ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ဘန်းလမွတ်ကျေးရွာအုပ်စုတွင် မီးရှို့ဖျက်ဆီးခံရမှုအခြေအနေ

diz_admin

March 19, 2023

တနင်္သာရီမြို့နယ် ဘန်းလမွတ်ကျေးရွာအုပ်စုသို့ စစ်ကောင်စီတပ်ခြေလျင်စစ်ကြာင်း မတ်လ ၁၆ ရက်က ဝင်ရောက်ပြီးနောက် မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ ထို့ကြောင့် အိမ်သုံးလုံး၊ ကွမ်းသီးဂိုဒောင်တစ်လုံး၊ ဆိုင်ကယ်နှစ်စီးနှင့် ကွမ်းသီးခြံတို့ ပျက်စီးဆုံးရှုံးကြောင်း ၎င်းတို့က ဆိုသည်။ ယင်းနောက် ဘန်းလမွတ်ကျေးရွာအုပ်စုရှိ ငါးရံ့အင်း၊ ရွာဟောင်းနှင့် ရေခမ်းချောင်းတို့မှ ဒေသခံရာနှင့်ချီ တောအတွင်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဒေသခံတို့က ဆိုသည်။

တနင်္သာရီ သိန်ခွန်းကျေးရွာအနီး တိုက်ပွဲဖြစ်နေ

diz_admin

March 19, 2023

မြိတ်ခရိုင်၊ တနင်္သာရီ-မောတောင်လမ်း သိန်ခွန်းကျေးရွာအုပ်စုတွင် ယနေ့ တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။ သိန်ခွန်းကျေးရွာအုပ်စု၊ ချောင်းနှစ်ပေါက်တိုးဂိတ်တွင် ယနေ့ နံနက် ၉ နာရီဝန်းကျင်မှစတင်ဖြစ်ပွားပြီး စဝ်ကောင်စီတပ်များနှင့် ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်များ တိုက်ပွဲဖြစ်နေကြောင်း ဒေသခံများက ပြောသည်။ “လက်နက်ကြီးတွေ အဆက်မပြတ်ပစ်ပြီး တိုက်ပွဲက နည်းနည်းကြမ်းတယ်လို့ သိရတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။ တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်နှင့်အတူ KNU အပါအဝင် ကော်သူးလေတပ်မတော်တို့လည်း ပူးပေါင်းတိုက်ခိုက်နေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်နှင့် နီးစပ်သူအမျိုးသားတစ်ဦးက ဆိုသည်။ နှစ်ဖက်ထိခိုက်မှုအခြေအနေကိုမူ မသိရသေးကြောင်း ၎င်းက ပြောဆိုသည်။ ယင်းအပြင် သိန်ခွန်းရွာနှင့် ထုံမခါရွာကြားတွင်လည်း ယနေ့ နေ့လယ်တွင် နှစ်ဖက်တိုက်ပွဲဖြစ်နေသည်ဟု ကြားရပြီး အသေးစိတ်ကိုမူ မသိရသေးကြောင်း ဒေသခံအချို့က ပြောသည်။ တိုက်ပွဲကြောင့်ဒေသခံများမှာ ဘေးလွတ်နေရာများသို့ တိမ်းရှောင်နေကြကြောင်း ဒေသခံများထံမှ သိရသည်။ […]

