ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရွှေ့ပြောင်းလုပ်သား

ဘန်ကောက်တွင် လုပ်ငန်းခွင်အတွင်း သေဆုံးသော မြန်မာလုပ်သားကို နေအိမ်တွင်သေဆုံးဟုလိမ်လည်

Dawei Watch

April 22, 2024

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း ဓါတ်လိုက်သေဆုံးခဲ့သော မြန်မာအလုပ်သမားကို အခန်းတွင် ဓါတ်လိုက်သေဆုံးဟု ထိုင်းအလုပ်ရှင်က လိမ်လည်ထွက်ဆိုကြောင်း မြန်မာအလုပ်သမားအတွက် ကူညီ ဆောင်ရွက်ပေးနေသော မြန်မာအလုပ်သမားကူညီစောင့်ရှောက်ရေးအသင်း WAG အဖွဲ့ထံမှ သိရသည်။ ကိုအောင်လွင်ဦးအမည်ရှိ မြန်မာအလုပ်သမားသည် ဧပြီလ ၁၉ ရက်နေ့က SSS & P. Design and Build Construction Co.,LTD ကုမ္ပဏီ၏ ဆောက်လုပ်ရေးဆိုဒ်တစ်ခုတွင် သမံတလင်းကို ပွတ်တိုက် အချောကိုင်သည့် စက်ကိုကိုင်၍ အလုပ်လုပ်နေရာမှ ဓာတ်လိုက်ခြင်းဖြစ်ကြောင်း WAG ထံမှ သိရသည်။ ကိုအောင်လွင်ဦးကို ဘန်ကောက်ရှိ ချူလာလောင်ကွန်းဆေးရုံသို့ အရေးပေါ်ပို့ဆောင်ခဲ့သော်လည်း ဓါတ်လိုက်ပြီး တစ်နာရီခန့်အကြာတွင် ဆေးရုံတွင်ပင် သေဆုံးခဲ့ခြင်းဖြစ်သည်။ သေဆုံးချိန်တွင် ကိုအောင်လွင်ဦးသည် အသက် ၂၀ အရွယ်သာ ရှိနေသေးကြောင်း WAG […]

ရွှေ့ပြောင်းလုပ်သား ထားဝယ်ဇနီးမောင်နှံ ထိုင်းထီ ဘတ် ၆ သန်းပေါက်

Dawei Watch

April 19, 2024

ထိုင်းနိုင်ငံ စူရတ်ဌာနီခရိုင်တွင် လုပ်ကိုင်နေသော ထားဝယ်ဇနီးမောင်နှံသည် ဧပြီလ ၁၆ ရက်နေ့က ဖွင့်လှစ်သော ထိုင်းထီ၏ အမြင့်ဆုံးဆု ဘတ် ၆ သန်းကို ကံထူးခဲ့ကြောင်း MHAC မဟာမိတ်အဖွဲ့ထံမှ သိရသည်။ ထီပေါက်သူမှာ အသက် ၂၀ အရွယ် ထားဝယ်ဒေသခံ လူငယ်ဇနီးမောင်နှံနှစ်ဦးဖြစ်ပြီး ထိုင်းတောင်ပိုင်း စူရတ်ဌာနီမြို့ရှိ ရေခဲစက်ရုံတွင် လုပ်ကိုင်နေသည်မှာ ၃ နှစ်ခန့်ရှိပြီဖြစ်သည်။ ၂ နှစ်သားလေးက ထီထိုးရန် ပြောသဖြင့် ပထမဆုံးအကြိမ် ထီတစ်စောင် ကံစမ်းလိုက်ရာမှ အမြင့်ဆုံးဆုဖြစ်သည့် ဘတ် ၆ သန်း ကံထူးခဲ့ခြင်းဖြစ်ကြောင်း MHAC အဖွဲ့ဦးဆောင်သူ ကိုရဲမင်းက ဆိုသည်။ “ကလေးလေးက သူကိုယ်တိုင် ထီလက်မှတ်ကို ရွေးယူလိုက်တာ။ ကလေးက အကျိုးပေးတာပေါ့” ဟု ကိုရဲမင်းက ဆိုသည်။ ထီပေါက်သော […]

