ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မြိတ်မြို့ပေါ်ရပ်ကွက်အချို့ သောက်သုံးရေရှားပါးနေပြီ

diz_admin

March 26, 2023

မြိတ်မြို့ပေါ် ရပ်ကွက်အချို့တွင် ယခုရက်ပိုင်းအတွင်း သောက်သုံးရေရှားပါးမှုနှင့် ရင်ဆိုင်‌နေရပြီး ပရဟိတအသင်းအချို့က သောက်သုံးရေများ ဖြန့်ဝေပေးနေရကြောင်း မြို့ခံတို့ထံမှ သိရသည်။ ရေပုန်းနယ်မြေအတွင်းရှိ ရပ်ကွက်အချို့အပါအဝင် အဏ္ဏဝါရပ်ကွက်တို့တွင် ရေရှားပါးမှုများဖြစ်ပေါ်နေကြောင်း ရွှေရောင်နေ့သစ် လူမှုအထောက်အကူပြုအသင်းဝင်တစ်ဦးက ပြောသည်။ “အခုနောက်ပိုင်း အင်းလေးကမ်း၊ အင်းလေးမြိုင် (ရပ်ကွက်) ဘက်တွေမှာ ရေရှားတာတွေဖြစ်နေတယ်။ ရေရောင်းတဲ့ကားတွေက ဝင်ရောက် မရောင်းချပေးနိုင်တဲ့ အပိုင်းတွေလည်း ရှိနေတာထင်တယ်” ဟု ၎င်းက ဆိုသည်။ ရေရှားပါးသည့် ရပ်ကွက်အများစုသည် ပင်လယ်ဘက်နှင့် နီးစပ်စွာတည်ရှိနေပြီး ၎င်းရပ်ကွက်တို့နှင့် အနီးအနားရှိ တွင်းရေ (ရေတွင်း) တို့အား အဓိကအသုံးပြုနေရကြောင်း ငြိမ်းချမ်းရေးရပ်ကွက်နေသူအချို့က ပြောဆိုသည်။ “နေတအားပူတဲ့ ကာလဆိုရင် ရေတွင်းရေလည်းခမ်းတာပဲ။ နွေရာသီဆို ရေအတွက်အခက်အခဲဖြစ်နေတဲ့ ရပ်ကွက်တွေပါ။ အိမ်ခြေလည်းစိပ်တယ်” ဟု ငြိမ်းချမ်းရေးရပ်ကွက်နေသူတစ်ဦးက ပြောသည်။ အဆိုပါရေရှားပါးသည့် ရပ်ကွက်များအတွင်း […]

အမေရိကန် ကုမ္ပဏီ Airbnb က မြန်မာနိုင်ငံတွင်း ဝန်ဆောင်မှုများ ကို ရပ်ဆိုင်း

diz_admin

March 26, 2023

ကာလတို တည်းခိုနေထိုင်မှုများနှင့် ခရီးသွားအတွေ့အကြုံများဆိုင်ရာ ဝန်ဆောင်မှုပေးနေသည့် မေရိကန်နိုင်ငံ အခြေစိုက် Airbnb ကုမ္ပဏီက မြန်မာနိုင်ငံရှိ တည်းခိုခန်းများ ငှားရမ်းနိုင်ရန် စာရင်းပေးသွင်းထားမှုများကို ဆိုင်းငံ့ထားလိုက်ပြီဖြစ်သည်။ ထို့ကြောင့် (အဲဘီအန်ဘီ) Airbnb သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင်း ဝန်ဆောင်မှုများကို ရပ်ဆိုင်းလိုက်သည့် ပထမဆုံးသော နိုင်ငံတကာ ခရီးသွား ဘွတ်ကင်ဆိုက် ဖြစ်လာသည်။ ပြီးခဲ့သည့်အပတ်က Airbnb သည် နိုင်ငံတွင်း ဝန်ဆောင်မှု ရပ်ဆိုင်းလိုက်ပြီ ဖြစ်သောကြောင့် တည်းခိုနေရာ အတွက် စာရင်းတင်ထားမှု နှင့် သုံးစွဲသူများထံမှ ယင်းအခန်းများအပေါ် ကြိုတင်စာရင်းသွင်းမှုများသည် ၎င်းတို့၏ ဝက်ဘ်ဆိုဒ်တွင် ပေါ်လာတော့မည် မဟုတ်ကြောင်း ၎င်းတို့နှင့် လက်တွဲလျက် ရှိသည့် မြန်မာအိမ်ရှင်/ အခန်းရှင်များ ကို […]