သထုံတွင် လက်နက်ကြီးကျည်စထိမှန်ပြီး ၅နှစ်အရွယ်ကလေးငယ်သေဆုံး

diz_admin

March 19, 2023

မွန်ပြည်နယ်၊ သထုံမြို့နယ် အဝင်းကြီးကျေးရွာတွင် လက်နက်ကြီးကျည်ထိမှန်ကာ အသက် ၅ နှစ်အရွယ်ကလေးငယ် တစ်ဦး သေဆုံးသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။ မတ်လ ၁၈ ရက် ညနေ ၃နာရီခွဲခန့်က သထုံအခြေစိုက်အမြှောက်တပ် ၃၁၄ တပ်ရင်းက ရွှေရောင်ပြကျေးရွာစုဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ အဝင်းကြီးကျေးရွာဘေးတွင် ကျည်တစ်လုံး ကျရောက်ပေါက်ကွဲကြောင်း ၎င်းတို့က ဆိုသည်။ ယင်းသို့ပေါက်ကွဲစဉ် အဝင်းကြီးကျေးရွာဘေး အင်းထဲတွင် မိဘတို့နှင့်အတူ ငါးရှာနေသည့် အသက် ၅ နှစ်အရွယ် ယောက်ျားလေး၏ ဦးခေါင်းတွင် လက်နက်ကြီးကျည်စထိမှန် သေဆုံးခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ယင်းရွာအနီးဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုကြသည်။ မတ်လ ၁၇ ရက် ညကလည်း စစ်ကောင်စီခြေလျင်တပ် ခလရ ၂၄ တပ်ရင်းနှင့် […]

မောတောင်-စင်ခွန်းနယ်စပ်ဂိတ် ကုန်ဖလှယ်သည့်နေရာကိုယာယီပိတ်မည်ဟု ထိုင်းဘက်ကသတိပေး

diz_admin

March 19, 2023

မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ်ဂိတ်တစ်ခုဖြစ်သည့် မောတောင် – စင်ခွန်းအထူးယာယီနယ်စပ်ဂိတ်ရှိ ကုန်ဖလှယ်သည့် နေရာအား ယာယီပိတ်သွားမည်ဖြစ်ကြောင်း သတိပေးခံရသည်။ ကုန်ဖလှယ်မှုများကို တာဝန်ယူဆောင်ရွက်နေကြသည့် ထိုင်းဘက်တွင် ကုန်သွယ်ရေးလုပ်နေသည့်ကုမ္ပဏီများကို ထိုင်းနိုင်ငံ ပရာကျွတ်ခီရီခန်ခရိုင် ခရိုင်ဝန်ရုံးက သတိပေးထုတ်ပြန်ခြင်းဖြစ်သည်။ အဆိုပါ သတိပေးထုတ်ပြန်ချက်အား ပရာကျွတ်ခီရီခန်ခရိုင် ခရိုင်ပြန်ကြားရေးဦးစီးဌာနက မတ်လ ၁၈ ရက်တွင် ထုတ်ပြန်ထားသည်။ သန့်ရှင်းရေးနှင့် ရေဆိုးရေညစ်ကျဆင်းမှုများအား မထိန်းသိမ်းနိုင်လျှင် စနစ်တစ်ခုချမှတ်နိုင်သည်အထိ ကုန်စည်ဖလှယ်မှုကို ယာယီရပ်ဆိုင်းထားမည်ဖြစ်ကြောင်းဖြစ်ကြောင်း သတိပေးထားခြင်းဖြစ်သည်။ “အနံ့ဆိုးတွေ ထွက်တာက ရေခူတွေကနေကျတာ။ အေးခဲငါးတွေက ကျတာလည်းရှိတယ်။ ရေဆိုးတွေကျတာများတော့ ဒီလိုထုတ်ပြန်ချက်တွေ ဖြစ်လာတာ” ဟု မြိတ်ရေထွက်ကုန်များ တင်ပို့ရောင်းချနေသူ တစ်ဦးက ပြောသည်။ ၂၀၂၀ ခုနှစ် ဒီဇင်ဘာလအတွင်းက ထိုင်းနိုင်ငံ မဟာချိုင်ငါးဈေးတွင် လူခုနစ်ရာနီးပါး ကိုဗစ်ပိုးတွေ့ရှိပြီးနောက် မောတောင်-စင်ခွန်းနယ်စပ်ဂိတ်မှ ကုန်သွယ်ခွင့်၊ လည်ပတ်ခြင်းနှင့် […]

