝင်ဝင်ရောက်လာသော မြန်မာ ၂၉ ဦးပါလာသည့် ကားတိမ်းမှောက်၊ ၅ ဦးစိုးရိမ်ရ
Dawei Watch
April 1, 2024မြန်မာနိုင်ငံ ဘုရားသုံးဆူမြို့နှင့် ထိစပ်နေသော ကန်ချနဘူရီခရိုင်တွင် တရားမဝင် မြန်မာနိုင်ငံသားများ တင်ဆောင်လာသော ထရပ်ကားတစ်စီး မတ်လ ၃၁ ရက်နေ့ ညသန်းခေါင်အချိန်တွင် တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ စန်ခရာဘူရီဒေသရှိ အမြန်လမ်းမ ၃၂၃ တောင်ဆင်းလမ်းကွေ့တစ်နေရာတွင် အရှိန်မထိန်းနိုင်တော့ဘဲ တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။ တိမ်းမှောက်ပြီးနောက် ၆ ဘီးတပ် ထရပ်ကားသည် လမ်းဘေးသို့ လိမ့်သွားခဲ့ပြီး ကားမောင်းသမားက ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း သိရသည်။ ကားပေါ်တွင် မြန်မာနိုင်ငံသား ၂၉ ဦး လိုက်ပါလာကြပြီး ယာဉ်တိမ်းမှောက်မှုကြောင့် ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၅ ဦးမှာ ဒဏ်ရာပြင်းထန်သဖြင့် စိုးရိမ်ရကြောင်း သိရသည်။ ဒဏ်ရာရရှိသူများကို စန်ခရာဘူရီဆေးရုံနှင့် အနီးရှိဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ဒဏ်ရာမပြင်းထန်သူများကို ဆေးရုံမှဆင်းစေကာ ရဲစခန်းသို့ ပို့ဆောင်ခဲ့သည်။ မြန်မာနိုင်ငံသားများသည် တနင်္ဂနွေနေ့ညဘက်က ဘုရားသုံးဆူနယ်စပ်မှတစ်ဆင့် […]


