ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရွှေ့ပြောင်းလုပ်သား

ဂေဟာမှာ ခိုလှုံနေရတဲ့ MoU တရားဝင် မြန်မာလုပ်သားတွေ

Dawei Watch

February 1, 2024

အာဏာသိမ်းမှုနောက်ဆက်တွဲ ဂယက်တွေကြောင့် ရုန်းကန်နေရတဲ့ မိသားစုကို ထောက်ပံ့နိုင်ဖို့ ထိုင်းမှာ တရားဝင် အလုပ် လာလုပ်ကြပေမယ့် အေဂျင်စီတွေ တာဝန်မဲ့တာ၊ မြန်မာသံရုံးဘက်က ဖြေရှင်းမှုအားနည်းတာတွေကြောင့် မြန်မာလုပ်သား တွေဟာ အလုပ်လက်မဲ့ဖြစ်နေရတာ၊ လုပ်အားခ မရတာတွေကြောင့် နေထိုင်စားသောက်ဖို့တောင် အခက်အခဲများစွာနဲ့ ရင်ဆိုင်နေကြရပါတယ်။

ဖူးခက်တွင် MoU မြန်မာလုပ်သားများ နှစ်လလုပ်ပြီး အလုပ်မရှိတော့၍ အခက်အခဲဖြစ်နေ

Dawei Watch

January 31, 2024

ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်ခရိုင်တွင် နှစ်နိုင်ငံသဘောတူစာချုပ် MoU စနစ်ဖြင့် တရားဝင် ဝင်ရောက်လာသော မြန်မာအလုပ်သမားများမှာ နှစ်လလုပ်ပြီးသည်နှင့် အလုပ်မလုပ်ရတော့သဖြင့် အခက်အခဲများစွာ ဖြစ်ပေါ်နေကြောင်း အလုပ်သမားများနှင့် ကူညီဆောင်ရွက်ပေးနေသော WAG အဖွဲ့ထံမှ သိရသည်။ အမျိုးသမီး ၁၀ ဦးပါဝင်သော မြန်မာအလုပ်သမား ၂၅ ဦးကို ဖူးခက်ခရိုင် ဘန်းဖွန် ဘန်ခန်းတွင် ရှိသော PCONS ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် လုပ်ကိုင်ရန် မြန်မာအေဂျင်စီ စစ်သွေးညီက နှစ်နှစ်စာချုပ်ဖြင့် ပြီးခဲ့သောနှစ် နိုဝင်ဘာလက စေလွှတ်ထားကြောင်း အလုပ်သမားများထံမှ သိရသည်။ သို့သော်လည်း အလုပ်စဆင်းသည့်ရက်မှစ၍ နှစ်လကျော်ကာလအထိ ၃၅ ရက်သာ အလုပ်ဆင်းခဲ့ရကြောင်း အလုပ်သမားများက ဆိုသည်။ ယင်းနောက် ဇန်နဝါရီလ ၂၄ ရက်နေ့မှစ၍ သူဌေးက လုပ်ငန်းခွင်တွင် အလုပ်မရှိတော့သဖြင့် မြန်မာအလုပ်သမားများကို အလုပ်မပေးနိုင်တော့ကြောင်း […]

ထိုင်းနယ်စပ်မှ တနင်္သာရီဘက်ကူးမည့် မြန်မာ ၂ ဦးကို မူးယစ်ဆေးများနှင့်အတူ ထိုင်းရဲဖမ်းမိ

