ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ဘီးလင်းတွင် လက်နက်ကြီးဖြင့်ပစ်ခတ်ခံရ၊ အမျိုးသားနှစ်ဦးသေဆုံးပြီး ကိုယ်ဝန်ဆောင်တစ်ဦးဒဏ်ရာရ

diz_admin

March 21, 2023

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ကရဝေးဆိပ်အထက်စုကျေးရွာတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသားနှစ်ဦးသေဆုံးပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရကြောင်း ဒေသခံတို့ထံမှ သိရသည်။ မတ်လ ၂ဝရက် နံနက် ၁၀ နာရီနှင့် ညနေ ၆ နာရီတို့တွင် ဘီးလင်းမြို့နယ်နှင့် ကျိုက်ထိုမြို့နယ်ကြား ရန်ကုန်-မော်လမြိုင်အဝေးပြေးကားလမ်းမဘေးရှိ သံတံတားဂိတ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ကျိုက်ထိုတော်လှန်ရေးအင်အားစုနှင့် KNU ပူးပေါင်းတပ်ဖွဲ့တို့က နှစ်ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထိုသို့တိုက်ခိုက်ခံရပြီးနောက် သံတံတားဂိတ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းနှင့် ကင်မွန်းစခန်းရှိ စစ်ကောင်စီတပ် လက်နက်ကြီးအထိုင်ထားသည့်နေရာတို့က ည ၇ နာရီခွဲဝန်းကျင်တွင် လူနေကျေးရွာဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။ “သူတို့စခန်း တိုက်ခိုက်ခံရပြီးဆိုရင် ဒီလိုပဲ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်တော့တာ။ တစ်ခါတလေ ဘာတိုက်ပွဲ ဘာတိုက်ခိုက်မှုမှမရှိလည်း ရွာတွေဖက်ကို လက်နက်ကြီးတွေနဲ့ ပစ်တယ်” […]

ထိုင်းတောင်ပိုင်းတွင် မြန်မာလုပ်သား ၃ ဦးအသတ်ခံရမှုအတွက် သံသယရှိသူ ၅ ဦးကို ဖမ်းဆီး

diz_admin

March 21, 2023

ထိုင်းနိုင်ငံတောင်ပိုင်း စွန်ခရာခရိုင်ရှိ စွန်ပစ်အမှိုက်ပုံတွင် တွေ့ရှိရသော မြန်မာအလုပ်သမား ၃ ဦး၏ အလောင်းနှင့်ပတ်သက်ပြီး သံသယရှိသူ ထိုင်းနိုင်ငံသား ၅ ဦးကို ထိုင်းရဲတပ်ဖွဲ့များက မတ်လ ၁၉ ရက်နေ့တွင် ဖမ်းဆီးနိုင်ခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ စွန်ခရာခရိုင်ရှိ စွန့်ပစ်အမှိုက်ပုံတွင် မြန်မာအလုပ်သမားများဟု ယူဆရသော ဆက်ကျော်သက်လူငယ်တစ်ဦး အပါအဝင် အလောင်း ၃ လောင်းကို ထိုင်းအမှိုက်ကောက်သမားတစ်ဦးက မတ်လ ၁၅ ရက်နေ့တွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။ အလောင်းတစ်လောင်းတွင် လက်နှင့် ခြေထောက်များကို အဝတ်များဖြင့် ချည်နှောင်ထားပြီး လည်ပင်းလှီးဖြတ်ဒဏ်ရာရှိနေသည်ကိုတွေ့ရှိရကာ ကျန်နှစ်ဦးမှာ ရိုက်နှက်ဒဏ်ရာများရှိနေခဲ့ခြင်းဖြစ်သည်။ ၎င်းနေရာသည် မြန်မာအလုပ်သမားများကို မလေးရှားသို့ ပို့ဆောင်နေစဉ် နားခိုသောနေရာဖြစ်နေပြီး အလောင်းများအနီးတွင် လုံချည်များကိုတွေ့ရကာ လက်တွင်လည်း ပွဲစားအမှတ်အသား လက်ပတ်အနီရောက်ကိုပါ တွေ့ရှိခဲ့ရသဖြင့် မြန်မာအလုပ်သမားဖြစ်နိုင်သည်ဟု ကနဦးကောက်ချက်ချကာ ရဲတပ်ဖွဲ့က […]

