အခေါက်ရွှေဈေး ထပ်တက်ပြီး ထိုင်းဘတ် ငြိမ် (ဩဂုတ် ၂၇)
Dawei Watch
August 27, 2026ယနေ့ ဈေးကွက်ပေါက်ဈေးအရ အခေါက်ရွှေဈေးထပ်တက်လာပြီး ထိုင်းဘတ်ဈေးက ငြိမ်နသည်။ အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ်တစ်သောင်း တက်သွားသည်။ ရန်ကုန်ဈေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ၁၀၄၄၀၀၀၀ ကျပ် ဈေးဖွင့်ထားသည်။ ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေဈေးမဖွင့်တော့သည်မှာ ရက် ၈၀၉ မြောက်ရှိလာပြီဖြစ်သည်။ စစ်ကော်မရှင် သတ်မှတ်ဈေးအတိုင်း မရောင်းပါက ဖမ်းဆီးပြီး ပိုင်ဆိုင်မှုကိုပါ သိမ်းဆည်းမည်ဟု ခြိမ်းခြောက်ထားသည့်အတွက် ၂၀၂၄ ခုနှစ် ဇွန်လ ၅ ရက်နေ့မှစကာ အခေါက်ရွှေဈေး မဖွင့်တော့ပေ။ ထိုကြောင့် ထားဝယ်ဈေးကွက်တွင် အခေါက်ရွှေဈေးမဖွင့်တော့ဘဲ ရန်ကုန်ဈေးကွက်ကို အခြေခံကာ ကြိုက်ရောင်းကြိုက်ဝယ် ဖြစ်နေသည်။ ထိုင်းဘတ်ငွေလဲနှုန်းက ငြိမ်နေပြီး မြန်မာငွေတစ်သိန်းလျှင် ၇၇၅ ဘတ် ဈေးဖွင့်ထားသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် အမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။