Dawei Watch

January 30, 2024

ထိုင်းနိုင်ငံနယ်စပ်နှင့် ထိစပ်နေသော တနင်္သာရီတိုင်းဘက်သို့ တရားမဝင် ဝင်ရောက်ရန် လုပ်ဆောင်နေသည့် မြန်မာ ၂ ဦးကို မူးယစ်ဆေးဝါးများနှင့်အတူ ဇန်နဝါရီလ ၂၉ ရက်နေ့က ထိုင်းရဲများက ဖမ်းဆီးရမိခဲ့ကြောင်း သတင်းထုတ်ပြန်သည်။ ထိုင်းနိုင်ငံ၊ ပကျွတ်ခီရီခန်ခရိုင် ကောလက်ဒေသရှိ အမျိုးသားဥယျာဉ်ထဲတွင် နယ်ခြားစောင့်တပ်များ တောတွင်း ပြစ်မှုကင်းရှင်းရေးနှင့် တရားမဝင် ဝင်ရောက်မှုများမရှိရေးအတွက် တင်းတင်းကြပ်ကြပ် ကင်းလှည့်စစ်ဆေးနေစဉ် ညနေ ၄ နာရီအချိန်ခန့်က ဖမ်းဆီးရမိခဲ့ကြောင်း ဖော်ပြထားသည်။ စစ်ဆေးနေစဉ် ခြေသံကြားသဖြင့် သွားရောက်စစ်ဆေးရာမှ ပုန်းနေသော မြန်မာနိုင်ငံသား အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးကို တွေ့ရှိရဟုဆိုသည်။ ၎င်းတို့နှစ်ဦးကို ထပ်မံစစ်ဆေးရာ မူးယစ်ဆေးပြား WY အလုံးရေ ၂၇၉ လုံးကိုပါ တွေ့ရှိခဲ့ကြောင်း ဖော်ပြထားသည်။ မူးယစ်ဆေးပြားများကို ကူဘူရီအမျိုးသားဥယျာဉ်လမ်းကြောင်းကိုသုံး၍ […]

ဖူးခက်တွင် မြန်မာလုပ်သား ၁၅ ဦး လုပ်အားခမရသဖြင့်အမှုဖွင့်

Dawei Watch

January 29, 2024

ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်ခရိုင်တွင် လုပ်ကိုင်နေသော မြန်မာအလုပ်သမား ၁၅ ဦးသည် လုပ်အားခ ဘတ် ၂ သိန်းကျော်ကို သူဌေးက ထုတ်ပေးခဲ့ခြင်းမရှိသဖြင့် အမှုဖွင့်တိုင်ကြားထားကြောင်း အလုပ်သမားများနှင့် ကူညီဆောင်ရွက်ပေးနေသော WAG အဖွဲ့ထံမှ သိရသည်။ အမျိုးသမီးလေးဦးအပါအဝင် မြန်မာအလုပ်သမား ၁၅ဦးမှာ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် ပြီးခဲ့သည့်နှစ် ဇူလိုင်လမှစတင်ကာ လုပ်ကိုင်နေခြင်းဖြစ်ပြီး နောက်ဆုံး လုပ်ကိုင်ခဲ့သည့် လုပ်အားခ တစ်လစာကို သူဌေးဖြစ်သူက ပိုက်ဆံမရှိဟု ပြောဆိုပြီး ထုတ်မပေးကြောင်း WAG အဖွဲ့ထံမှသိရသည်။ လုပ်အားခမရသည့်အပြင် သူဌေးက ယာယီနေထိုင် အလုပ်လုပ်ခွင့်လက်မှတ် (ပန်းရောင်ကတ်) ပြုလုပ်ရန် ငွေကြေးများ ကောက်ခံထားပြီး စာရွက်စာတမ်းများ တာဝန်ယူလုပ်ဆောင်ပေးခဲ့ခြင်းမရှိသည့်အတွက် ဖူးခက်မြို့ရှိ အလုပ်သမား ကာကွယ်စောင့်ရှောက်ရေးရုံး (ဆာဝါဒီကန်) သို့ ဇန်နဝါရီလ ၂၈ ရက်နေ့က တိုင်ကြားခဲ့ကြောင်း WAG […]

ဘန်ကောက် ကူးတို့လှေငယ်ပေါ်က ရငဲသားရဲ့ အိမ်မက်တစ်ခု

Dawei Watch

January 29, 2024

တနင်္သာရီတိုင်း ၊ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်ထဲက ရငဲကျေးရွာမှာ နေထိုင်တဲ့ အသက်၁၆ နှစ်အရွယ် လူငယ်တစ်ဦး။ ၇ တန်း အထိကျောင်းနေဖူးပြီး ကိုဗစ်အခြေအနေနဲ့ နိုင်ငံရေး ပဋိပက္ခတွေကြားမှာ သူ့ရဲ့ ပညာရေး ၊ဇာတိ ၊သူငယ်ချင်းတွေကိုစွန့်ခွါပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ရောက်လာသူ။ ဒီလိုနေရာမှာ ရှင်သန်နေထိုင်ဖို့ သူဘယ်လိုတွေ ကြိုးစားနေရသလဲ။ သူ့ဘဝရည်မှန်းချက်က ဘာလဲ။

