မြိတ်တွင် ဒူးရင်းသီးစထွက်၊ တစ်လုံး ၂၅၀၀၀ ကျပ်အထိ ဈေးပေါက်
diz_admin
March 23, 2023မြိတ်ဒေသထွက် ရာသီပေါ်သီးနှံတစ်မျိုးဖြစ်သည့် ဒူးရင်းသီးမှာ ယခုနှစ်တွင် မတ်လလယ်ခန့်မှ စတင်ထွက်ရှိနေပြီး တစ်လုံးလျှင် နှစ်သောင်းငါးထောင်ကျပ်အထိ ဈေးပေါက်နေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ ဒူးရင်းသီးအရွယ်အစားအပေါ် မူတည်ပြီး အနည်းဆုံး ငါးထောင်ကျပ်မှ အများဆုံး နှစ်သောင်းငါးထောင်ကျပ်အထိ ရှိနေခြင်းဖြစ်သည်။ “စပေါ်ချိန်ဆို နှစ်တိုင်းဒီလိုပဲ ဈေးကြီးစ၊ ပေါလာတဲ့အချိန်မှပဲ ဝယ်စားဖြစ်တာ” ဟု မြစ်ငယ်ရပ်နေ အမျိုးသမီးတစ်ဦးက ပြောသည်။ ဒူးရင်းသီးအထွက်များလာသည့်အချိန်တွင် တစ်လုံးလျှင် နှစ်ထောင်မှ ငါးထောင်၊ တစ်သောင်းအထိ ဈေးကျဆင်းလာချိန်တွင်သာ ဝယ်စားဖြစ်ကြောင်း ၎င်းက ဆိုသည်။ ပြီးခဲ့သည့်နှစ် ဒူးရင်းသီးစပေါ်ချိန် မတ်လအတွင်းက တစ်လုံးလျှင် အများဆုံး နှစ်သောင်းကျပ်အထိသာ ဈေးရှိပြီး ယခုနှစ်တွင် နှစ်သောင်းငါးထောင်ရှိနေသဖြင့် ယခင်နှစ်ထက် ငါးထောင်ကျပ် မြင့်တက်လာကြောင်း ဒူးရင်းသီးရောင်းချနေသူအချို့ထံမှ သိရသည်။ ”ဈေးကြီးဆို ဝယ်ဈေးလည်းမလွယ်ဘူး ဈေးကြီးပေးဝယ်ရတာပဲ၊ ဒီကြားထဲ လှေခ၊ […]


