ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

သရက်ချောင်းမြို့နယ် ရငဲကျေးရွာမှ အမျိုးသားတစ်ဦး ပဲဒက်ရွာအနီး အသတ်ခံရ

diz_admin

March 18, 2023

သရက်ချောင်းမြို့နယ်၊ ရငဲကျေးရွာမှ အမျိုးသားတစ်ဦး မတ်လ ၁၇ ရက်က ပဲဒက်ရွာအနီးတွင် ဖမ်းဆီးခံရပြီး အသတ်ခံရကြောင်း ဒေသခံအချို့က ပြောသည်။ အသက် ၄၆ နှစ်ခန့်ရှိ ကိုဝင်းထိုက်ဆိုသည့် အမျိုးသားမှာ သရက်ချောင်းမြို့နယ် အောက်ဘက်ရှိရွာများကို ဆိုင်ကယ်ဖြင့် ပန်းရောင်းသွားစဉ် အသတ်ခံရခြင်းဖြစ်သည်ဟု ဒေသခံအချို့က ပြောသည်။ ကိုဝင်းထိုက်မှာ ယခင်က ရငဲကျေးရွာရှိ ကွေ့တီယိုဆိုင်ဖွင့် ရောင်းနေသူဖြစ်ပြီး ပန်းရောင်းသည့်အလုပ်ကို ပြောင်းလဲ လုပ်ကိုင်နေသည်မှာ တစ်လခန့်သာရှိသေးသည်ဟု ရငဲကျေးရွာမှ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ “သူများတွေပြောတာတော့ ကျောက်ဆည်ဘက်မှာ ဖမ်းမိတယ်ဆိုကြားတယ်။ ပဲဒက်ကို ပြန်ခေါ်လာတဲ့ပုံမျိုးပေါ့နော်။ ပဲဝမှာသေနေတယ်” ဟု အထက်ပါအမျိုးသမီးက ဆိုသည်။ ကိုဝင်းထိုက် သေဆုံးနေသည်ဆိုသည့် သတင်းကို နေ့လယ် ၁၀ နာရီခွဲလောက်ကတည်းက ကြားနေရပြီး အလောင်းကိုမူ သွားမယူရဲသဖြင့် ယင်းအတိုင်းထားထားဆဲဖြစ်ကြောင်း အထက်ပါ […]

ပူတင်ကို စစ်ရာဇဝတ်မှုဖြင့် ဖမ်းဝရမ်းထုတ်

diz_admin

March 17, 2023

ယူကရိန်းနိုင်ငံကို တစ်နှစ်ကျော်ကြာ ကျူးကျော်သိမ်းပိုက်ရန် ကြိုးစားနေသော ရုရှား သမ္မတ ပူတင်ကို နိုင်ငံတကာ စစ်ရာဇဝတ်ဆိုင်ရာ တရားရုံး (ICC) က ဖမ်း၀ရမ်း ထုတ်လိုက်သည်။ ယူကရိန်းတွင် စစ်ရာဇဝတ်မှု ကျူးလွန်ရာတွင် တာဝန်ရှိသည်ဟုဆိုကာ ထိုသို့ ဖမ်းဝရမ်းထုတ်ခဲ့ခြင်း ဖြစ်သည်။ ယူကရိန်းကို ကျူးကျော်သိမ်းပိုက်ရာတွင် ကလေးငယ်များကို တရားဥပဒေမဲ့ ရွှေ့ပြောင်း ပို့ဆောင်ခြင်း၊ လူအများအပြားကို ယူကရိန်းပိုက်နက် မှ ရုရှားသို့ ရွှေ့ပြောင်းဆောင်ခြင်း တို့ဖြင့် စွပ်စွဲကာ ထိုသို့ ဖမ်း၀ရမ်းထုတ်ခဲ့ခြင်း ဖြစ်သည်။ ထိုနည်းတူ ရုရှားနိုင်ငံ၏ ကလေးငယ်ဆိုင်ရာ ကော်မရှင်နာမင်းကြီးကိုလည်း ထိုအကြောင်းအချက်ဖြင့် ဖမ်း၀ရမ်းထုတ်လိုက်သည်။ ရုရှားသည် ယူကရိန်းကို ကျူးကျော် သိမ်းပိုက်ရာတွင် သတ်ဖြတ်မှု၊ ညှင်းပန်းနှိပ်စက်မှုများ စနစ်တကျ ကျူးလွန်ခြင်းတို့ ရှိခဲ့ပြီး လူသားမျိုးနွယ်အပေါ် ကျူးလွန်သော စစ်ရာဇဝတ်မှုအထိ […]

