ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မြိတ်တွင် တိုင်းရင်းသားအခွင့်အရေးဆိုင်ရာဖိုရမ် စစ်ကောင်စီ ကျင်းပ

diz_admin

March 23, 2023

ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ မြိတ်မြို့တွင် စစ်ကောင်စီက တိုင်းရင်းသားအခွင့်အရေးဆိုင်ရာဖိုရမ်ပြုလုပ်နေကြောင်း မြို့ခံများနှင့် တက်ရောက်သူများထံမှ သိရှိရသည်။ တနင်္သာရီတိုင်းအတွင်း မြို့နယ်အချို့တွင် စစ်ရေးပြင်းထန်နေသလို စစ်ကြောင်းထိုးမှုကြောင့် ဒေသခံအရပ်သားပြည်သူများ ထွက်ပြေးနေကြရချိန် မြိတ်မြို့တွင် ဖိုရမ်ကျင်းပလာခြင်းဖြစ်သည်။ မတ်လ ၂၃ ရက်နံနက်မှစတင်ကာ မြိတ်မြို့ရှိ ငါးလုပ်ငန်းအဖွဲ့ချုပ်ရုံးတွင် ကျင်းပပြုလုပ်နေပြီး မတ်လ ၂၅ရက်အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ တိုင်းရင်းသားလူမျိုးများ၏ ရပိုင်ခွင့်နှင့်ပတ်သက်ပြီး ပိုမိုသိရှိနားလည်နိုင်ရန် တနင်္သာရီတိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီးက ကြီးမှူးကာ တိုင်းအစိုးရ ရန်ပုံငွေဖြင့် ကျင်းပခြင်းဖြစ်သည်ဟု စစ်ကောင်စီ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနထံမှ သိရသည်။ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုဝန်ကြီး၊ စစ်ကောင်စီအကြံပေးများဖြစ်သည့် ဒေါက်တာရင်ရင်နွယ်နှင့် ဒေါက်တာအင်ဒရူး ငွန်ကျုံးလျန်၊ တိုင်းနှင့် ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးများတက်ရောက် ဆွေးနွေးသည်ဟုလည်း ဆိုသည်။ မြိတ်၊ တနင်္သာရီနှင့် ကျွန်းစုမြို့နယ်တို့က လူမှုရေး၊ […]

စစ်သင်္ဘောရှိနေသဖြင့် ကျောက်နီမော်ရွာအနီးက ငါးဖမ်းလှေအချို့ ကမ်းမကပ်ရဲဟုဆို

diz_admin

March 23, 2023

လောင်းလုံးမြို့နယ် ကျောက်နီမော်ရွာ၊ ကြက်လွှတ်ရွာနှင့် ရှင်မော်စေတီအနီးတွင် စစ်သင်္ဘောတစ်စီး ရှိနေသဖြင့် ကမ်းမကပ်ရဲသည့် ငါးဖမ်းလှေအချို့ရှိနေကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါစစ်သင်္ဘောသည် မတ်လ ၂၁ ရက်က အောက်ကျောက်ဝပ်ကျေးရွာသို့ ဝင်ရောက်ဆိုက်ကပ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။ ထိုနေ့တွင်ပင် အောက်ကျောက်ဝပ်နှင့် ညောပြင်ရွာရှိ နေအိမ်တစ်ရာကျော်ကို စစ်သင်္ဘောပါ စစ်ကောင်စီတပ်ဖွဲ့ဝင် တို့က မီးရှို့ခဲ့ပြီး ဒေသခံတစ်ဦးကိုလည်း ပစ်ခတ်သဖြင့် သေဆုံးသွားခဲ့သည်။ ယင်းနောက် ယနေ့အချိန်အထိ အနီးအနားရှိ ရေပြင်တွင်လှည့်ပတ်သွားလာနေကြောင်း ဒေသခံအချို့က ပြောသည်။ “ကမ်းမကပ်ရဲတာက သူတို့ကို (စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့) ပိုက်ဆံမသွင်းထားတဲ့ လှေတွေ။ ပိုက်ဆံသွင်းထားပြီး လှေတွေကတော့ ကပ်လို့ရတယ်” ဟု ဒေသခံ ‌ငါးဖမ်းလှေပိုင်ရှင် မိသားစုဝင်တစ်ဦးကဆိုသည်။ ပျူစောထီးအားကောင်းသည့် ကျောက်နီမော်ကျေးရွာအနီးက ငါးဖမ်း‌လှေပိုင်ရှင်များထံမှ ပျူစောထီးအဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ကို ငွေကြေးတောင်းခံလေ့ရှိပြီး ငွေကြေးပေးမှာသာ ပင်လယ်သို့ […]