မျောက်ကျောက်ရောဂါ ကူးစက်လူနာ ၃ ဦး ထိုင်းမှာ ထပ်တွေ့

diz_admin

March 26, 2023

ထိုင်းနိုင်ငံတွင်း၌ မျောက်ကျောက်ရောဂါဟုလည်း လူသိများသည့် အမ်ကျောက် (mpox) ကူးစက်လူနာ သုံးဦး ထပ်မံတွေ့ရှိခဲ့ကြောင်း ကူးစက်ရောဂါ ထိန်းချုပ်ရေးဦးစီးဌာန (DDC) မှ မတ်လ ၂၄ရက်နေ့တွင် ကြေညာခဲ့သည်။ ယင်းလူနာများကို ကူးစက်ရောဂါများ ကုသရေးဆိုင်ရာ အထူးပြု ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းတစ်ခု ဖြစ်သည့် ဘမ်ရပ်စ်နာရာဒူရာ (Bamrasnaradura) ကုသရေးအဖွဲ့က လတ်တလော ကုသပေးလျက် ရှိကြောင်း သိရသည်။ ၂၀၂၂ခုနှစ် ၊ မေလ ၂၅ ရက်နေ့တွင် အထူးကြပ်မတ်စောင့်ကြည့်ရန် လိုအပ်သော ကူးစက်ရောဂါဟု ကြေညာထားသော အမ်ကျောက် (mpox)ရောဂါသည် ယခုချိန်အထိ ကူးစက်လူနာ စုစုပေါင်း ၁၈ ဦးအထိ ရှိပြီဖြစ်သည်။ ထိုင်းနိုင်ငံတွင်း မျောက်ကျောက်ရောဂါ၏ ပထမဆုံး ကူးစက်မှုကို အဆိုပါနှစ် ၊ ဇူလိုင်လ ၂၁ ရက်နေ့တွင် […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

diz_admin

March 25, 2023

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ မတ်လ ၁၉ ရက်နေ့ မှ မတ်လ ၂၅ ရက်နေ့အထိ နှစ်ပတ်အတွင်း စစ်ဘေးရှောင်ဒုက္ခသည် တစ်သိန်းကျော်တိုးလာ စစ်ရေးပိုမိုပြင်းထန်လာတဲ့ မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၂၈ ရက်ကနေ မတ်လ ၁၃ ရက်အထိ နှစ်ပတ်တာအတွင်း စစ်ဘေးရှောင်ဒုက္ခသည်တစ်သိန်းကျော် ထပ်တိုးလာပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၁၃ရက်နေ့အထိ စစ်ဘေးရှောင်ဒုက္ခသည် ၁ ဒသမ ၇ သန်းကျော် ရှိနေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) က မတ်လ ၂၁ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။ ဖေဖော်ဝါရီလ ၂၇ရက်နေ့အထိ စစ်ဘေးရှောင်ဒုက္ခသည်အရေအတွက်ဟာ ၁ ဒသမ ၆ သန်းကျော်ပဲ ရှိခဲ့တဲ့အတွက် နှစ်ပတ်တာအတွင်း […]

စစ်ဆေးရေးဂိတ်ကပစ်ခတ်သောကြောင့် ကျွန်းစု PDF ရဲဘော်ဟောင်းနှင့် ညီဖြစ်သူသေဆုံး

diz_admin

March 25, 2023

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ကမ္မလိုင်းကျေးရွာ စစ်ကောင်စီဂိတ်က ပစ်ခတ်မှုကြောင့် ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ရဲဘော်ဟောင်း လူငယ်တစ်ဦးနှင့် ညီဖြစ်သူတို့ သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။ ညီအစ်ကိုနှစ်ဦး ဆိုင်ကယ်တစ်စီးတည်း အတူစီးလာစဉ် ယနေ့ မတ်လ ၂၅ ရက် နံနက်က ကမ္မလိုင်းရွာ စစ်ကောင်စီဂိတ်တွင် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။ စစ်ဆေးနေစဉ် ဆိုင်ကယ်မောင်းပြေးသည်ဟုဆိုကာ ပစ်ခတ်ခြင်းဖြစ်ပြီး နောက်က လိုက်ပါစီးနင်းသည့် အစ်ကိုဖြစ်သူ အသက် ၁၈နှစ်အရွယ် ကိုအလင်းရောင်ဆိုသူမှာ ယင်းနေရာတွင် သေဆုံးသွားကြောင်း ၎င်းတို့က ဆိုသည်။ ဆိုင်ကယ်မောင်းသည့် ညီဖြစ်သူမှာ သေနတ်ဒဏ်ရာဖြင့် ဆက်လက်မောင်းပြေးသွားပြီး ပဝကျေးရွာဆေးခန်းသို့ ရောက်ရှိလာကာ ဆေးကုသမှု ခံယူနေစဉ် သေဆုံးသွားကြောင်း ဒေသခံများက ပြောဆိုသည်။ “သူတို့ညီအစ်ကိုက ကျွန်းစုဖက်ကပါ။ ဒီဖက်မှာ ခြံစိုက်နေကြတယ်လို့ကြားတယ်။ ကြောက်ကြောက်လန့်လန့်နဲ့ […]

