ထားဝယ်ဈေးကွက်တွင် ယခုသီတင်းပတ်အတွင်း ကြက်သွန်နီ ဈေးတက်ပြီး အာလူးမှာ ဈေးနှုန်းကျဆင်းလျက်ရှိသည်။
ပြီးခဲ့သည့် သီတင်းပတ် ဇွန်လ ၇ရက်က ထားဝယ်ဈေးကွက်တွင် ကြက်သွန်နီတစ်ပိဿာ ၃,၅၀၀ကျပ်သာ ရှိရာမှ ဇွန်လ ၁၃ ရက်တွင် ၄,၀၀၀ ကျပ်ဖြစ်လာသည်။
တစ်ပတ်အတွင်း ကြက်သွန်နီ တစ်ပိဿာလျှင် ၅၀၀ကျပ် ဈေးတက်သွားခြင်းဖြစ်သည်။
အာလူးမှာမူ ဇွန်လ ၇ ရက်က တစ်ပိဿာ ၅,၀၀၀ ကျပ်စျေးရှိရာမှ ဇွန်လ ၁၃ ရက်တွင် ၄,၅၀၀ကျပ်သို့ ဈေးကျသွားသည်။ တစ်ပတ်အတွင်း အာလူးတစ်ပိဿာလျှင် ၅၀၀ ကျပ် ဈေးကျသွားခြင်းဖြစ်သည်။
ရွှေအပ်ငရုတ်သီးအခြောက်လည်း ယခုသီတင်းပတ်အတွင်း တစ်ပိဿာလျှင် ၁,၀၀၀ကျပ် ဈေးထပ်မံ ကျဆင်းသွားသည်။
မေလနှောင်းပိုင်းက ရွှေအပ်ငရုတ်သီးအခြောက် တစ်ပိဿာ ၂၀,၀၀၀ ကျပ်မှ ဇွန်လ ပထမပတ်တွင် တစ်ပိဿာ ၁၉,၀၀၀ကျပ်နှင့် ယခုဇွန်လ ဒုတိယပတ်တွင်မူ တစ်ပိဿာ ၁၈,၀၀၀ကျပ်သို့ ဈေးထပ်ကျသွားခြင်းဖြစ်သည်။
ဆန် အပါအဝင် ဆီနှင့် အခြားသို့ စားဖိုဆောင်သီးနှံအချို့မှာ ဇယားပါဈေးနှုန်းများအတိုင်း ဈေးငြိမ်နေသည်။