စော်ဖျားရွာတွင် ဈေးသည်အမျိုးသားတစ်ဦးကို ပြည်သူ့ကာကွယ်ရေး အဖွဲ့ကရှင်းလင်းခဲ့ဟုထုတ်ပြန်

diz_admin

March 23, 2023

သရက်ချောင်းမြို့နယ်၊ စော်ဖျားရွာဘက်ကို ဈေးရောင်းသွားနေသည့် စစ်ကောင်စီသတင်းပေးဆိုသူ အမျိုးသားတစ်ဦးကို ရှင်းလင်းလိုက်သည်ဟု သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က မတ်လ ၂၂ ရက်က ထုတ်ပြန်ထားသည်။ အသက် ၄၀ ကျော်ခန့်ရှိ ဦးမင်းဇော်(ခ) မင်းမင်းဆိုသူမှာ ထားဝယ်မြို့ပေါ်မှဖြစ်ပြီး သရက်ချောင်းမြို့နယ်၊ စော်ဖျားရွာနှင့် လောင်းမင်းဖ၊ ကထီးဝစသည့် ကျေးရွာများဘက်ကို ဆိုင်ကယ်ဖြင့် ငါးလိုက်ရောင်းနေသူဖြစ်သည်ဟု ဒေသခံအချို့က ပြောသည်။ ၎င်းမှာ ဈေးသည်အသွင်ယူကာ PDF အဖွဲ့များ၏ သတင်းအချက်အလက်များကို ထောက်လှမ်းနေသူဖြစ်ပြီး PDF အဖွဲ့များ၏ တည်နေရာ၊ အင်အား၊ အဖွဲ့ခေါင်းဆောင်များ၏ အမည်နှင့် သတင်းအချက်အလက်များ ပေးပို့ထားရှိမှုရှိသည်ဟု ပကဖ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ယင်းအပြင် စော်ဖျားရွာ စစ်ကောင်စီဂိတ်မှ စခန်းမှူး ဗိုလ်လေးကိုဖြိုးနှင့် ဆက်သွယ်ထားရှိမှုမှတ်တမ်း၊ အမှတ်(၄၀၄) ခြေမြန်တပ်ရင်းမှူး ဆိုင်ကယ်ထောက်ခံချက်လက်မှတ်နှင့် ၂၀၀၆ ခုနှစ်ကတည်းက စစ်ကောင်စီသတင်းပေး(Informer) အဖြစ်လုပ်ဆောင်ခဲ့သည်ဆိုသော အချက်အလက်များ စုံစမ်းရရှိသဖြင့် သုတ်သင်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ […]

ညောင်ခါးရှည်ဂိတ် စစ်ဆေးမှုများကြောင့် ကားများပိတ်မိနေပြီး လူနာတင်ယာဉ်များ အခက်တွေ့

diz_admin

March 23, 2023

မွန်ပြည်နယ်နှင့် ပဲခူးတိုင်းကြားရှိ ညောင်ခါးရှည်စစ်ဆေးရေးဂိတ်တွင် X-ray စစ်ဆေးခြင်းကို ယခုရက်ပိုင်းအတွင်း ထပ်မံပြုလုပ်လာနေသဖြင့် ကားတန်းရှည်ကြီးပိတ်မိနေကာ လူနာတင်ယာဉ်များ အခက်တွေ့နေရကြောင်း မြိတ်အခြေစိုက် နာရေးကူညီမှုအသင်းများမှ သိရသည်။ မြိတ်မှ အရေးပေါ်လူနာတို့အား ရန်ကုန်မြို့ရှိ ဆေးရုံသို့ တင်ပို့ရာတွင် ညောင်ခါးရှည်ဂိတ်တွင် ယာဉ်တန်းရှည်ကြီး ပိတ်မိနေသဖြင့် စောင့်ဆိုင်းနေရခြင်းဖြစ်ကြောင်း နာရေးကူညီမှုအသင်းအချို့က ပြောပြသည်။ “အခက်အခဲဖြစ်တာပေါ့ လူနာက အောက်ဆီဂျင်ရှုပြီး စောင့်နေရတာ အောက်ဆီဂျင်ဗူးတော့ လုံလောက်အောင် သယ်သွားရတာပေါ့” ဟု မြိတ်မှ ရန်ကုန်သို့ အရေးပေါ်လူနာတင်ပို့သည့် နာရေးကူညီမှုအသင်းတစ်ခုမှ အသင်းဝင်တစ်ဦးက ပြောသည်။ အဆိုပါ ညောင်ခါးရှည်ဂိတ်တွင် လေးနာရီအထိ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းပြီးမှ ခရီးဆက်ခဲ့ရခြင်းဖြစ်ကြောင်း အထက်ပါနာရေးကူညီမှု အသင်းဝင် ဆိုသည်။ “လူနာတင်ကားလည်း စောင့်ရတာပဲ၊ ကားတွေကလမ်းဖယ်ပေးလို့လည်းမရဘူး၊ လမ်းက ပိတ်နေတာကိုး၊ ကားတွေလည်း စည်းကမ်းမရှိဘူး နီးသလို ထိုးတက်နေကြတာ၊ လမ်းလုနေကြတာ” […]

