ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရွှေ့ပြောင်းလုပ်သား

မဟာချိုင်တွင် ထားဝယ်အမျိုးသမီးနှစ်ဦး အိပ်မက်အရထီထိုးရာမှ ထိုင်းထီ ဘတ် ၁၂ သန်းပေါက်

Dawei Watch

May 7, 2024

ထိုင်းနိုင်ငံ မဟာချိုင်ဒေသတွင် နေထိုင်လုပ်ကိုင်နေသော ထားဝယ်ဒေသခံ အမျိုးသမီးသူငယ်ချင်းနှစ်ဦးသည် မေလ ၂ ရက်က ဖွင့်လှစ်ခဲ့သော ထိုင်းထီတွင် အမြင့်ဆုံးဆုဖြစ်သော ပထမဆု နှစ်စောင်တွဲ ဘတ် ၁၂ သန်း ထီပေါက်ကြောင်း AAC မဟာမိတ် အဖွဲ့ထံမှ သိရသည်။ မေလ ၂ ရက်နေ့က ဖွင့်လှစ်ခဲ့သော ထိုင်းထီ ပထမဆုဂဏန်း ၉၈၀၁၁၆ တွင် ခြောက်လုံးတိုက် ပထမဆု ဘတ် ၆ သန်းကို နှစ်စောင်တွဲ ထိုးထားသဖြင့် ဘတ် ၁၂ သန်း ထီပေါက်ခဲ့ခြင်းဖြစ်သည်။ ထားဝယ် အမျိုးသမီး သူငယ်ချင်းနှစ်ဦး ကုန်တိုက်သွားရင်း အိပ်မက်အရ နောက်ပိတ် ၁၁၆ ပါသော ထီနှစ်စောင်ကို ထိုးခဲ့ရာမှ ဘတ် ၁၂ သန်းအထိ ပေါက်ခဲ့ခြင်းဖြစ်ကြောင်း ထီဆုငွေထုတ်ရာတွင် […]

ဖူးခက်တွင် ပင်လယ်ထဲ ရေဆင်းကူးသည့် မြန်မာတစ်ဦးမျောပါသေဆုံး

Dawei Watch

May 6, 2024

ထိုင်းနိုင်ငံတောင်ပိုင်း ခရီးသွားကျွန်းဖြစ်သော ဖူးခက်မြို့တွင် ပင်လယ်ထဲ ရေဆင်းကူးသော မြန်မာနိုင်ငံသားတစ်ဦး မျောပါသေဆုံးကြောင်း ထိုင်းသတင်းဌာန များတွင် ဖော်ပြသည်။ ပင်လယ်ထဲ ရေဆင်းမကူးရန် သတိပေးထားသည့် အနီရောင်အလံပြထားသော်လည်း ရေဆင်းကူးခြင်းဖြစ်သည်ဟု သတင်းများတွင် ရေးသားထားသည်။ သေဆုံးသူသည် အသက် ၂၀ အရွယ် ကိုနေမျိုးဇော်အမည်ရှိသူဖြစ်ကြောင်း ဆိုသည်။ မေလ ၅ရက်က ၎င်းနှင့်အတူ သူငယ်ချင်းများက ကလင်ကမ်းခြေသို့ လာရောက်အပန်းဖြေပြီး ဂီတာတီး သီချင်းဆိုနေခဲ့ကြကြောင်း ဖော်ပြသည်။ ယင်းနောက် ကိုနေမျိုးဇော်နှင့် သူငယ်ချင်းတစ်ဦးတို့သည် နေ့လယ်ပိုင်းတွင် ပင်လယ်ထဲ ရေဆင်းကူးခဲ့ကြကြောင်း သတင်းများတွင် ရေးသားသည်။ ရေကူးဆင်းပြီး အနည်းငယ်အကြာတွင် လှိုင်းလုံးများကြား မျောပါနေခဲ့ကြသဖြင့် ကယ်ဆယ်ရေးအဖွဲ့များက ဂျက်စကီးများဖြင့် လိုက်လံကယ်ဆယ်ခဲ့ကြကြောင်း ဆိုသည်။ သို့သော်လည်း ကယ်ဆယ်ရေးအဖွဲ့များက သူငယ်ချင်းဖြစ်သူကိုသာ ကယ်ဆယ်နိုင်ခဲ့ပြီး ကိုနေမျိုးဇော်မှာ မျောပါပျောက်ဆုံးသွားခဲ့ကြောင်း ဖော်ပြသည်။ […]

