ဒေသဆန်ဈေးငြိမ်ပြီး ရန်ကုန်ဆန်ဈေးကျသည့် တစ်ပတ်အတွင်း ထားဝယ်စျေးကွက်
Dawei Watch
May 23, 2026ထားဝယ်ဈေးကွက်တွင် ယခုသီတင်းပတ်အတွင်း တိုင်းပြင်ပမှ တင်သွင်းသည့် ရန်ကုန်ဆန်အချို့ ဈေးကျပြီး ထားဝယ်ဒေသထွက်ဆန်များ ဈေးငြိမ်နေသည်။ ထားဝယ်ဈေးကွက်တွင် ပြီးခဲ့သည့် သီတင်းပတ်ဖြစ်သည့် မေလ ၁၇ ရက်နေ့က ရန်ကုန်ဆန်ဟု ခေါ်သော တိုင်းပြင်ပမှ တင်သွင်းသည့် ဆန်အမျိုးအစားအချို့ဖြစ်သည့် အကယ်ဒမီ ရက် ၉၀ အမျိုးအစား ဆန်တစ်အိတ်လျှင် ၁၃၈,၀၀၀ ကျပ်မှ ယခုသီတင်းပတ်ဖြစ်သည့် မေလ ၂၃ ရက်နေ့တွင် ၁၃၇,၀၀၀ ကျပ်၊ ချန်ပီယံ မြောင်းမြပေါ်ဆန်းဆန် တစ်အိတ်လျှင် ၁၉၀,၅၀၀ ကျပ်မှ ၁၈၈,၅၀၀ ကျပ်၊ သုခအမျိုးအစား ဆန်တစ်အိတ်လျှင် ၁၀၈,၅၀၀ ကျပ်မှ ၁၀၆,၅၀၀ ကျပ်သို့ အသီးသီး ဈေးကျသွားသည်ကို တွေ့ရှိရသည်။ ထို့ကြောင့် တစ်ပတ်အတွင်း အကယ်ဒမီ ရက်ကိုးဆယ် အမျိုးအစား ဆန်တစ်အိတ်လျှင် ၁,၀၀၀ […]