ဘန်ကောက်က ထားဝယ်တွေရဲ့ အော်တကွန်စျေး

Dawei Watch

January 27, 2024

ဘန်ကောက်ရောက် ထားဝယ်တွေ ကြား အော်တကွန်စျေးဟာ လူသိများပါတယ်။ အလုပ်လုပ်ရာ နေရာဖြစ်သလို၊ ရိုးရာအစားအစာ၊ ယဉ်ကျေးမှု၊ ပွဲလမ်းသဘင်တွေ စုဆုံရာနေရာလည်း ဖြစ်ပါတယ်။

မလေးရှားတွင် မြေပြိုမှုကြောင့် မြန်မာနိုင်ငံသား ၁ ဦးသေပြီး ၄ ဦးပျောက်ဆုံးနေ

Dawei Watch

January 26, 2024

မလေးရှားနိုင်ငံ၏ ခရီးသွားဒေသတစ်ခုဖြစ်သော Cameron Highlands တွင် ယနေ့ နံနက်ပိုင်းက မြေပြိုမှုကြောင့် မြန်မာနိုင်ငံသား ၅ ဦး ပိသွားခဲ့ပြီး ၁ ဦးသေဆုံးခဲ့ကာ ၄ ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း နိုင်ငံတကာသတင်းဌာနများတွင် ဖော်ပြထားသည်။ Cameron Highlands ဒေသ၏ တောင်ပြာတန်း မြို့ငယ်လေးတွင် ယနေ့ နံနက် ၂ နာရီခန့်က မြေပြိုမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံသားများ နေထိုင်သည့်အိမ်အပေါ် ပြိုကျလာခြင်းဖြစ်သည်။ မြေပြိုမှုဖြစ်ပွားနေကြောင်း ယနေ့ နံနက် ၂ နာရီ ၁၀ မိနစ်ခန့်က ကယ်ဆယ်ရေးအဖွဲ့များ သတင်းရရှိခဲ့ပြီးနောက် ရှာဖွေကယ်ဆယ်မှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း သတင်းတွင်ဖော်ပြထားသည်။ သေဆုံးသူသည် အသက် ၃၆ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးဖြစ်ပြီး ကျန်သော အမျိုးသား ၃ ဦးနှင့် အမျိုးသမီး […]

မလေးရှား အော်ပရာစီဖမ်းဆီးမှုတွင် မြန်မာ ၆၄ ဦးကျော် ဖမ်းဆီးခံရပြီး တစ်ဦး ဒဏ်ရာရ

Dawei Watch

January 25, 2024

မလေးရှားနိုင်ငံ နဂရီဆမ်ဘီလန်ပြည်နယ်တွင် အထောက်အထားမဲ့ တရားမဝင် နိုင်ငံခြားသားများကို ဖမ်းဆီးရေးစီမံချက်ဖြစ်သော အော်ပရာစီဖမ်းဆီးမှုအတွင်း မြန်မာနိုင်ငံသား ၆၄ ဦးကျော်အပါအဝင် နိုင်ငံခြားသား ၁၁၀ ကျော်ကို ဖမ်းဆီးရမိခဲ့ကြောင်း မလေးရှား လူဝင်မှုကြီးကြပ်ရေးက ထုတ်ပြန်လိုက်သည်။ ပတ်ဝန်းကျင်က တိုင်ကြားမှုကြောင့် ဆရင်ဘန်း ၂ တွင် ဇန်နဝါရီလ ၂၄ ရက်နေ့က စစ်ဆေးမှုပြုလုပ်ခဲ့ခြင်းဖြစ်သည်။ စစ်ဆေးခံရသူများတွင် မြန်မာအမျိုးသား ၇၉ ဦး၊ အမျိုးသမီး ၂၆ ဦးနှင့် ကလေး ၄ ဦး စုစုပေါင်း ၁၀၉ ဦး ပါဝင်ခဲ့သည်။ စစ်ဆေးမှုအတွင်း အသက် ၃၅ နှစ်အရွယ် မြန်မာအလုပ်သမားတစ်ဦးသည် ၂ ထပ်အမြင့်မှ ခုန်ချပြီး ထွက်ပြေးရန် ကြိုးစားသဖြင့် ခေါင်းတွင် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။ မြန်မာအလုပ်သမားများနှင့်အတူ […]