ကျေးလက်နေသူများ မြို့ပေါ်ရွှေ့ပြောင်းမှုများလာ၍ ထားဝယ်မြို့‌ပေါ်တွင် အိမ်ခန်းငှားရခက်ခဲ

diz_admin

March 21, 2023

ပဋိပက္ခနှင့်တိုက်ပွဲများကြောင့် ငွေကြေးတတ်နိုင်သော ကျေးလက်နေသူများ မြို့ပေါ်ရွှေ့ပြောင်းနေထိုင်မှုကြောင့် ထားဝယ်မြို့ပေါ်တွင် အိမ်ခန်းရှာရခက်လာသည်ဟု ထားဝယ်မြို့ရှိ အိမ်ခန်းငှားရမ်းသူများထံမှ သိရသည်။ ယခုနှစ်ဖေဖော်ဝါရီလမှ မတ်လ အတွင်းပို၍ သိသိသာသာ အိမ်ခန်းရှာဖွေ ငှားရမ်းသူများပြားလာကြောင်း အိမ်ခန်း ငှားသည့်လုပ်ငန်းလုပ်ကိုင်သူ အမျိုးသားတစ်ဦးကပြောသည်။ “ကျွန်တော်မှာဆိုရင်ရှိသလောက် ကုန်နေပြီ “ဟု ၎င်းကပြောသည်။ ထားဝယ်မြို့ပေါ်ပြောင်းရွှေ့ နေထိုင်သူအများစုမှာ စစ်ကောင်စီတပ် မကြာခဏ စစ်ကြောင်းထိုးဝင်ရောက်နေသည့် သရက်ချောင်းမြို့နယ်နှင့် လောင်းလုံးမြို့နယ်မှဖြစ်ပြီး အများစုမှာ မိသားစုအလိုက် လာရောက်ပြောင်းရွှေ့နေထိုင် ကြသူများဖြစ်သည်။ အိမ်ခန်းငှားရမ်းခ တန်ဖိုးအသင့်အတင့်ရှိသည့် ထားဝယ်မြို့သစ်တွင် အခန်းလုံးဝမရှိတော့သည့် အနေထားပင်ဖြစ်နေကြောင်း လောင်းလုံးမြို့နယ်ရှိ စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးကပြောသည်။ “အမျိုးအိမ်မှာတည်းပြီး အိမ်ခန်းရှာတာ နှစ်ရက်တိတိကြာတယ် ရတဲ့နေရာမှာပဲနေရတယ်။ တန်ဖိုး(စျေးနှုန်း)တွေ ကြည့်မနေနိုင်တော့ဘူး”ဟု သူမကပြောသည်။ ထားဝယ်မြို့နှင့် အနီးအနားတွင် ဝန်ဆောင်မှု၊ နေရာထိုင်ခင်းအမျိုးအစားပေါ်မူတည်ပြီး အိမ်ခန်းငှားရမ်းခမှာ ကျပ်တစ်သိန်းဝန်းကျင်မှ ကျပ်နှစ်သိန်း နီးပါးအထိ ရှိနေသည်။ […]