ထိုင်းတွင် ၁၄ နှစ်အရွယ် မြန်မာကလေးတစ်ဦး ဆုန်ကရန်မှအပြန်တွင် ရေထဲပြုတ်ကျသေဆုံး

Dawei Watch

April 17, 2024

ထိုင်းနိုင်ငံ ရတ်ချ်ဘူရီခရိုင်၌ ဆုန်ကရန်ပွဲတော်တွင် ရေကစားရာပြီး ပြန်လာသော အသက် ၁၄ နှစ်အရွယ် မြန်မာကလေး တစ်ဦးသည် ခန္ဓာကိုယ်ဆေးကြောရန် မြောင်းထဲဆင်းစဉ် မတော်တဆ ရေမြောင်းထဲ ပြုတ်ကျသေဆုံးကြောင်း ထိုင်းသတင်း ဌာနများတွင် ဖော်ပြသည်။ သေဆုံးသူသည် မြန်မာကလေးငယ်သည် ထိုင်းကျောင်းတက်နေသော ကျောင်းသားတစ်ဦးဖြစ်သည်။ ပြီးခဲ့သော ဧပြီလ ၁၅ ရက်နေ့က အခြားသူငယ်ချင်းများနှင့်အတူ ဘန်းပေါ်ဒေသရှိ ဝပ်ဒေါ်တူးကျောင်းရှေ့ ရေမြောင်းအနီး ဆုန်ကရန်ပွဲတော်တွင် ရေကစားခဲ့ကြောင်း ဖော်ပြသည်။ မွန်းလွဲ ၁ နာရီခွဲခန့်တွင် ရေကစားရာကအပြန် ခန္ဓာကိုယ်တွင် ပေနေသော သနပ်ခါးပေါင်ဒါများကို သန့်ရှင်းရန် ရေမြောင်းထဲရှိ ရေနှင့် ဆေးကြောရန် သူငယ်ချင်းများနှင့် ဆင်းသွားခဲ့ကြောင်း ဆိုသည်။ ဆင်းသွားစဉ် အနီးရှိ ဝါးလုံးဖြင့် ချည်ထားသော ကြိုးကို ဆွဲထားသော်လည်း မတော်တဆ ကြိုးပြတ်သွားကာ […]

အခက်အခဲများစွာ ကြုံနေရတဲ့ တနင်္သာရီတိုင်းက စစ်ရှောင်တွေ

Dawei Watch

April 17, 2024

ပဋိပက္ခတွေ ပြင်းထန်လာနေတဲ့ တနင်္သာရီတိုင်းမှာ စစ်ဘေးရှောင်တွေ ဆက်တိုက်တိုးလာနေပါတယ်။ တနင်္သာရီတိုင်းမှာ တိုက်ပွဲဖြစ်ပွားမှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ခဲ့ရသူ ၅၄၀၀၀ ကျော်အထိရှိနေပါတယ်။ စစ်ဘေးရှောင် ကူညီရေးအဖွဲ့တွေ အနေနဲ့ စစ်ဘေးရှောင်တွေအတွက် အကူအညီတွေပေးနိုင်အောင် ကြိုးစားနေကြပေမယ့် စစ်ဘေးရှောင်တွေက ပိုတိုးလာနေသလို မြင့်မားလာတဲ့ ကုန်စျေးနှုန်းဒဏ်တွေကြောင့် အလှူငွေလိုအပ်ချက် ကြီးမားနေဆဲပါ။

Podcast : အခက်အခဲများစွာ ကြုံနေရတဲ့ တနင်္သာရီတိုင်းက စစ်ရှောင်တွေ

Dawei Watch

April 17, 2024

ပဋိပက္ခတွေ ပြင်းထန်လာနေတဲ့ တနင်္သာရီတိုင်းမှာ စစ်ဘေးရှောင်တွေ ဆက်တိုက်တိုးလာနေပါတယ်။ တနင်္သာရီတိုင်းမှာ တိုက်ပွဲဖြစ်ပွားမှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ခဲ့ရသူ ၅၄၀၀၀ ကျော်အထိရှိနေပါတယ်။ စစ်ဘေးရှောင် ကူညီရေးအဖွဲ့တွေ အနေနဲ့ စစ်ဘေးရှောင်တွေအတွက် အကူအညီတွေပေးနိုင်အောင် ကြိုးစားနေကြပေမယ့် စစ်ဘေးရှောင်တွေက ပိုတိုးလာနေသလို မြင့်မားလာတဲ့ ကုန်စျေးနှုန်းဒဏ်တွေကြောင့် အလှူငွေလိုအပ်ချက် ကြီးမားနေဆဲပါ။

ဆုန်ကရန် သွားလည်ပြီး ထမင်းမချက်ထားသည့်ကိစ္စ မြန်မာဇနီးမောင်နှံ အချင်းများရာမှ ဇနီးသည်ဓားထိုးခံရ

