ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထားဝယ်နာရေးကူညီမှုအသင်း အတွင်းရေးမှူး ဦးအောင်နိုင်ဦးနှင့်ဇနီး ပြန်လွတ်

diz_admin

December 29, 2022

ထားဝယ်နာရေးကူညီမှုအသင်း၏ အတွင်းရေးမှူးဖြစ်သူ ဦးအောင်နိုင်ဦးနှင့် ဇနီးဖြစ်သူတို့ ယနေ့ (ဒီဇင်ဘာ ၂၉)နေ့လယ်ပိုင်းတွင် ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း ၎င်းတို့နှင့် နီးစပ်သည့် အသိုင်းအဝိုင်းက ပြောဆိုသည်။ ဒီဇင်ဘာ ၂၇ ရက်နေ့ညက ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်ရှိ နေအိမ်တွင် စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ “ကျွန်တော်ဖုန်းဆက်လိုက်တာ အိမ်ပြန်ရောက်သွားပြီဆိုပြောတယ်။ ဦးအောင်နိုင်ဦးကိုပဲ ဆက်လိုက်တာ။ ဘာကြောင့် ဖမ်းသွားတယ်ဆိုတာတော့ မမေးစားဖြစ်ဘူး။ သူပြန်ရောက်ပြီလို့ပြောတယ်။ ရောက်ရင်ရပြီလို့ နောက်မှပဲ မေးစားတော့မယ်လို့ ကျွန်တော်အဲ့တိုင်းပဲ ပြောလိုက်တယ်” ဟု ၎င်းနှင့် နီးစပ်သူ အမျိုးသားတစ်ဦးက ပြောသည်။ ဦးအောင်နိုင်ဦးတို့ လင်မယားကို စစ်ကောင်စီက မည်သည့်အကြောင်းကြောင့် ဖမ်းဆီးသွားသည်ကို မေးမြန်းရန် ဖုန်းဆက်ခဲ့သော်လည်း ဖုန်းကိုင်ခြင်းမရှိသေးသဖြင့် အကြောင်းရင်းကို မသိရသေးပေ။

တနင်္သာရီဂျာနယ် ပင်တိုင်ဆောင်းပါးရှင် အောင်လွင်(ကံပေါက်သား) ထောင်ဒဏ် ငါးနှစ်ချခံရ

diz_admin

December 29, 2022

တနင်္သာရီတိုင်းအခြေစိုက် ထုတ်ဝေခဲ့သည့် တနင်္သာရီဂျာနယ်၏ ပင်တိုင်ဆောင်းပါးရှင်တစ်ဦးဖြစ်သည့် အောင်လွင် (ကံပေါက်သား) ကို ဒီဇင်ဘာလ ၂၉ ရက် တွင် ထောင်ဒဏ် ၅ နှစ်ချခံလိုက်သည်။ ဆောင်းပါးရှင် အောင်လွင်(ကံပေါက်သား) အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဉပဒေပုဒ်မ- ၅၂ (က) ဖြင့် တရားစွဲဆိုပြီး ထားဝယ်မြို့နယ် တရားရုံးတွင် ထိုသို့ အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။ “ကျန်းမာရေးကောင်းတယ်လို့ ပြောတယ်။ ကျန်တာတော့ ဘာမှ ထူးထူးထွေထွေ မပြောဘူး”ဟု မြို့နယ် တရားရုံးတွင် သွားရောက်တွေ့ဆုံခဲ့သူ တစ်ဦးက ဆိုသည်။ ဦးအောင်လွင်အား ယခုနှစ် ဧပြီလ ၈ ရက်နေ့က ထားဝယ်မြို့အဝင် ကမြောကင်းတံတားဂိတ်တွင် ၎င်းစီးနင်းလာသည့် ယာဉ်မောင်းနှင့်အတူ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ယနေ့ တရားရုံးမှ အမိန့်ချမှတ်ချိန်တွင်မူ ဦးအောင်လွင်နှင့်အတူ အဖမ်းခံရသည့် ယာဉ်မောင်းဖြစ်သူမှာ အမှုမှ […]