ရေး-ထားဝယ် ပြည်ထောင်စုကားလမ်းမပေါ်တွင် ကားတစ်စီးပစ်ခတ်ခံရပြီး တစ်ဦးဒဏ်ရာရ

diz_admin

March 19, 2023

တနင်္သာရီတိုင်းဒေသကြီး ၊ ရေဖြူမြို့နယ် ၊ ရေး-ထားဝယ်ကားလမ်း ၊ ဥဿရံရွာ ၊ မိုင်တိုင် ၂၃ အနီးတွင် အုတ်သယ်ကားတစ်စီး သေနတ်ဖြင့်ပစ်ခတ်ခံရပြီး ကားသမားဒဏ်ရာရရှိသွားကြောင်း စုံစမ်းသိရှိရသည်။ ဒဏ်ရာရသည့်အမျိုးသားသည် ရေဖြူမြို့နယ် သဲချောင်းကျေးရွာအုပ်စု သင်္ကန်းတောကျေးရွာတွင် နေထိုင်သူ အသက် ၃၀ အရွယ်ရှိ ကိုထွန်းထွန်းလေးဆိုသူဖြစ်သည်။ ကလိန်‌အောင်မြို့ဘက်မှ ရေဖြူမြို့ဘက်သို့ လာသည့် အုတ်သယ်ကားတစ်စီး မတ်လ ၁၇ ရက် ညနေပိုင်းတွင် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း၊ ပစ်ခတ်သည့် အဖွဲ့ကို မသိရှိရသေးကြောင်း ဒေသခံအချို့ကပြောသည်။ ပစ်ခတ်ခံရမှုကြောင့် ကိုထွန်းထွန်းလေးတွင် ဝမ်းဗိုက်နှင့် ဦးခေါင်းအနောက်ဘက် ကျည်ဆန်ထိမှန်ဒဏ်ရာရရှိခဲ့ပြီး ထားဝယ်ဆေးရုံကြီးတွင် ဆေးကုသနေရကြောင်း ၎င်းတို့ကပြောသည်။ “နေ့လယ် ၂ နာရီလောက်က ခွဲစိတ်ခန်းဝင်ပြီး ပြန်ထွက်လာပြီ “ ဟု ရေဖြူမြို့ဖောင်းတောရွာက ဒေသခံတစ်ဦးက မတ်လ […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

diz_admin

March 18, 2023

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ မတ်လ ၁၂ ရက်နေ့ မှ မတ်လ ၁၈ ရက်နေ့အထိ မြန်မာတွင် တိုက်ခိုက်မှုအရှိန်မြင့်လာပြီး ညှိနှိုင်းရေးလမ်းစမမြင်ဟု ကုလအထူးကိုယ်စားလှယ်ပြော မြန်မာနိုင်ငံတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား အင်အားသုံးတိုက်ခိုက်မှုများ မြင့်တက်လာပြီး ညှိနှိုင်းဆွေးနွေးရန် အလားအလာ မရှိသေးကြောင်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုဟေဇာလင်းက ပြောသည်။ မတ်လ ၁၆ ရက်က ကျင်းပသည့် ကုလသမဂ္ဂအထွေထွေညီလာခံတွင် ပြောဆိုခြင်းဖြစ်သည်။ စစ်ကောင်စီတပ် ပြီးခဲ့သည့်ဇန်နဝါရီလကုန်တွင် အရေးပေါ်ကာလကို သက်တမ်းတိုးပြီးနောက်တွင် အာဏာကို ဆက်လက်ဆုပ်ကိုင်ထားနိုင်ရန် တိုက်ပွဲအရှိန်မြှင့်လာပြီး လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှု၊ အရပ်သားများ၏ နေအိမ် အဆောက်အအုံများကို မီးရှို့ဖျက်ဆီးမှု၊ လူ့အခွင့်အရေးချိုးဖောက်မှုများ တိုးမြှင့်လုပ်ဆောင်လာကြောင်း ၎င်းက ဆိုသည်။ […]

