ရွှေအပ်ငရုတ်သီးအခြောက် ဈေးကျပြီး ရေထွက်ကုန်စျေးတက်သည့် ထားဝယ်ဈေးကွက်
Dawei Watch
September 5, 2026ထားဝယ်ဈေးကွက်တွင် ယခုသီတင်းပတ်အတွင်း ရွှေအပ်ငရုတ်သီးအခြောက် ဈေးကျနေသည်ကို တွေ့ရသည်။ ပြီးခဲ့သည့် သီတင်းပတ် ဩဂုတ်လ ၃၀ရက်တွင် ထားဝယ်ဈေးကွက်၌ ရွှေအပ်ငရုတ်သီးအခြောက် တစ်ပိဿာ ၂၃,၀၀၀ ကျပ် စျေးရှိရာမှ စက်တင်ဘာလ ၅ ရက်တွင် တစ်ပိဿာ ၂၀,၀၀၀ ကျပ်သို့ ဈေးကျသွားခြင်းဖြစ်သည်။ ထို့ကြောင့် တစ်ပတ်အတွင်း ရွှေအပ်ငရုတ်သီးအခြောက် တစ်ပိဿာလျှင် ၃,၀၀၀ ကျပ် ဈေးကျသွားသည်ကို တွေ့ရသည်။ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် အခြားစားဖိုဆောင်သီးနှံများမှာ ဈေးငြိမ်နေသည်။ ထားဝယ်ဒေသထွက် ဆန်နှင့် ရေထွက်ကုန်ပစ္စည်း ဈေးနှုန်းများမှာ ဇယားပါဈေးနှုန်းများအတိုင်း ဈေးမြင့်တက်နေသည်ကို တွေ့ရှိရမည်ဖြစ်သည်။ ယခုသီတင်းပတ်အတွင်း ထားဝယ်ရေထွက်ကုန် ဈေးကွက်၌ ငါးနှင့် ပုစွန် ဈေးနှုန်းများမှာလည်း ဈေးမြင့်တက်လျက်ရှိသည်။


