ဘန်ကောက်တွင် MoU မြန်မာလုပ်သားများ အလုပ်ပုံမှန် မလုပ်ရသဖြင့် အခက်အခဲဖြစ်
Dawei Watch
December 26, 2023ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဘန်ဘော်ဒေသတွင် နှစ်နိုင်ငံသဘောတူစာချုပ် MoU စနစ်ဖြင့် တရားဝင် လာရောက်လုပ်ကိုင်သော မြန်မာအလုပ်သမားများသည် အလုပ်ပုံမှန်မဆင်းရသဖြင့် အခက်အခဲကြုံတွေ့နေရကြောင်း အလုပ်သမားများနှင့် အလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့ (WAG) အဖွဲ့ထံမှ သိရသည်။ မြန်မာအလုပ်သမား ၁၇ ဦးကို Popular Land Services မြန်မာအေဂျင်စီက ထိုင်းနိုင်ငံ စမွတ်ပရကန်ခရိုင်ရှိ RUNGKRISNA LOETYOTA ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် အလုပ်လုပ်ကိုင်ရန် ၂နှစ်စာချုပ်ဖြင့် ယခုနှစ် အောက်တိုဘာ ၁၀ ရက်နေ့တွင် စေလွှတ်ခဲ့ကြောင်း အလုပ်သမားများထံမှ သိရသည်။ ထိုင်းနိုင်ငံသို့ ရောက်ရှိချိန်တွင် စာချုပ်ပါလုပ်ငန်းခွင်သို့မဟုတ်ဘဲ ဥထိုင်းဌာနီခရိုင်သို့ ပို့ဆောင်ခြင်းခံရပြီး ၁၄ ရက်ကြာသည် အထိ အလုပ်မဆင်းရကြောင်း အလုပ်သမားများက ပြောသည်။ ထို့နောက် အောက်တိုဘာလ ၂၄ရက်တွင်သာ ဘန်ကောက်မြို့ ဘန်ဘော်ဒေသရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ အလုပ် […]


