ရေဖြူရဲစခန်းနှင့် နတလရုံးကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တိုက်ခိုက်
diz_admin
March 25, 2023ထားဝယ်ခရိုင် ရေဖြူမြို့နယ် မြို့မရဲစခန်းနှင့် နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးရုံး (နတလ) ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က ညသန်းခေါင်အချိန်တွင် လာရောက်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ မတ်လ ၂၄ ရက် ညသန်းခေါင်အချိန်တွင် လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်သံများဆူဆူညံညံကြားရကြောင်း မြို့ခံတစ်ဦးကဆိုသည်။ “ပစ်သံတွေကတော့ဆူညံနေတာပဲ။ အခုပဲထပြေးရတော့မလိုကိုဖြစ်တယ်” ဟု မြို့ခံတစ်ဦးက ပြောသည်။ မြို့မရဲစခန်းအား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး နတလရုံးကိုမူ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း အခြားဒေသခံတစ်ဦးက ပြောဆိုသည်။ ပြည်သူ့ကာကွယ်ရေးအဖွဲ့က လာရောက်တိုက်ခိုက်ချိန် နတလရုံးထဲတွင် ဝန်ထမ်းအချို့ရှိသော်လည်း ထိခိုက်မှုမရှိကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “ဝန်ထမ်းတွေကို အပြင်ခေါ်ထုတ်ပြီးမှ ရုံးကို မီးရှို့လိုက်တာလို့ ပြောသံကြားရတယ်” ဟု ၎င်းဒေသခံက ပြောသည်။ ညသန်းခေါင်ကျော်အချိန် လာရောက်တိုက်ခိုက်ခြင်းဖြစ်ခြင်းကြောင့် ရဲစခန်း၏ထိခိုက်မှုအခြေအနေကိုမူ မသိရကြောင်း မြို့ခံတစ်ဦးက ပြောဆိုသည်။ ယနေ့ နံနက်ပိုင်းတွင်မူ […]


