မွန်ပြည်နယ်တွင် အကျဥ်းကျနေသူ ၄၁၂ ဦး ပြန်လွတ်
diz_admin
January 4, 2023မွန်ပြည်နယ်အတွင်းရှိ အကျဥ်းထောင်အသီးသီးမှ အကျဥ်းသား၊ အကျဥ်းသူ ၄၁၂ ဦး လွတ်မြောက်လာကြောင်း အကျဥ်းထောင်က ထုတ်ပြန်သည့်စာရင်းအရ သိရသည်။ ပြန်လွတ်လာသူ ၄၁၂ ဦးတွင် ကျိုက်မရောဗဟိုအကျဉ်းထောင်မှ ၉၆ ဦး၊ မော်လမြိုင်အကျဥ်းထောင်မှ ၆၅ ဦး၊ သထုံအကျဥ်းထောင်မှ ၁၀၄ ဦးအပါအဝင် အကျဉ်းထောင်အသီးသီးမှ အကျဉ်းသား ၃၂၇ ဦး၊ အကျဉ်းသူ ၈၅ ဦး ပါဝင်သည်ဟု အကျဥ်းထောင်မှ သိရသည်။ မွန်ပြည်နယ်အတွင်းက လွတ်မြောက်လာသည့် အကျဥ်းသား အကျဥ်းသူများတွင် နိုင်ငံရေးအကျဥ်းသားများ ပါ၊မပါကိုမူ အတည်ပြုနိုင်ခြင်းမရှိသေးပေ။ “နိုင်ငံရေးအကျဥ်းသားတွေ ပါလား မပါလား ဘယ်လောက်ပါလဲဆိုတာ မသိသေးဘူး၊ ပါခဲ့ရင်လည်း မများဘူး၊ ခိုးမှု မူးယစ်မှုနဲ့ပဲ များတယ်” ဟု နိုင်ငံရေးအကျဥ်သားအရေး ကူညီလုပ်ဆောင်နေသူ တစ်ဦးက ပြောသည်။ ဇန်နဝါရီ […]