လောင်းလုံး အောက်ကျောက်ဝပ်ရွာလည်း မီးရှို့ခံရ

diz_admin

March 21, 2023

‌ညောပြင်ရွာနှင့်ကပ်လျက်တွင်ရှိသည့် အောက်ကျောက်ဝပ်ကျေးရွာတွင်လည်း နေအိမ်များ မီးရှို့ခံ‌နေရကြောင်း ဒေသခံတစ်ဦးက ယနေ့  ညနေ ၂ နာရီခန့်ကပြောသည်။ “ညောပြင်ရွာကိုရှို့ပြီးမှ အောက်ကျောက်ဝပ်မှာလာရှို့တာ။ ရွာအလယ်အပိုင်းကနေစပြီး ရှို့နေတယ်လို့ကြားရတယ်” ဟု တိမ်းရှောင်နေရသည့် ဒေသခံတစ်ဦးကပြောသည်။ အောာက်ကျောက်ဝပ်ကျေးရွာအနီး ပင်လယ်ပြင်တွင်မူ စစ်သင်္ဘောတစ်စီး ရပ်ထားထားကြောင်း ဒေသခံများကဆိုသည်။ လူမူကွန်ရက်ပေါ်တွင် ဒေသခံများမျှဝေထားသည့် ဓာတ်ပုံထဲတွင်လည်း စစ်သင်္ဘောတစ်စီးကိုတွေ့ရှိရသည်။ အဆိုပါ စစ်သင်္ဘောမှာ ယနေ့မနက်ပိုင်းကတည်းက ရောက်ရှိနေခြင်းဖြစ်ပြီး စစ်သင်္ဘောတွင်ပါလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ညောပြင်ရွာနှင့် အောက်ကျောက်ဝပ်ရွာကို မီးရှို့နေခြင်းဖြစ်ကြောင်း ဒေသခံအချို့ကပြောသည်။ အောက်ကျောက်ဝပ်ရွာတွင်မူ ဆိုင်ကယ်၊ သုံးဘီးများကိုပါ သိမ်းဆည်းပြီး ကားဖြင့်တင်ဆောင်သွားကြောင်း ဒေသခံတစ်ဦးကပြောသည်။ အောက်ကျောက်ဝပ်ရွာတွင်မူ ညောပြင်လောက် မီးရှို့ခံရသည့်နေအိမ်မများကြောင်း သိရသည်။ မီးလောင်ပျက်စီးသွားသည့် နေအိမ်မည်မျှရှိသည်ကိုမူ ယနေ့ညနေ ၃ နာရီခန့်အထိ မသိရသေးပေ။

လောင်းလုံး၊ စစ်ပြဲရွာတွင် နေအိမ်နှစ်ဆောင်မီးလောင်

diz_admin

March 21, 2023

လောင်းလုံးမြို့နယ်၊ စစ်ပြဲကျေးရွာအုပ်စု ရှေ့ဖက်ကားကျေးရွာတွင် နေအိမ်နှစ်ဆောင် ယနေ့(မတ် ၂၁) နံနက်ပိုင်းက မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။ “ဝါယာ‌ရှော့ဖြစ်ပြီး မီးလောင်တာ။ အခုတော့ မီးငြိမ်းသွားပြီ” ဟု ဒေသခံတစ်ဦးက ယနေ့ နေ့လယ် ၂ နာရီခန့်တွင် ပြောသည်။ လောင်းလုံးမြို့နယ်အပါအဝင် ထားဝယ်ခရိုင်အတွင်း ‌ယခုနွေရာသီတွင် နေအိမ်မီးလောင်ခြင်း၊ တောမီးလောင်ခြင်းတို့ မကြာခဏဖြစ်ပေါ်လျက်ရှိသည်။

ညောပြင်ကျေးရွာ မီးရှို့ခံရ

diz_admin

March 21, 2023

လောင်းလုံးမြို့နယ် ညောပြင်ကျေးရွာသို့ ရေလမ်းကရောက်ရှိလာသည့် စစ်ကောင်စီတပ်က ယနေ့(မတ် ၂၁) နေ့လယ် ၁၂ နာရီခန့်တွင် နေအိမ်များကိုမီးရှို့ခဲ့သည်။ မီးလောင်ပျက်စီးသွားသည့်နေအိမ် မည်မျှရှိသည်ကို လတ်တလောမသိရသေးပေ။ ဒေသခံများမှာ ထွက်ပြေးတိမ်းရှောင်နေကြပြီး ပင်လယ်မှငါးဖမ်းပြန်လာသည့် ဒေသခံအချို့ အဖမ်းခံထားရသည်ဟုဆိုသည်။