ထားဝယ်တွင် နေအိမ် ဖောက်ထွင်းခံရ

diz_admin

December 29, 2022

ထားဝယ်မြို့ ဝဲကျွန်းမြို့သစ်ရပ်ကွက် (၇) လမ်းတွင် ဒီဇင်ဘာလ ၂၇ ရက်နေ့က တိုက်အိမ်တစ်လုံး ဖောက်ထွင်း ခံရကြောင်း နေအိမ်ပိုင်ရှင်မိသားစုဝင်များထံမှ သိရသည်။ သစ်သားကုလားထိုင် ငါးလုံး၊ သစ်သားစားပွဲတစ်လုံး၊ ၆ ပေ ၃ပေ ဗီရိုတစ်လုံး၊ ဆုံလည်ကုလားထိုင်တစ်လုံး၊ လေးထောင့် စားပွဲတစ်လုံးနှင့် ရေစုပ်မော်တာတစ်လုံး၊ သွပ်ပြားသုံးချပ် အခိုးခံလိုက်ရကြောင်း အိမ်ရှင်ဖြစ်သူ ဦးမောင်စိန်က ပြောသည်။ “စုစုပေါင်း ကာလတန်ဖိုးဆိုရင် သိန်းနှစ်ဆယ်ဝန်းကျင်လောက် ရှိမယ်” ဟု ၎င်းက ဆိုသည်။ အဆိုပါ တစ်ထပ်တိုက်အိမ်မှာ ဆောက်လုပ်ဆဲဖြစ်ပြီး လူအမြဲနေထိုင်ခြင်း မရှိသေးကြောင်း နေအိမ်ပိုင်ရှင်က ပြောဆိုသည်။ “ကျွန်တော်က အိမ်ကိုသွားမကြည့်ဖြစ်တာ တစ်ပတ်ခန့်ကြာပြီ။ အိမ်က နှစ်ထပ်ဆောက်ဖို့ လုပ်ထားတော့ လှေကားပေါက် ဖောက်ထားတယ်ပေါ့နော်။ အဲဒီကနေဆင်းပြီး အခန်းတံခါးတွေကို သံတူးရွင်းနဲ့ ဖောက်ပြီးခိုးသွားတာ” ဟု […]

တနင်္သာရီ၊ တကူတွင် မိုင်းကိုထုရာမှ ပေါက်ကွဲပြီး မိန်းကလေးတစ်ဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရ

diz_admin

December 29, 2022

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ တကူကျေးရွာတွင် လက်လုပ်မိုင်းကို ထုဖျက်ရာမှ ပေါက်ကွဲပြီး အသက် ၁၅နှစ်အရွယ် မိန်းကလေးတစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ တကူကျေးရွာအုပ်စု၊ သံတိုက်ရပ်ကွက်တွင် ဒီဇင်ဘာလ ၂၆ ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ သံတိုက်ရပ်ကွက်နေ အသက် ၅၀ ကျော်ဝန်းကျင်ရှိ ဒေါ်မူဆိုသူသည် ကျေးရွာအနီးဝန်းကျင်တွင် စွန့်ပစ်ဘူးခွံ၊ ပုလင်းခွံ လိုက်လံကောက်ယူကာ အဟောင်းဆိုင်တွင် တဆင့် ပြန်လည်ရောင်းချနေသူဖြစ်ကြောင်း ဒေသခံများက ပြောသည်။ ယင်းနေ့က ဘူးခွံ၊ ပုလင်းခွံများနှင့်အတူ လက်လုပ်မိုင်းတစ်လုံးကို ကောက်ယူလာခဲ့မိပြီးနောက် အိမ်အရောက်တွင် ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ ဒေါ်မူဆိုသူမှာ စိတ်ဝေဒနာသည် အမျိုးသမီးတစ်ဦးဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။ “ဒီအမျိုးသမီးက စိတ်တချက်တချက် လွတ်နေတဲ့သူပါ။ ဘယ်နားက သွားကောက်လာလည်းတော့ မသိဘူး။ အိမ်ရောက်တော့ […]

