နည်းပညာတက္ကသိုလ်အသင်းက ယမန်နှစ်ချန်ပီယံ ထားဝယ်တက္ကသိုလ် အသင်းကို အနိုင်ယူဗိုလ်စွဲ
diz_admin
February 26, 2020ထားဝယ်ခရိုင် တက္ကသိုလ်၊ ကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲတွင် ယမန်နှစ်က ထားဝယ်ခရိုင်နှင့် တနင်္သာရီတိုင်း တက္ကသိုလ်၊ ကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ နှစ်ခုတို့၏ ချန်ပီယံဖြစ်သော ထားဝယ်တက္ကသိုလ်အသင်းကို ထားဝယ် နည်းပညာ တက္ကသိုလ်အသင်းက အနိုင်ယူကာ ဗိုလ်စွဲသွားခဲ့သည်။ ပွဲကစားချိန် မိနစ်ကိုးဆယ်အတွင်း နှစ်ဂိုးစီသရေ ရလဒ်ထွက်ပေါ်နေသဖြင့် ပင်နယ်တီ အဆုံးအဖြတ်ခံယူခဲ့ရာ ထားဝယ် နည်းပညာ တက္ကသိုလ်အသင်းက အနိုင်ရရှိသွားခြင်း ဖြစ်သည်။ ထားဝယ်နည်းပညာ တက္ကသိုလ် အသင်းက ပထမပိုင်း ပွဲကစားချိန် ကတည်းက နှစ်ဂိုးအသာဖြင့် ဦးဆောင် နေခဲ့ရာမှ ဒုတိယပိုင်း ပွဲကစားချိန်တွင် ချေပဂိုးနှစ်လုံး အသွင်းခံလိုက်ရသဖြင့် ပင်နယ်တီအဆုံးအဖြတ်ခံယူရာမှ အနိုင် ရရှိသွားခြင်း ဖြစ်သည်။ ယင်းပြိုင်ပွဲ ဗိုလ်လုပွဲကို ဖေဖော်ဝါရီ လ ၂၂ ရက်က ထားဝယ်မြို့ တိုင်းအား ကစားကွင်းတွင် […]


