ကြက်သားနှင့် အာလူးဈေးကျပြီး ငါးအချို့စျေးတက်သည့် ထားဝယ်ဈေးကွက်
Dawei Watch
May 3, 2026ထားဝယ်ဈေးကွက်တွင် ယခုသီတင်းပတ်အတွင်း ကြက်သားနှင့် အာလူး ဈေးကျနေသည်။ ပြီးခဲ့သည့်သီတင်းပတ် ဧပြီလ ၂၆ ရက်က ထားဝယ်ဈေးကွက်တွင် ကြက်သားတစ်ပိဿာ ၂၅,၀၀၀ကျပ်နှင့် အာလူး တစ်ပိဿာ ၆,၀၀၀ ကျပ် စျေးရှိသည်။ မေလ ၂ရက်တွင်မူ ကြက်သားတစ်ပိဿာ ၂၃,၀၀၀ကျပ်နှင့် အာလူးတစ်ပိဿာ ၅,၅၀၀ကျပ် ဖြစ်လာသည်။ ထို့ကြောင့် တစ်ပတ်အတွင်း ကြက်သားတစ်ပိဿာလျှင် ၂,၀၀၀ကျပ်၊ အာလူးတစ်ပိဿာလျှင် ၅၀၀ကျပ် ဈေးကျသွားခြင်းဖြစ်သည်။ ဆန်နှင့် ကြက်သွန်ဈေးနှုန်းများမှာ ဇယားပါဈေးနှုန်းများအတိုင်း ယခုသီတင်းပတ်အတွင်း ဈေးငြိမ်နေသည်။ ရေထွက်ကုန်ပစ္စည်းအချို့မှာ ယခုသီတင်းပတ်အတွင်း ဇယားပါဈေးနှုန်းများအတိုင်း အသီးသီးဈေးကျဆင်းလျက်ရှိသည်ကို တွေ့ရမည်ဖြစ်သည်။ သို့သော် ငါးမဲလုံးငါးနှင့် ဖိုးထွန်းမဲငါးတို့မှာမူ ယခုသီတင်းပတ်အတွင်း ဈေးမြင့်တက်နေသည်။ ဧပြီ ၂၆ ရက်က ငါးမဲလုံးတစ်ပိဿာ ၁၇,၀၀၀ ကျပ်နှင့် ဖိုးထောမဲငါးတစ်ပိဿာ ၂၃,၀၀၀ ကျပ်တို့မှ […]