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

diz_admin

March 17, 2023

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ မတ် ၁၁ ရက်နေ့မှ မတ် ၁၇ ရက်နေ့အထိ ငလျင်ဒဏ်ခံခဲ့ရတဲ့ တူရကီမှာ ရေဘေးကြောင့် လူ ၁၄ ဦးထက်မနည်းသေဆုံး လွန်ခဲ့တဲ့လက ငလျင်ဒဏ်ခံခဲ့ရတဲ့ တူရကီနိုင်ငံ အရှေ့တောင်ပိုင်းရှိ မြို့နှစ်မြို့မှာ ရေကြီးခဲ့လို့ လူ ၁၄ ဦးသေဆုံးပြီး အများအပြားပျောက်ဆုံးနေတယ်လို့ တာ၀န်ရှိသူတွေကနေ မတ် ၁၅ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ သေဆုံးသူနဲ့ ပျောက်ဆုံးသူတွေထဲမှာ ငလျင်လှုပ်ခတ်ပြီးကတည်းက ကုန်သေတ္တာအိမ်တွေထဲမှာ နေထိုင်နေကြရတဲ့ ငလျင်ဘေးကနေ လွတ်မြောက်လာသူတွေလည်း ပါ၀င်ကြောင်းသိရပါတယ်။ ဆန်လူဖာမြို့ လမ်းတွေမှာ ရေကြီးရေလျှံမှုများကြောင့် ကားတွေမျောပါတိမ်းမှောက်ပြီး လူ ၁၂ ဦးသေဆုံးခဲ့တာပါ။ အာဒီယာမန်းမြို့မှာတော့ ကုန်သေတ္တာအိမ်ထဲတွင်နေထိုင်ကြတဲ့ မိသားစုနှစ်စုထဲက နှစ်ဦးသေဆုံးသွားပါတယ်။ ရေကြီးရေလျှံမှုကြောင့် […]

ထိုင်းတောင်ပိုင်းတွင် ရိုဟင်ဂျာ ၄၀ ကျော် ဖမ်းဆီးခံရ

diz_admin

March 17, 2023

မလေးရှားနိုင်ငံသို့ သွားရောက်ရန် ထိုင်းနိုင်ငံတောင်ပိုင်းသို့ တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသော ရိုဟင်ဂျာ ၄၀ ကျော်ကို မတ်လ ၁၆ ရက် ညနေပိုင်းတွင် ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ နခွန်စီထမရတ်ခရိုင် ကျူလဖွန်ဒေသရှိ လမ်းဘေးတောထဲတွင် ပုန်းခိုနေသော ရိုဟင်ဂျာများကို ရွာလူကြီးတစ်ဦးက ရိပ်မိပြီး ရဲတပ်ဖွဲ့ကို တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း ရေးသားထားသည်။ ရဲတပ်ဖွဲ့များ လာရောက်စစ်ဆေးရာတွင် ရိုဟင်ဂျာများသည် တောထဲတွင် နေရာအနှံ့တွင် ပုန်းခိုနေသဖြင့် လိုက်လံ ခေါ်ဆောင်ခဲ့ရကြောင်း ဆိုသည်။ ၎င်းတို့မှာ ရခိုင်ပြည်နယ်မှ လာရောက်ကြခြင်း ဖြစ်ကြကြောင်း သတင်းတွင် ဖော်ပြသည်။ ဖမ်းဆီးခံရသူများတွင် အမျိုးသား ၃၂ ဦး၊ အမျိုးသမီး ၁၀ ဦးတို့ဖြစ်ကြပြီး အများစုသည် အသက် ၃၀ နှစ်အောက် လူငယ်များဖြစ်ကာ ကလေးငယ်များလည်းပါဝင်ကြောင်း ဖော်ပြသည်။ မြန်မာနိုင်ငံမှ […]