လောင်းလုံး ကဒက်ကြီးရွာကို စစ်ကောင်စီတပ် ဝင်ရောက်ရှာဖွေ

diz_admin

March 18, 2023

လောင်း‌လုံးမြို့နယ် ကဒက်ကြီးရွာသို့ စစ်ကောင်စီတပ်စစ်ကြောင်း ဝင်ရောက်လာပြီး ရှာဖွေစစ်ဆေးမှုများ ယနေ့နံနက်အထိ လုပ်ဆောင်နေကြောင်း ဒေသခံအချို့ကပြောသည်။ ကဒက်ကြီးကျေးရွာသို့ မတ်လ ၁၇ ရက် ညပိုင်းတွင် စစ်ကြောင်းဝင်ရောက်လာပြီး သေနတ်ပစ်ဖောက်ခြင်း၊ နေအိမ်များအတွင်း ဝင်ရောက်ရှာဖွေခြင်းတို့ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ဒေသခံအချို့ကဆိုသည်။ ကဒက်ကြီးကျေးရွာနှင့်ပတ်သက်ပြီး ကောလဟလသတင်းမျိုးစုံလည်း အနီးဝန်းကျင်ကျေးရွာများတွင် ပျံ့နှံ့လျက်ရှိသည်။ စစ်ကောင်စီက ဒေသခံနှစ်ဦးကို ပစ်ခတ်ခဲ့ပြီး ဖမ်းဆီးထားသူများထဲမှ အရွယ်ကောင်းအမျိုးသမီးများကို မုဒိန်းကျင့်ခဲ့ကြောင်း သတင်းများထွက်ပေါ်နေခြင်းဖြစ်သည်။ သို့သော်ကဒက်ကြီးကျေးရွာမှ ယုံကြည်စိတ်ချရသည့် သတင်းအရင်းအမြစ်အချို့ထံ Dawei Watch က ယနေ့ (မတ် ၁၈) နံနက် ၁၀ နာရီခန့်က ဆက်သွယ်မေးမြန်းရာတွင် ယင်းသတင်းများမှာ မဟုတ်မှန်ကြောင်း ပြန်လည်ဖြေဆိုသည်။ “အဲလောက်ထိ ဆိုးဆိုးဝါးဝါး မဖြစ်သေးဘူး” ဟု ၎င်းကဆိုသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကဒက်ကြီးရွာထဲရောက်နေပြီး ဖမ်းဆီးထားသူများကို ရိက္ခာသယ်ခိုင်းခြင်းများ […]

လွတ်ရက်စေ့ မြန်မာလုပ်သား ၁၃၀ ကျော် ကော့သောင်းဘက်ပြန်ပို့

diz_admin

March 18, 2023

ထိုင်းနိုင်ငံ၊ ရနောင်းမြို့ရှိ လူဝင်မူကြီးကြပ်ရေးစခန်းတွင် ထိန်းသိမ်းခံထားရသည့် လွတ်ရက်စေ့ပြီးဖြစ်သည့် မြန်မာအလုပ်သမား တစ်ရာသုံးဆယ်ကျော်ကို မတ်လ ၁၇ ရက်နေ့က ကော့သောင်းဘက်သို့ ပြန်ပို့ပေးခဲ့ကြောင်း ၎င်းတို့အား ကူညီပေးနေသည့် ရွှေအဏ္ဏဝါပရဟိတလူငယ်အဖွဲ့ထံမှသိရသည်။ ကော့သောင်းဘက်သို့ ပြန်ပို့သည့် မြန်မာရွှေ့ပြောင်းအလုပ်သမားတို့တွင် အမျိုးသား ၉၉ ဦး၊ အမျိုးသမီး ၃၂ ဦး စုစုပေါင်း ၁၃၁ ဦးပါဝင်ကြောင်း ရွှေအဏ္ဏဝါပရဟိတလူငယ်အဖွဲ့မှ သိရသည်။ ‌”ဒေသခံအချို့လည်းပါတယ်။ နှစ်ဆယ်ရှစ်ဦးရှိတယ်”ဟု ရွှေအဏ္ဏဝါပရဟိတ လူငယ်အဖွဲ့ဝင်တစ်ဦးက ပြောသည်။ မြန်မာရွှေ့ပြောင်းအလုပ်သမားများအနက် ကော့သောင်းနေ အမျိုးသား ၁၉ ဦး၊ အမျိုးသမီး ၉ ဦး၊ စုစုပေါင်း ၂၈ ဦးပါဝင်ပြီး၊ ကျန် ၁၀၃ ဦးမှာ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်တို့မှဖြစ်သည်။ အဆိုပါ မြန်မာရွှေ့ပြောင်းအလုပ်သမားတို့သည် ထိုင်းတောင်ပိုင်းတွင် အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးပြစ်ဒဏ်ချခံရပြီးနောက် […]