မဲဆောက်တွင် တရားမဝင် ဝင်လာသော မြန်မာနိုင်ငံသား ၇၀ ကျော် ဖမ်းဆီးခံရ

Dawei Watch

May 3, 2024

ထိုင်း-မြန်မာနယ်စပ် တာခ့်ခရိုင် မဲဆောက်ဒေသတွင် တရားမဝင် လမ်းကြောင်းဖြင့် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၇၄ ဦးကို ယမန်နေ့ (မေ ၂) တွင် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံသားများသည် တရားမဝင် နယ်စပ်ဖြတ်ကျော်လာပြီး ဖို့ဖရာ့ဒေသရှိ တောထဲတွင် ပုန်းခိုနေကြကြောင်း သတင်းပေးတိုင်ကြားသူရှိသဖြင့် ရဲတပ်ဖွဲ့များက သွားရောက်စစ်ဆေးခဲ့စဉ်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးခံရသူများမှာ အမျိုးသား ၃၃ ဦး၊ အမျိုးသမီး ၂၂ ဦး စုစုပေါင်း ၅၅ ဦးဖြစ်ပြီး လမ်းပြလာသော လူ ၄ ဦးခန့်က နယ်မြေကျွမ်းကျင်မှုအရ ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်းသိရသည်။ မြန်မာနိုင်ငံသား အားလုံးတွင် နယ်စပ်ဖြတ်ကျော်လက်မှတ်များ မတွေ့ရကြောင်းနှင့် အားလုံးသည် ဘန်ကောက်နှင့် အခြားခရိုင်များတွင် အလုပ်လုပ်ကိုင်ရန် ပွဲစားများကို ဘတ် ၂၅၀၀၀ မှ […]

မြန်မာလုပ်သားတွေ ထိုင်းထီဆုကြီးပေါက်ရင် ဘာအခက်အခဲတွေကြုံရလဲ

Dawei Watch

May 2, 2024

မြန်မာရွှေ့ပြောင်းလုပ်သားတွေ ဘတ် ၆ သန်းဆုအပါအဝင် ထိုင်းထီဆုကြီးတွေ ပေါက်ပေမယ့် အလွယ်တကူ ဆုထုတ်ယူနိုင်တဲ့ အခြေအနေမှာ ရှိမနေပါဘူး။ ထိုင်းထီဆုကြီးပေါက်ခဲ့ရင် ဘန်ကောက်ကရုံးမှာပဲ ထုတ်ပေးလေ့ရှိတဲ့အတွက် ရွှေ့ပြောင်းလုပ်သားတွေအဖို့ လက်လှမ်းမမီ ဖြစ်နေကြတာပါ။ ထီဆုကြီးတွေကို ကိုယ်တိုင်ထုတ်ယူဖို့ အခက်အခဲရှိနေတဲ့ ရွှေ့ပြောင်းလုပ်သားတွေကို ပစ်မှတ်ထားပြီး လိမ်လည်သူတွေ၊ အကူအညီပေးမယ်ဆိုပြီး မိတ်ဆွေတွေ၊ သူဌေးတွေက ဆုကြေးကို အပြည့်မထုတ်ပေးတာတွေ၊ ထီလက်မှတ် ခိုးယူခံရမယ့်အရေး အသက်အန္တရာယ်ပြုခံရမယ့် အရေးတွေလည်း ကြုံရဖို့ရှိနေပါတယ်။ ဒါကြောင့် ဘတ် ၆ သန်းကံထူးရှင် ၅၀ ဦးကို ဆုငွေထုတ်နိုင်ဖို့ ကူညီပေးခဲ့တဲ့ MAHC မဟာမိတ်အဖွဲ့က တာဝန်ရှိသူ ကိုရဲမင်းနဲ့ တွေ့ဆုံပြီး ထီဆုကြီးပေါက်တဲ့ မြန်မာရွှေ့ပြောင်းတွေအကြောင်း မေးမြန်းဖြစ်ခဲ့ပါတယ်။

ပန်းရောင်ဘတ် အသစ်လျှောက်ခွင့်ပြုရန် အစီအစဉ်မရှိသေးဟု ထိုင်းအစိုးရထုတ်ပြန်

Dawei Watch

May 1, 2024

ထိုင်းနိုင်ငံအတွင်း အထောက်အထားမဲ့ အလုပ်သမားများအတွက် နေထိုင်အလုပ်လုပ်ခွင့်လက်မှတ် (ပန်းရောက်ဘတ်) အသစ်လျှောက်ထားခွင့်ပေးရန် အစီအစဉ် မရှိသေးသဖြင့် အယုံမလွယ်ကြရန် ထိုင်းအလုပ်သမားရုံးက ဧပြီ ၃၀ တွင် ထုတ်ပြန်သတိပေးလိုက်သည်။ ပန်းရောက်ဘတ်အသစ်ဖွင့်ပေးမည်ဟု ပြင်ပတွင် ကောလာဟလသတင်းများ ထွက်နေသည့်အပေါ် မဟုတ်မှန်ကြောင်း ငြင်းဆိုထားပြီး အကယ်၍ အထောက်အထားမဲ့ အလုပ်သမားများ အလုပ်ခန့်ထားသည်ကို စစ်ဆေးတွေ့ရှိပါက အလုပ်ရှင်နှင့် အလုပ်သမားများ ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ အထောက်အထားမဲ့ နိုင်ငံခြားသားအလုပ်သမားများကို အမည်စာရင်းတင်သွင်းရန် ခွင့်ပြုပေးမည့်အစီအစဉ်နှင့် ပတ်သက်၍ သတင်းမေးကြားမှုများ၊ ထိုင်းအလုပ်သမားရုံးထံသို့ စာတိုပေးပို့မှုများ များပြားလာသဖြင့် အဆိုပါသတင်းသည် မဟုတ်မှန်ကြောင်းနှင့် တရားဝင် ဖွင့်လှစ်ပေးရန် အစီအစဉ်မရှိသေးကြောင်း အလုပ်သမားရုံးက ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ တရားမဝင် အလုပ်ခန့်ထားပါက ချက်ချင်း အရေးယူသွားမည်ဖြစ်ပြီး အကယ်၍ တရားဝင် အလုပ်ခန့်ထားလိုပါက အလုပ်ရှင်ကိုယ်တိုင်ဖြစ်စေ […]