ထိုင်းနိုင်ငံမှ သီးပင်စားပင် ပျိုးပင်၊ ပန်းပင်များတင်သွင်းရန်ခက်၍ ပစ္စည်းပြတ် 

diz_admin

March 17, 2023

လမ်းပန်းဆက်သွယ်ရေး အခြေအနေကြောင့် ထိုင်းနိုင်ငံမှ သီးပင်စားပင် ပျိုးပင်၊ ပန်းပင်များ တင်သွင်းရန် ခက်ခဲနေပြီး စျေးကွက်အတွင်း စ္စည်းပြတ်လပ်နေပြီဖြစ်ကြောင်း ထိုင်းနိုင်ငံက ပျိုးပင်၊ သီးပင်၊ စားပင်၊ ပန်းပင်ရောင်းသူအချို့က ပြောသည်။ ရော်ဘာ၊ ဒူးရင်းပျိုးပင်၊ အုန်းပင်၊ သရက်၊ ကြက်မောက်၊ မင်းဂွတ်၊ ထိုင်းဘန်ဒါပင်၊ အလှပန်း၊ သစ်ခွပန်း စသည့်ပျိုးပင်၊ ပန်းပင်များကို ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ တင်သွင်းရောင်းချနေကြခြင်းဖြစ်ပြီး စစ်အာဏာသိမ်းကာလတွင် နှစ်ဖက်တိုက်ပွဲများနှင့် လက်နက်ကိုင်အဖွဲ့များ၏ ပစ်ခတ်မှု၊ လမ်းကြောင်းပိတ်ဆို့မှု၊ စစ်ဆေးမှုများကြောင့် တင်သွင်းရန် အခက်တွေ့လာကြောင်း ပျိုးပင်၊ ပန်းပင်ရောင်းသူ အချို့က ပြောသည်။ နိုင်ငံရေးအခြေအနေနှင့် လမ်းပန်းဆက်သွယ်ရေး အခြေအနေကြောင့် ကော့သောင်းနယ်စပ်မှတစ်ဆင့် ထိုင်းနိုင်ငံမှ တင်သွင်းနေသည့် ဒူးရင်းပျိုးပင်များ တင်သွင်းမှုကို ရပ်နားထားရသည်မှာ ၇ လခန့်ရှိပြီဟု ထားဝယ်မြို့၊ သပြေချောင်းရွာမှ […]

ကလိန်အောင်မြို့တွင် လက်နက်ကြီး ပစ်ခတ်သံများကြားရ

diz_admin

March 17, 2023

ရေဖြူမြို့နယ် ကလိန်အောင်မြို့အနီးဝန်းကျင်တွင် မတ်လ ၁၆ ရက်ညက သေနတ်ပစ်ခတ်သံများနှင့် လက်နက်ကြီးပစ်ခတ်သံများ ကြားရကြောင်း မြို့ခံများက ပြောသည်။ ကလိန်အောင်တံတားအနီး၊ ဇင်းဘာရွာလမ်းဝန်းကျင်တွင် ပစ်ခတ်သံများကြားရခြင်းဖြစ်သည်ဟု ဆိုသည်။ “ညက လက်နက်ကြီးသံတွေပါ ပါတယ်။ ခါတိုင်းလှန့်ပစ်နေသလို မဟုတ်ဘူး။ သေနတ်သံတွေလည်းကြားရတယ်။ ပစ်နေတာတော့ တော်တော်ကြာတယ်။ ည ၉ နာရီခွဲလောက်က ပစ်သံစကြားရတယ်။ ၄၅မိနစ်၊ တစ်နာရီလောက် ကြာတယ်” ဟု ကလိန်အောင်မြို့ခံတစ်ဦးက ပြောသည်။ အဆိုပါပစ်ခတ်မှုဖြစ်စဉ်နှင့်ပတ်သတ်ပြီး နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ဟုတ်မဟုတ် သီးခြားအတည် မပြုနိုင်သေးသလို ထိခိုက်မှုအခြေအနေလည်း မသိရသေးပေ။ ကလိန်အောင်တံတား စစ်ဆေးရေးဂိတ်တွင်မူ စစ်ကောင်စီတပ်သားများက ညဘက်တွင် တံတားအောက်ဘက် ကလိန်အောင်ချောင်းအတွင်းသို့ သေနတ်ခြောက်လှန့်ပစ်ခတ်လေ့ရှိကြောင်း မြို့ခံများက ပြောဆိုသည်။ မတ်လ ၁၇ ရက် နံနက်ပိုင်းတွင်မူ ကလိန်အောင်မြို့အတွင်း ပုံမှန်လှုပ်ရှားသွားလာနေကြကြောင်း မြိုခံများထံမှ […]