စစ်ကောင်စီလက်နက်ကြီးကြောင့် ကျိုက်ထိုဒေသခံထောင်ချီ ထွက်ပြေးနေရ

diz_admin

March 23, 2023

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေမှုကြောင့် ကျေးရွာ ၈ ရွာကျော်မှ ဒေသခံထောင်ချီ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်ရှိ စစ်ကောင်စီအ‌မြှောက်တပ် ၃၁၀ နှင့် ကင်မွန်းစခန်း ရဲကုန်းတို့မှ မတ်လ ၂၁ ရက် ည ၉ နာရီမှ ၁၂ နာရီအထိ ကျိုက်ထီးရိုးတောင်ခြေ ကင်မွန်းစခန်းအရှေ့ဘက်ရှိ တကေးချောင်းဖျား၊ ငှက်ပျောတော၊ ဇီးကုန်း၊ ပိတောက်တော၊ ချမ်းမြေ့၊ ကရဝေးဆိပ် အစရှိသည့် ကျေးရွာများဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်ဟု ဒေသခံတို့က ပြောသည်။  ကျိုက်ထိုမြို့အခြေစိုက် စစ်ကောင်စီ တပ်မ ၄၄ ဌာနချုပ်ကို သထုံမြို့နယ် ပြည်သူ့ကာကွယ်ရေး တော်လှန်ရေးအင်အားစု TPDF နှင့် KNLA, PDF, KRF ပူးပေါင်းတပ်ဖွဲ့တို့က မတ်လ ၂၁ ရက် […]

သတိပေးချက် ‌စာတိုပို့သော်လည်း မှတ်ပုံမတင်သည့်ဖုန်းဆင်းကတ်များ ခေါ်ဆိုခွင့်ကန့်သတ်မည်ဟု ထုတ်ပြန်

diz_admin

March 23, 2023

မှတ်ပုံတင်ရန် သတိပေးချက်စာတိုပို့သော်လည်း အချက်အလက်အမှန်ဖြင့် မှတ်ပုံမတင်သည့် ဖုန်းဆင်းကတ်များကို ဖုန်းခေါ်ဆိုခွင့် ကန့်သတ်မည်ဖြစ်ကြောင်း ဆက်သွယ်ရေး အော်ပရေတာများက အသီးသီးက ထုတ်ပြန်သတိပေးထားသည်။ အက်တမ်( ယခင်တယ်လီနော) ဆင်းကတ်အတွက် ATOM_SimReg ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အူရီဒူး(Ooredoo) ဆင်းကတ်အတွက် OML_Alret ခေါင်းစဉ်ဖြင့်လည်းကောင်း၊ MPT ဆင်းကတ်များအတွက် MPTSimAlert ခေါင်းစဉ်ဖြင့်လည်းကောင် မိမိဖုန်းသို့ မက်ဆေ့ပို့ထားခြင်းရှိ/မရှိ အရင်စစ်ဆေးရမည်ဖြစ်သည်။ စာတိုမက်ဆေ့များ ပေးပို့ထားသည်ကို တွေ့ရှိပါက မိမိမှတ်ပုံတင်နံပါတ်ဖြင့် ဆင်းကတ်မှတ်ပုံတင်ရမည် ဖြစ်သည်။ မှတ်ပုံတင်ခြင်း မလုပ်ဆောင်ပါက ထိုဆင်းကတ်သည် ဖုန်းအဝင်အထွက်ခေါ်ဆိုခြင်း၊ မက်‌ဆေ့ပို့ခြင်းများ ပြုလုပ်နိုင်တော့မည် မဟုတ်ကြောင်း ဆက်သွယ်ရေးကုမ္ပဏီများက သတိပေးထားသည်။ အချို့သူများ၏ ဖုန်းဆင်းကတ်များထံသို့ အထက်ဖော်ပြပါခေါင်းစဉ်များဖြင့် မက်ဆေ့များ ဝင်ရောက်နေကြောင်းလည်း စုံစမ်းသိရှိရသည်။ “မှတ်ပုံမတင်ရင် ဖျက်ခံရမယ်လို့‌ပြောတယ်။ ကျွန်မက မလုပ်တတ်တော့ ဘယ်လိုလုပ်ရမလဲမသိသေးဘူး။ ဆိုင်ကိုသွားလုပ်ခိုင်းမှရမယ်ထင်တယ်” ဟု ထားဝယ်ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။ စစ်ရေးတင်းမာနေသည့်အချိန် ဆင်းကတ်ဖျက်သိမ်းခံရပြီး ဖုန်းအဝင်အထွက်ခေါ်ဆိုမရဘဲ မိတ်ဆွေ၊ ဆွေးမျိုးများနှင့်  အဆက်အသွယ်ပြတ်သွားမည်ကို စိုးရိမ်ကြောင်းလည်း ၎င်းအမျိုးသမီးကဆိုသည်။ […]