ကြိုတင်ကာကွယ်ရမယ့် သွေးလွန်တုပ်ကွေး

Dawei Watch

May 1, 2024

မကြာခင်မှာ မုတ်သုန်ဝင်ရောက်လာပြီး မိုးရာသီရောက်ပြီဆိုရင် မြန်မာနိုင်ငံမှာ သွေးလွန်တုပ်ကွေးအဖြစ်များလေ့ရှိပါတယ်။ သွေးလွန်တုပ်ကွေးဖြစ်လာရင်လည်း တိုက်ပွဲတွေ၊ ညမထွက်ရအမိန့်တွေ စတဲ့ကန့်သတ်ချက်တွေကြောင့် ဆေးရုံဆေးခန်းသွားဖို့ ခက်ခဲပြီး ဆေးရုံတွေမှာ ကျန်းမာရေးဝန်ထမ်း အလုံအလောက်မရှိတဲ့ ပြဿနာလည်း ရှိနေပါတယ်။ သွေးလွန်တုပ်ကွေးဖြစ်လာရင် အသက်သေဆုံးနိုင်တဲ့အတွက် ကူးစက်မခံရအောင် ကြိုတင်ကာကွယ်ရမယ့် နည်းလမ်းတွေနဲ့ ပြုစုရမယ့်နည်းလမ်းတွေကို ဖော်ပြလိုက်ပါတယ်။

ကြိုတင်ကာကွယ်ရမယ့် သွေးလွန်တုပ်ကွေး

Dawei Watch

May 1, 2024

မကြာခင်မှာ မုတ်သုန်ဝင်ရောက်လာပြီး မိုးရာသီကာလကို ရောက်ရှိလာတော့မှာပါ။ မိုးရာသီရောက်ပြီဆိုရင် မြန်မာနိုင်ငံမှာ သွေးလွန်တုပ်ကွေးအဖြစ်များလေ့ရှိပါတယ်။ ပြီးခဲ့တဲ့နှစ်ကဆိုရင် တနင်္သာရီတိုင်းမှာ သွေးလွန်တုပ်ကွေးဖြစ်ပွားသူ အများအပြားရှိခဲ့ပါတယ်။ သွေးလွန်တုပ်ကွေး မဖြစ်စေဖို့ ဂရုစိုက်ရမယ့် အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

အထောက်အထားမဲ့လုပ်သားများကို အထောက်အထားလုပ်ပေးရန် မေဒေးတွင် ထိုင်းရောက်မြန်မာလုပ်သားများတောင်းဆို

Dawei Watch

May 1, 2024

အထောက်အထားမဲ့ အလုပ်သမားများအတွက် နေထိုင်ခွင့် အထောက်အထားအသစ်ပြုလုပ်ပေးရေးနှင့် အခြားအခွင့်အရေးများ ရရှိရေးအတွက် ယနေ့ မေလ ၁ ရက် မေဒေးနေ့တွင် မြန်မာ အပါအဝင် ထိုင်းရောက် ရွှေ့ပြောင်းအလုပ်သမားများက ဘန်ကောက်မြို့လယ်တွင် ချီတက်တောင်းဆိုကြသည်။ အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ (မေဒေး) ချီတက်တောင်းဆိုပွဲကို ရွှေ့ပြောင်းအလုပ်သမားများနှင့် အလုပ်သမားအရေး လှုပ်ရှားသူများ စုစုပေါင်း လူထောင်ချီ လာရောက်ပူးပေါင်းခဲ့ကြောင်း ချီတက်တောင်းဆိုရာတွင်ပါဝင်သူများထံမှ သိရသည်။ ဘန်ကောက်မြို့လယ် အနုစာဝရီကျောက်တိုင်မှတစ်ဆင့် အစိုးရရုံးများသို့ ချီတက်ခဲ့ကြောင်း ၎င်းတို့က ဆိုသည်။ နေထိုင်ခွင့်နှင့် အလုပ်လုပ်ခွင့်လက်မှတ် အသစ်ထုတ်ပေးရေးအပါအဝင် နယ်စပ်တွင် တိမ်းရှောင်လာသော မြန်မာဒုက္ခသည် များကို ကူညီစောင့်ရှောက်ပေးရေးနှင့် သက်တမ်းကုန် MoU အလုပ်သမားများကို မြန်မာနိုင်ငံသို့ မပြန်ခိုင်းဘဲ ထိုင်းနိုင်ငံ တွင်ပင် သက်တမ်း ပြန်တိုးခွင့်ပြုရေး တောင်းဆိုခဲ့ကြောင်း Labour Rights Foundation […]