Dawei Watch

April 16, 2024

ထိုင်းနိုင်ငံ စမွတ်ပရကန်မြို့တွင် ခင်ပွန်းသည်မှာ ဆုန်ကရန် သွားလည်သော်လည်း ပြန်ရောက်ချိန်တွင် ထမင်း မချက် ထားသဖြင့် ဇနီးသည် အလုပ်မှ ပြန်လာချိန် အချင်းများကြပြီး ဓားထိုးမှုဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ စကားများ ရန်ဖြစ်ကြသော ဇနီးမောင်နှံနှစ်ဦးစလုံးသည် မြန်မာရွှေ့ပြောင်းအလုပ်သမားများဖြစ်ကြသည်။ ဆုန်ကရန်ပွဲတော်ဖြစ်သော်လည်း အလုပ်မနားရသော အမျိုးသမီးဖြစ်သူမှာ ယနေ့ ဧပြီလ ၁၆ ရက်နေ့ နံနက် ၂ နာရီခန့်တွင် အခန်းသို့ ပြန်လည်ရောက်ရှိကြောင်း ဖော်ပြသည်။ ခင်ပွန်းသည်မှာ ဆုန်ကရမ်တွင် အပြင်ထွက် ရေကစားပျော်ပါးခဲ့သော်လည်း ထမင်းမချက်ထားသဖြင့် စကားများ ရန်ဖြစ်ကြကြောင်း ဆိုသည်။ အမျိုးသမီးဖြစ်သူက စိတ်ဆိုးပြီး အမျိုးသား၏ ဦးခေါင်းကို နံရံနှင့် ဆောင့်လိုက်သဖြင့် ခေါင်းကွဲသွားရာမှ အမျိုးသားဖြစ်သူက ဓားဖြင့် ပြန်ထိုးခဲ့ကြောင်း သတင်းများတွင် ရေးသားထားသည်။ အလုပ်နားသဖြင့် အပြင်ထွက် […]

အခက်အခဲများစွာ ကြုံနေရတဲ့ တနင်္သာရီတိုင်းက စစ်ရှောင်တွေ

Dawei Watch

April 16, 2024

ပဋိပက္ခတွေ ပြင်းထန်လာနေတဲ့ တနင်္သာရီတိုင်းမှာ စစ်ဘေးရှောင်တွေ ဆက်တိုက်တိုးလာနေပါတယ်။ တနင်္သာရီတိုင်းမှာ တိုက်ပွဲဖြစ်ပွားမှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ခဲ့ရသူ ၅၄၀၀၀ ကျော်အထိရှိနေပါတယ်။ စစ်ဘေးရှောင် ကူညီရေးအဖွဲ့တွေ အနေနဲ့ စစ်ဘေးရှောင်တွေအတွက် အကူအညီတွေပေးနိုင်အောင် ကြိုးစားနေကြပေမယ့် စစ်ဘေးရှောင်တွေက ပိုတိုးလာနေသလို မြင့်မားလာတဲ့ ကုန်စျေးနှုန်းဒဏ်တွေကြောင့် အလှူငွေလိုအပ်ချက် ကြီးမားနေဆဲပါ။

သင်္ကြန်တွင် ထိုင်းသို့ တရားမဝင် ဝင်လာသော မြန်မာ ၄၀ ကျော် ဖမ်းဆီးခံရ

Dawei Watch

April 16, 2024

သင်္ကြန်ကာလ ဧပြီလ ၁၁ ရက်နေ့မှ ၁၆ ရက်နေ့အထိ ထိုင်းနိုင်ငံသို့ တရားမဝင် လမ်းကြောင်းဖြင့် နယ်စပ်ဖြတ်ကျော် ဝင်ရောက်သည့် မြန်မာနိုင်ငံသား ၄၂ ဦးကို ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနများနှင့် လဝကများ၏ ထုတ်ပြန်ချက်အရ သိရသည်။ ဧပြီလ ၁၄ ရက်က ရနောင်းခရိုင် ကပေးဒေသအတွင်းရှိ တောထဲတွင် ပုန်းနေပြီး ကားစောင့်နေသော အထောက်အထားမဲ့ မြန်မာနိုင်ငံသား အမျိုးသား ရှစ်ဦး၊ အမျိုးသမီး ကိုးဦး စုစုပေါင်း ၁၇ဦးတို့ကို ထိုင်းခြေမြန်တပ်ရင်း အမှတ် (၂၅) က ဖမ်းဆီးခဲ့သည်။ ဓါတ်ပုံများအရ ဖမ်းဆီးခံရသူများတွင် ကလေးငယ်များလည်း ပါဝင်နေသည်ကို တွေ့ရသည်။ ဧပြီလ ၁၁ ရက်ကလည်း ရနောင်းခရိုင် ကရဘူရီဒေသတွင် အိမ်စီးကားတစ်စီးပေါ်လိုက်ပါလာသော အထောက်အထားမဲ့ မြန်မာနိုင်ငံသား အမျိုးသားသုံးဦး၊ အမျိုးသမီးလေးဦး […]