ထားဝယ်ခရိုင် သပိတ်ကော်မတီဝင်များနေအိမ် စစ်တပ်ဝင်ရောက်ရှာဖွေ၊ ပစ္စည်းများယူဆောင်ခံရ

diz_admin

March 23, 2023

ထားဝယ်ခရိုင် သပိတ်ကော်မတီဝင်များနေထိုင်သည့် နေအိမ်ကို စစ်ကောင်စီ စစ်တပ်က ဝင်ရောက်ရှာဖွေခဲ့ပြီး ပစ္စည်းများ မီးရှို့ဖျက်ဆီးခြင်း၊ သိမ်းယူသွားခြင်းများ လုပ်ဆောင်ခဲ့သည်ဟု ဒေသခံအချို့နှင့် ထားဝယ်ခရိုင်သပိတ်ကော်မတီထံက သိရသည်။ မတ်လ ၁၇ ရက်နေ့က ထားဝယ်ခရိုင် သပိတ်ကော်မတီဝင်များ နေထိုင်သည့် နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့က ဝင်ရောက်ရှာဖွေခဲ့ပြီး သပိတ်စစ်ကြောင်းတွင် အသုံးပြုသည့် ဘန်နာများ၊ အလံများ၊ ပရင်တာတစ်လုံး၊ လက်တောပ့် ၂ လုံး၊ မိတ္တူကူးစက်ငယ်တစ်လုံးနှင့် ဆိုင်ကယ်တစ်စီး သိမ်းဆည်းခံခဲ့ရသည်ဟု ထားဝယ်ခရိုင်ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ စည်းရုံးလှုံ့ဆော်ရေးဆပ်ကော်မတီ တာဝန်ခံ ကိုမင်းလွင်ဦးက ပြောသည်။ “ကျွန်တော်တို့ရဲဘော်တွေနေတဲ့ အိမ်ပဲ၊ ကျွန်တော်တို့မှာက ပွင့်ပွင့်လင်းလင်းပြောရရင် ဘာလက်နက်မှလည်း မရှိဘူးလေ၊ လက်နက်ကိုင်တပ်ဖွဲ့လည်း မဟုတ်ဘူးဆိုတော့ အဲ့ဒါကြောင့်ပဲ အိမ်ကိုမီးမရှို့ဘဲနဲ့ ထားခဲ့တယ်လို့ထင်တယ်။ ကျွန်တော်တို့ သပိတ်မှာသုံးနေတဲ့ ဘန်နာတွေဘာတွေကတော့ အကုန်လုံးမီးရှို့ပစ်ခဲ့တယ်။ သုံးရတာတွေကတော့ […]

စစ်ကောင်စီက လုံခြုံရေးတင်းကျပ်ထားသည့် လောင်းလုံးတွင် လူထုသပိတ်လှုပ်ရှားမှုပြုလုပ်

diz_admin

March 23, 2023

စစ်ကောင်စီက စစ်ကြောင်းထိုးမှုများ လုပ်ဆောင်နေပြီး လုံခြုံရေးတင်းကျပ်ထားသည့် လောင်းလုံးတွင် ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီက စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ယနေ့နေ့လယ်ပိုင်းက ပြုလုပ်ခဲ့သည်။ ယခုလအတွင်း စစ်ကောင်စီတပ်များက လောင်းလုံးမြို့နယ်သို့ စစ်ကြောင်းထိုးဝင်ရောက်ပြီး အရပ်သားပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ နေအိမ်များမီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်နေရာတွင် ယခုလဆန်းမှ ယနေ့အထိ နေအိမ် ၁၅၀ ခန့်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ယင်းသပိတ်ကော်မတီက ထုတ်ပြန်ထားသည်။