အင်္ဂလန်နဲ့ ဆီနီဂေါ၊ နယ်သာလန်နဲ့ အမေရိကန်တို့ ထိပ်တိုက်ဆုံပြီ
diz_admin
November 30, 2022အုပ်စု(A)နဲ့ အုပ်စု(B)ရဲ့အုပ်စုနောက်ဆုံးပွဲစဉ်တွေ ယှဉ်ပြိုင်ကစားပြီးသွားခဲ့ပါပြီ။ ဒီအုပ်စု နှစ်ခုရဲ့အုပ်စုနောက်ဆုံးပွဲစဉ်တွေမှာ အုပ်စုဒုတိယနေရာ အဆုံးအဖြတ်ပွဲစဉ်တွေက ထင်မှတ်မထားတဲ့အဖြေတွေ ထွက်ပေါ်သွားခဲ့ပါတယ်။ အုပ်စု(A)မှာ အုပ်စုဒုတိယပွဲစဉ်တုန်းက နယ်သာလန်ကို သရေခံကန်ပြီး နောက်တစ်ဆင့်တက်ဖို့အတွက် အခြေအနေကောင်းကို ဖန်တီးထားနိုင်ခဲ့တဲ့ အီကွေဒေါဟာ သရေတစ်မှတ်ရရင် ၁၆ သင်းရှုံးထွက်ကို တက်နိုင်ဖို့ ရှိခဲ့ပေမယ့် ဆီနီဂေါကို အရေးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်သွားခဲ့ရပါတယ်။ ဆီနီဂေါဟာ အုပ်စုအဖွင့်ပွဲစဉ်တုန်းက နယ်သာလန်ကို အရေးနိမ့်ခဲ့ပေမယ့် အုပ်စုဒုတိယပွဲစဉ်နဲ့ အုပ်စုနောက်ဆုံးပွဲစဉ်တွေမှာ အိမ်ရှင်ကာတာနဲ့ အီကွေဒေါကို အနိုင်ကစားပြီး နောက်တစ်ဆင့်ကို ထိုက်ထိုက်တန်တန်နဲ့ တက်ရောက်လာခဲ့တာဖြစ်ပါတယ်။ အုပ်စု(B)ရဲ့အုပ်စုဒုတိယနေရာ အဆုံးအဖြတ်ပွဲစဉ်သဘောဖြစ်ခဲ့တဲ့ အီရန်နဲ့ အမေရိကန်တို့ရဲ့ပွဲစဉ်မှာလည်း အမေရိကန်က အီရန်ကို အနိုင်ယူပြီး ၁၆ သင်းရှုံးထွက်အဆင့်တက်ရောက်ခွင့်ကို ရယူသွားခဲ့ပါတယ်။ အီရန်ဟာ သရေတစ်မှတ် ရရှိရုံနဲ့ နောက်တစ်ဆင့်ကို တက်ရောက်နိုင်မှာဖြစ်ပေမယ့် အဲ့ဒီအခွင့်အရေးကို အမိအရ […]


