ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဆန်ဈေးငြိမ်ပြီး ကြက်သွန်ဖြူဈေးကျသည့် ထားဝယ်ဈေးကွက်

May 30, 2026

ထားဝယ်ဈေးကွက်တွင် ယခုသီတင်းပတ်အတွင်း ဆန်ဈေးငြိမ်ပြီး ကြက်သွန်ဖြူဈေးကျနေသည်။

ထားဝယ်ဒေသထွက်ဆန်နှင့် တိုင်းပြင်ပမှ တင်သွင်းသည့် ရန်ကုန်ဆန်တို့မှာ ဇယားပါဈေးနှုန်းများအတိုင်း မေလ ၂၄ ရက်နေ့ကစပြီး ဈေးငြိမ်နေခြင်းဖြစ်သည်။

ကြက်သွန်ဖြူမှာ ဈေးကျသွားပြီး ထားဝယ်ဈေးကွက်တွင် ပြီးခဲ့သည့် သီတင်းပတ်ဖြစ်သည့် မေလ ၂၄ ရက်နေ့က ကြက်သွန်ဖြူ (ရိုးရိုး) တစ်ပိဿာလျှင် ၁၃,၀၀၀ ကျပ် ရှိရာမှ ယခုသီတင်းပတ်ဖြစ်သည့် မေလ ၃၀ ရက်နေ့တွင် တစ်ပိဿာလျှင် ၁၂,၀၀၀ ကျပ်သို့လည်းကောင်း၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာလျှင် ၁၅,၀၀၀ ကျပ် ရှိရာမှ ၁၄,၀၀၀ ကျပ်သို့လည်းကောင်း ဈေးကျသွားသည်ကို တွေ့ရသည်။ ထို့ကြောင့် တစ်ပတ်အတွင်း ကြက်သွန်ဖြူ တစ်ပိဿာလျှင် ကျပ် ၁,၀၀၀ စီ ဈေးပြန်ကျလာခြင်းဖြစ်သည်။

အခြားစားဖိုဆောင်သုံး ပစ္စည်းများဖြစ်သည့် ကြက်သွန်နီမှာ တစ်ပိဿာလျှင် ၃,၅၀၀ ကျပ်၊ အာလူးမှာ တစ်ပိဿာလျှင် ၅,၀၀၀ ကျပ်ဖြင့် ဈေးငြိမ်နေသည်။

တိုင်းပြင်ပမှ တင်သွင်းသည့် ချန်ပီယံအမှတ်တံဆိပ် ပေါ်ဆန်းဆန်နှစ်မျိုးမှာမူ ယခုသီတင်းပတ်အတွင်း ထားဝယ်ဈေးကွက်၌ ဈေးကျနေသည်။ ပြီးခဲ့သည့် သီတင်းပတ်ဖြစ်သည့် မေလ ၂၄ ရက်နေ့က ထားဝယ်ဈေးကွက်တွင် ချန်ပီယံ ဖျာပုံပေါ်ဆန်းဆန် တစ်အိတ်လျှင် ၁၈၂,၀၀၀ ကျပ် ရှိရာမှ ယခုသီတင်းပတ်ဖြစ်သည့် မေလ ၃၀ ရက်နေ့တွင် ၁၇၄,၀၀၀ ကျပ်သို့လည်းကောင်း၊ မိုးပျံ မြောင်းမြပေါ်ဆန်းဆန်မှာ တစ်အိတ်လျှင် ၁၉၀,၅၀၀ ကျပ် ရှိရာမှ ၁၈၈,၅၀၀ ကျပ်သို့လည်းကောင်း ဈေးကျသွားခဲ့သည်။ ထို့ကြောင့် တစ်ပတ်အတွင်း ချန်ပီယံ ဖျာပုံပေါ်ဆန်းဆန် တစ်အိတ်လျှင် ၈,၀၀၀ ကျပ်နှင့် မိုးပျံ မြောင်းမြပေါ်ဆန်းဆန်မှာ တစ်အိတ်လျှင် ၂,၀၀၀ ကျပ် စီ ဈေးကျသွားခြင်းဖြစ်သည်။

ထားဝယ်ဈေးကွက်၌ ပြည်တွင်းထုတ် စားသုံးဆီဈေးနှုန်းများမှာ ဆက်တိုက်ဈေးငြိမ်နေပြီး စားအုန်းဆီဈေးမှာ အနည်းငယ် မြင့်တက်လျက်ရှိသည်။ ပြီးခဲ့သည့် သီတင်းပတ်က ထားဝယ်ဈေးကွက်တွင် စားအုန်းဆီ တစ်ပိဿာလျှင် ၈,၆၄၀ ကျပ် ရှိရာမှ မေလ ၃၀ ရက်နေ့တွင် တစ်ပိဿာလျှင် ၈,၇၆၅ ကျပ် ဖြစ်လာသဖြင့် တစ်ပတ်အတွင်း စားအုန်းဆီ တစ်ပိဿာလျှင် ၁၂၅ ကျပ် ဈေးမြင့်တက်လာခြင်းဖြစ်သည်။