ဆန်ဈေးငြိမ်ပြီး ကြက်သွန်ဖြူဈေးကျသည့် ထားဝယ်ဈေးကွက်
Dawei Watch
May 30, 2026ထားဝယ်ဈေးကွက်တွင် ယခုသီတင်းပတ်အတွင်း ဆန်ဈေးငြိမ်ပြီး ကြက်သွန်ဖြူဈေးကျနေသည်။ ထားဝယ်ဒေသထွက်ဆန်နှင့် တိုင်းပြင်ပမှ တင်သွင်းသည့် ရန်ကုန်ဆန်တို့မှာ ဇယားပါဈေးနှုန်းများအတိုင်း မေလ ၂၄ ရက်နေ့ကစပြီး ဈေးငြိမ်နေခြင်းဖြစ်သည်။ ကြက်သွန်ဖြူမှာ ဈေးကျသွားပြီး ထားဝယ်ဈေးကွက်တွင် ပြီးခဲ့သည့် သီတင်းပတ်ဖြစ်သည့် မေလ ၂၄ ရက်နေ့က ကြက်သွန်ဖြူ (ရိုးရိုး) တစ်ပိဿာလျှင် ၁၃,၀၀၀ ကျပ် ရှိရာမှ ယခုသီတင်းပတ်ဖြစ်သည့် မေလ ၃၀ ရက်နေ့တွင် တစ်ပိဿာလျှင် ၁၂,၀၀၀ ကျပ်သို့လည်းကောင်း၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာလျှင် ၁၅,၀၀၀ ကျပ် ရှိရာမှ ၁၄,၀၀၀ ကျပ်သို့လည်းကောင်း ဈေးကျသွားသည်ကို တွေ့ရသည်။ ထို့ကြောင့် တစ်ပတ်အတွင်း ကြက်သွန်ဖြူ တစ်ပိဿာလျှင် ကျပ် ၁,၀၀၀ စီ ဈေးပြန်ကျလာခြင်းဖြစ်သည်။ အခြားစားဖိုဆောင်သုံး ပစ္စည်းများဖြစ်သည့် ကြက်သွန်နီမှာ […]