ရေဖြူရဲစခန်းနှင့် နတလရုံးကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တိုက်ခိုက်

diz_admin

March 25, 2023

ထားဝယ်ခရိုင် ရေဖြူမြို့နယ် မြို့မရဲစခန်းနှင့် နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးရုံး (နတလ) ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က ညသန်းခေါင်အချိန်တွင် လာရောက်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ မတ်လ ၂၄ ရက် ညသန်းခေါင်အချိန်တွင် လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်သံများဆူဆူညံညံကြားရကြောင်း မြို့ခံတစ်ဦးကဆိုသည်။ “ပစ်သံတွေကတော့ဆူညံနေတာပဲ။ အခုပဲထပြေးရတော့မလိုကိုဖြစ်တယ်” ဟု မြို့ခံတစ်ဦးက ပြောသည်။ မြို့မရဲစခန်းအား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး နတလရုံးကိုမူ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း အခြားဒေသခံတစ်ဦးက ပြောဆိုသည်။ ပြည်သူ့ကာကွယ်ရေးအဖွဲ့က လာရောက်တိုက်ခိုက်ချိန် နတလရုံးထဲတွင် ဝန်ထမ်းအချို့ရှိသော်လည်း ထိခိုက်မှုမရှိကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “ဝန်ထမ်းတွေကို အပြင်ခေါ်ထုတ်ပြီးမှ ရုံးကို မီးရှို့လိုက်တာလို့ ပြောသံကြားရတယ်” ဟု ၎င်းဒေသခံက ပြောသည်။ ညသန်းခေါင်ကျော်အချိန် လာရောက်တိုက်ခိုက်ခြင်းဖြစ်ခြင်းကြောင့် ရဲစခန်း၏ထိခိုက်မှုအခြေအနေကိုမူ မသိရကြောင်း မြို့ခံတစ်ဦးက ပြောဆိုသည်။ ယနေ့ နံနက်ပိုင်းတွင်မူ […]

လောင်းလုံးတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်ပြုလုပ်

diz_admin

March 25, 2023

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်အတွင်း ထားဝယ်ခရိုင်ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC)မှ ဦးဆောင်၍ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ယနေ့ ‌(မတ် ၂၅) ပြုလုပ်ခဲ့သည်။

တိုက်ပွဲကြောင့် မြဝတီ-မဲဆောက် ချစ်ကြည်ရေးတံတားယာယီပိတ်၊ နာရီပိုင်းအကြာတွင်ပြန်ဖွင့်

diz_admin

March 25, 2023

မြဝတီမြို့ဘက်ခြမ်းတွင် ယနေ့ နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားသောကြောင့် မြဝတီ-မဲဆောက် ချစ်ကြည်ရေး အမှတ် (၁) တံတားကို ယာယီပိတ်လိုက်ပြီး နေ့လယ်ပိုင်းတွင် ပြန်လည်ဖွင့်လိုက်ပြီဖြစ်ကြောင်း မဲဆောက်မြို့ရှိ မြန်မာနိုင်ငံသားများ ထံမှ သိရသည်။ တံတားတွင် ယနေ့ နံနက်ပိုင်းအချိန်များ၌ လူနှင့် ကားအဝင်အထွက် ရှိနေသေးသော်လည်း နံနက် ၁၀ နာရီခန့်တွင် တိုက်ပွဲကြောင့် မြန်မာဘက်က ရုတ်တရက်ပိတ်လိုက်ခြင်းဖြစ်သည်။ ကရင်ပြည်နယ် မြဝတီမြို့အနီး မဲကနယ်ကျေးရွာဘက်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များ ယနေ့ နံနက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။ နေ့လယ် ၁၂ ခွဲအချိန်ခန့်တွင် တံတားကို ပြန်လည်ဖွင့်လှစ်ပေးလိုက်ကြောင်း မဲဆောက်ရောက် မြန်မာများထံမှ သိရသည်။ “တံတားကို တိုက်ပွဲကြောင့်ဆိုပြီး ရုတ်တရက်ကြီး ပိတ်ချလိုက်တာ။ အခုနားကမှ ပြန်ဖွင့်ပေးလိုက်ပြီ။ အာရှလမ်းမကြီးတော့ ပိတ်ထားတယ်ကြားတာပဲ။ တိုက်ပွဲကြောင့် လမ်းမလည်း အကုန်ပျက်စီးနေပြီလေ” […]