မင်္ဂလာဆောင် ဗုံးပေါက်ကွဲမှု ကန့်ကွက်ရှုတ်ချကြောင်း လောင်းလုံး PDF ထုတ်ပြန်၊ ပျူစောထီးလက်ချက်ဟု သတင်းထွက်

diz_admin

December 29, 2022

လောင်းလုံးမြို့နယ် ဝေဒီရွာ မင်္ဂလာဆောင်တွင် ဗုံးပေါက်ကွဲမှု ကန့်ကွက်ရှုတ်ချကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LLPDF)က ထုတ်ပြန်လိုက်သလို ဒေသခံအချို့ကလည်း ပျူစောထီး(စွန်ရဲ)အဖွဲ့၏လက်ချက် ဟုပြောဆိုနေကြသည်။ ယနေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့် ယင်းပေါက်ကွဲမှုမှာ LLPDF အဖွဲ့နှင့် သက်ဆိုင်ခြင်း မရှိဘဲ ယင်းသို့လုပ်ဆောင်မှုအား အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်း လောင်းလုံးPDFက ထုတ်ပြန်လိုက်သည်။ ဝေဒီရွာတွင် မင်္ဂလာပွဲများ ပြုလုပ်လျှင် ပျူစောထီးအဖွဲ့ကို ငွေပေးရပြီး မပေးပါက ယင်းအဖွဲ့က သတိပေးခြိမ်းခြောက် ပြောဆိုခြင်းများ ပြုလုပ်လေ့ရှိသည်ဟု ဒေသခံတစ်ဦးက ပြောသည်။ “ကျွန်တော်တို့ သိရတာက ပိုက်ဆံမပေးလို့ လုပ်တယ်ဆိုပြီး သတင်းကြားတယ်” ဟု ၎င်းက ဆိုသည်။ ဒီဇင်ဘာလ ၂၇ ရက်နေ့ကလည်း ဝေဒီရွာတွင် မင်္ဂလာဆောင်တစ်ခုပြုလုပ်ခဲ့ပြီး နောက်ထပ်လည်း မင်္ဂလာပွဲများ ဆက်ရှိနေသည့်အတွက် ဒေသခံများက ယနေ့ဖြစ်စဉ်အပေါ် […]

စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးကို ပစ်သတ်ခဲ့ကြောင်း လောင်းလုံးပြည်သူ့ကာကွယ်ရေးအဖွဲ့ထုတ်ပြန်

diz_admin

December 29, 2022

လောင်းလုံး ရှင်မော်သွားလမ်းပိုင်းတစ်နေရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးကို လောင်းလုံးမြိုနယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပစ်သတ်ခဲ့ကြောင်း ယင်းအဖွဲ့က ထုတ်ပြန်သည်။ စစ်ကောင်စီတပ်ဖွဲ့ဝင် တပ်ကြပ်ကြီး ပြုံးချိုဆိုသူအား ဒီဇင်ဘာလ ၂၈ ရက် မွန်းလွဲ ၂ နာရီကျော်တွင် ပစ်သတ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ “လမ်းမှာဖမ်းလာပြီးမှ ရွာနားကတောင်ကုန်းပေါ်မှာ ပစ်သတ်လိုက်တာဖြစ်မယ်။ သေနတ်ပစ်သံ သုံးချက်လောက် ကြားလိုက်တယ်။ ဖြစ်ဖြစ်ချင်းတော့ သွားမကြည့်ရဲဘူး။ ညနေလောက် သွားကြည့်တော့ ‌ခေါင်းပွင့်ပြီး သေနေတာ တွေ့တာပဲ” ဟု အလောင်းကိုတွေ့ခဲ့သူတစ်ဦးက ပြောသည်။ သို့သော် သေဆုံးသူမှာ စစ်ကောင်စီတပ်သားတစ်ဦးဟု မသိဘဲ ကျောက်နီမော်ရွာသားတစ်ဦးဟုသာ ကြားသိရကြောင်း ၎င်းက ဆိုသည်။ ပစ်သတ်ခံရသည့် ညနေပိုင်းတွင် အရေးပေါ်ကားတစ်စီးဖြင့် အလောင်းကို သယ်ဆောင်သွားကြောင်း ဒေသခံအချို့ထံမှ သိရသည်။ လောင်းလုံးပြည်သူ့ကာကွယ်ရေးအဖွဲ့ကမူ ပစ်သတ်ခံရသူထံမှ သိမ်းဆည်းရမိသည့် စစ်ကောင်စီဝတ်စုံ၊ […]