လောင်းလုံးမြို့နယ်တကြော စစ်ကြောင်းထိုးနေပြီး ဒေသခံများ ဖမ်ဆီး၊ ပစ်ခတ်ခံရ

diz_admin

March 17, 2023

လောင်းလုံးမြို့နယ်တကြောကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေပြီး ဒေသခံနှစ်ဦး ပစ်ခတ်ခံရကာ ဖမ်းဆီးခံရသူများလည်း ရှိနေကြောင်း စုံစမ်းသိရှိရသည်။ မတ်လ ၁၆ ရက်တွင် စစ်ကောင်စီတပ်က လောင်းလုံးမြို့နယ် ရေဖြူကျေးရွာအုပ်စု၊ စမ်းလှမ်း၊ တီဇစ် ကျေးရွာအနီးတွင် စစ်ကြောင်းတစ်ကြောင်း၊ မင်းရပ်၊ သာယာကုန်း၊ အင်းဝန်း၊ ကမြောကျေးရွာတို့ဖက်တွင် စစ်ကြောင်းတစ်ကြောင်းတို့ဖြင့် တောနင်းရှာဖွေနေကြောင်း ဒေသခံအချို့က ပြောသည်။ ယင်းသို့စစ်ကြောင်းထိုးရှာဖွေမှုများကြောင့် ဒေသခံများမှာ တိမ်းရှောင်နေကြရကြောင်း ၎င်းတို့က ဆိုသည်။ ဒေသခံအချို့လည်း ဖမ်းဆီးခံထားရပြီး ပစ်ခတ်ခံရသူလည်းရှိလာနေကြောင်း ဒေသခံတို့က ပြောဆိုသည်။ မတ်လ ၁၆ ရက် နံနက်ပိုင်းတွင် မင်းရပ်ကျေးရွာဘက်မှ ထားဝယ်မြို့ဘက်သို့ လာသည့် ခြေလျင်စစ်ကြောင်း တစ်ကြောင်းသည် လမ်းတစ်လျှောက် သေနတ်ပစ်ဖောက်ပြီး သွားနေသည်ကိုတွေ့ရကြောင်း ခရီးသည်အချို့က ပြောသည်။ သာယာကုန်းကျေးရွာက စိတ်ဝေဒနာသည်အမျိုးသားတစ်ဦးအား စစ်ဆေးရန်ခေါ်ယူသည်ကို မလာဟုဆိုကာ ပစ်ခတ်ခဲ့သဖြင့် […]

သရက်ချောင်းတွင် စစ်ကောင်စီတပ်ရင်းများသို့ သွယ်ထားသည့် ရေပိုက်လိုင်းမိုင်းခွဲခံရ

diz_admin

March 17, 2023

စစ်ကောင်စီတပ် တပ်ရင်းများသို့ သွယ်တန်းထားသည့် ရေပိုက်လိုင်းကို သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့က မတ်လ ၁၆ ရက် ညနေပိုင်းတွင် မိုင်းနှစ်လုံးဖြင့် ဖောက်ခွဲဖျက်စီးခဲ့ကြောင်း ယင်းတပ်ဖွဲ့နှင့် ဒေသခံတို့ထံမှ သိရသည်။ သရက်ချောင်း ရေတံခွန်ရေလှောင်ကန်မှ စစ်ကောင်စီတပ် ခမရ ၄၀၃၊ ခမရ ၄၀၄၊ ခမရ ၄၀၅ တပ်ရင်းများထဲသို့ သွယ်တန်းထားသည့် ရေပိုက်လိုင်းဖြစ်ကြောင်း ယင်းအဖွဲ့က ဆိုသည်။ ခြောက်လက်မနှင့် ရှစ်လက်မ ပတ်လည်ရှိ သံပိုက်လိုင်းများကို မတ်လ ၁၆ ရက် ညနေ ၃ နာရီ ၂၀ မိနစ်ခန့်တွင် ဖောက်ခွဲဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့ထံက သိရသည်။ ခြောက်လက်မပတ်လည်ပိုက်လိုင်းမှာ အလုံးစုံပျက်စီးခဲ့ပြီး ရှစ်လက်မပတ်လည် ပိုက်လိုင်းမှာ အနည်းငယ်သာ ထိခိုက်ကြောင်း ယင်းအဖွဲ့က ဆိုသည်။ ရေပိုက်လိုင်းကို […]