စစ်အသုံးစရိတ် တစ်ဝက်ကျော်ထောက်ပံ့ပေးနေသော PTT ကုမ္ပဏီကို သပိတ်မှောက်ရန် တိုက်တွန်း
diz_admin
March 29, 2023စစ်ကောင်စီ၏ တစ်နှစ်စာ စစ်အသုံးစရိတ် တစ်ဝက်ကျော်ကို ထောက်ပံ့ပေးနေသော ထိုင်းအစိုးရပိုင် PTT ကုမ္ပဏီကို ဆက်လက်ဖိအားပေး ဆန့်ကျင်သွားမည်ဖြစ်ကြောင်း ယမန်နေ့ မတ်လ ၂၈ ရက် သတင်းစာရှင်းလင်းပွဲတွင် သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုအဖွဲ့က ပြောကြားလိုက်သည်။ စစ်ကောင်စီလက်အောက်ခံ မြန်မာရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE နှင့် လက်တွဲလုပ်ကိုင်နေသော ထိုင်းအစိုးရပိုင် PTT ကုမ္ပဏီနှင့် PTTEP ရေနံကုမ္ပဏီများကို မြန်မာပြည်တွင်းသာမက ထိုင်းရောက် မြန်မာနိုင်ငံသားများပါ ဆန့်ကျင်သပိတ်မှောက်သွားမည်ဟု ပြောကြားခဲ့သည်။ ထိုင်းနိုင်ငံပိုင် PTT ကုမ္ပဏီသည် စစ်ကောင်စီနှင့် လက်တွဲကာ မြန်မာ့ကမ်းလွန် သဘာဝဓာတ်ငွေ့ တူးဖော်ရေးလုပ်ငန်းလုပ်ကွက် ၄ ခုရှိသည့်အနက် ၃ ခုတွင် အဓိက ရင်းနှီးမြုပ်နှံသူအဖြစ်ရှိနေပြီး စစ်ကောင်စီသို့ စစ်အသုံးစရိတ် တစ်ဝက်ကျော် နိုင်ငံခြားငွေပေးသွင်းနေသော ကုမ္ပဏီတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့ကြောင့် စစ်ကောင်စီကို စစ်အသုံးစရိတ် တစ်ဝက်ကျော်ကို ထောက်ပံ့ပေးနေသော ပြည်တွင်းရှိ PTT ကုမ္ပဏီပိုင် ပစ္စည်းများ၊ စက်သုံးဆီနှင့် ချောဆီလုပ်ငန်း၊ Café Amazon နှင့် PTT ဆီဆိုင်များတွင် ဆီဖြည့်ခြင်းများကို ဆန့်ကျင်သပိတ်မှောက်ကြဖို့ […]