လောင်းလုံး မင်္ဂလာဆောင်တွင် ဗုံးပေါက်၊ အမျိုးသမီးသုံးဦး ဗုံးစထိမှန်

diz_admin

December 29, 2022

လောင်းလုံးမြို့ ဝေဒီရွာအရှေ့ပိုင်းက မင်္ဂလာဆောင်တွင် ယနေ့ ဒီဇင်ဘာလ ၂၉ ရက် နံနက်ပိုင်းက ဗုံးပေါက်ကွဲကြောင်း ဒေသခံများထံမှ သိရသည်။ ပေါက်ကွဲမှုကြောင့် အမျိုးသမီး သုံးဦးမှာ ခန္ဓာကိုယ်အောက်ပိုင်းတွင် ထိခိုက်ဒဏ်ရာရသဖြင့် ထားဝယ်ဆေးရုံကြီးသို့ ရေးပေါ်ကားဖြင့် တင်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။ “ပေါက်ကွဲတာက တစ်ချက်ပဲ။ ဒဏ်ရာရတဲ့သူက ခန္ဓာကို အောက်ပိုင်းတွေချည်းပဲ” ဟု ဒေသခံတစ်ဦးက ဆိုသည်။ နောက်ထပ် အမျိုးသား၊ အမျိုးသမီး ဆယ်ဦးခန့်မှာ ပွန်းပဲဒါဏ်ရာရရှိခဲ့ကြောင်း ၎င်းက ပြောသည်။ ထိခိုက်ဒဏ်ရာရရှိသူများမှာ မင်္ဂလာဆောင်သို့ လာရောက်သူများနှင့် မင်္ဂလာဆောင်တွင် ကူညီဆောင်ရွက် နေသူများဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ပေါက်ကွဲမှုကို မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် ပြုလုပ်သည်ကို Dawei Watch အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

ပုလောမြို့နယ်ကျေးရွာ နှစ်ဆယ်နီးပါးသို့ ကရင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ စည်းရုံးရေးဆင်း

diz_admin

December 28, 2022

မြိတ်ခရိုင်၊ပုလောမြို့နယ်ရှိ ကျေးရွာနှစ်ဆယ်နီးပါးသို့ ကရင်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ လှည့်လည်ဟောပြောကာ စည်းရုံးရေးဆင်းခဲ့ကြောင်း KPDF နှင့်ဒေသခံများ ထံမှသိရသည်။ ပုလောမြို့နယ် KNU ထိန်းချုပ်နယ်မြေအတွင်းရှိကျေးရွာ တစ်ဆယ့်ရှစ်ရွာသို့ သွားရောက်ကာ ပြည်သူများနှင့် တွေ့ဆုံပြီးဖြစ်ကြောင်း ကရင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPDF)က ယနေ့ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။ ယင်းသို့သွားရောက်ရာတွင်ရွာသားများနှင့် တွေ့ဆုံပြီး တော်လှန်ရေးနှင့် ပတ်သက်သည့် အကြောင်းအရာများ၊ ပြန်လည်တည်ဆောက်ရေးအတွက် ကျန်းမာရေး၊ ပညာရေးကိစ္စရပ်များနှင့် ကိုယ်ထူကိုယ်ထလုပ်ဆောင်ချက်များ၊ မူးယစ်ဆေးဝါးအခြေအနေများကို ဆွေးနွေးကာ ရွာသားများအပါအဝင် စစ်ဘေးရှောင်များကို အားပေးစကား ပြောကြားခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ KNU ထိန်းချုပ်နယ်မြေအတွင်း တရားဥပဒေစိုးမိုးမှုရှိလာစေရန်လည်း ယခုထက်မက ပိုမိုလုပ်ဆောင်သွားမည်ဟုလည်း ဖော်ပြပါရှိသည်။ “လုပ်နေတာကတော့ ဒီလအစကတည်းက ကြားခဲ့ရတယ်။ သူတို့အဖွဲ့တွေလိုပဲ တစ်ခြား PDF တွေလည်းလုပ်နေကြတာကြားနေရတယ်”ဟု ပုလောဒေသခံ အမျိုးသားကပြောသည်။ KNU တပ်မဟာ ၄ […]