ဖမ်းဆီးခေါ်ဆောင်ခံရသည့် မင်းထိန် ရွာသူရွာသားများ ပြန်မလွတ်သေး

diz_admin

March 21, 2023

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ မင်းထိန်ကျေးရွာက ဖမ်းဆီးခေါ်ဆောင်သွားသည့် ဒေသခံများကို စစ်ကောင်စီတပ်က ပြန်လွှတ်ပေးခြင်း မရှိသေးကြောင်း ဒေသခံများထံမှသိရသည်။ မတ်လ ၁၉ ရက်က မင်းထိန်ကျေးရွာသို့ စစ်ကောင်စီတပ် စစ်ကြောင်း ဝင်ရောက်လာပြီးနောက် အမျိုးသမီးခြောက်ဦးနှင့် အမျိုးသားလေးဦးတို့အား ဖမ်းဆီးကာ ပုလောမြို့သို့ ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ ပုလောမြို့ရှိ စစ်ကောင်စီတပ်ရင်းတွင် အစစ်ဆေးခံနေရသည်ဟု ကြားသိရကြောင်း ဒေသခံတို့က ဆိုသည်။   “ဘယ်သူနဲ့မှလည်း ပေးမတွေ့ဘူး။ မျက်နှာတွေကိုလည်း အဝတ်နဲ့စည်းပြီး စစ်ဆေးနေတယ်လို့ကြားရတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ၎င်းတို့ကို မည်သည့်အကြောင်းအရင်းကြောင့် ဖမ်းဆီးသွားသည်ကို မသိရသေးကြောင်း ဒေသခံအချို့က ပြောဆိုသည်။ စစ်ကောင်စီတပ်သည် မင်းထိန်ရွာဘုန်းတော်ကြီးကျောင်းတွင် တပ်စွဲထားပြီး ရွာထဲက ရွာသားအချို့ကိုလည်း ဘုန်းတော်ကြီးကျောင်းတွင် ဖမ်းဆီးစစ်ဆေးနေကြောင်း ဒေသခံများက ဆိုသည်။ “ယောင်္ကျားမိန်းမ အကုန်လုံးရွာထဲ […]

လောင်းလုံး ညောပြင်ရွာ မီးရှို့ခံနေရ

diz_admin

March 21, 2023

လောင်းလုံးမြို့နယ် ညောပြင်ကျေးရွာသို့ ရေလမ်းကရောက်ရှိလာသည့် စစ်ကောင်စီတပ်က ရွာကိုမီးရှို့နေကြောင်း ဒေသခံအချို့က ပြောသည်။ ယနေ့ မတ်လ ၂၁ ရက် နေ့လယ် ၁၂ နာရီခန့်တွင် မီးရှို့နေခြင်းဖြစ်ပြီး ရွာထဲမှ မီးခိုလုံးများထွက်ပေါ်နေကြောင်း တိမ်းရှောင်နေရသည့် ဒေသခံတစ်ဦးက ဆိုသည်။ “စဝင်လာတုန်းက လက်နက်ကြီးပစ်တာတွေပါ ရှိတယ်။ အခုတော့ လက်နက်ကြီးပစ်သံ မကြားရတော့ဘူး။ ရွာကိုတော့မီးရှို့ထားလိုက်ပြီ” ဟု ဒေသခံတစ်ဦးက ယနေ့ နေ့လယ် ၁၂ နာရီက ပြောဆိုသည်။ စစ်ကောင်စီတပ်က လောင်းလုံးဘက်သို့ စစ်ကြောင်းထိုးနေသောကြောင့် ညောပြင်ဒေသခံများမှာ ကြိုတင်‌တိမ်းရှောင်နေကြသဖြင့် ရွာထဲတွင်လူမရှိသလောက်ဖြစ်နေကြောင်း ဒေသခံအချို့က ပြောသည်။ ‌ပင်လယ်မှ ငါးဖမ်းပြီးပြန်လာသည့် ဒေသခံအချို့မှာ အဖမ်းခံထားရသည်ဟု ၎င်းတို့က ပြောဆိုသည်။ စစ်ကောင်စီတပ်သည် ရေ‌လမ်းကြောင်းဖြင့် ယနေ့ နံနက်ပိုင်းက အောက်ကျောက်ဝပ်ရွာသို့ လှေဖြင့်ရောက်လာပြီး ယင်းမှတစ်ဆင့် […]