ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ပုလော၊ သင်္ကန်းတောရွာ သုံးရက်ဆက်တိုက် လက်နက်ကြီးပစ်ခံနေရ

diz_admin

January 11, 2023

မြိတ်ခရိုင်၊ ပုလောမြို့နယ်ရှိ သင်္ကန်းတောရွာကို လက်နက်ကြီးဖြင့် ပစ်နေသည်မှာ သုံးရက်ဆက်တိုက် ရှိလာပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ ဇန်နဝါရီလ ၉ ရက်မှ ယနေ့ ၁၁ ရက် နံနက်အထိ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် သင်္ကန်းတောရွာဘက်သို့ ပစ်ခတ်နေကြောင်း ဒေသခံများက ပြောသည်။ ဇန်နဝါရီလ ၈ ရက်နေ့က တိုကျေးရွာအနောက်တောင်သို့ စစ်ကောင်စီတပ်သားများ ရောက်ရှိလာပြီး နောက်တစ်ရက်တွင် စတင်ပစ်ခတ်ခဲ့ကြောင်း ၎င်းတို့က ဆိုသည်။ “တိုက်ပွဲသဘောမျိုးတော့ မဟုတ်ဘူး။ သူတို့ (စစ်တပ်) ကို PDF တွေက စနိုက်ပါနဲ့ ဟိုနားဒီနား သွားသွား ချောင်းပစ် တယ်ကြားတယ်။ ဟိုကလည်း PDF ရှိတယ်အထင်နဲ့ သင်္ကန်းတောရွာထဲ လက်နက်ကြီးတွေနဲ့ ပြန်ပြန်ပစ်တာ” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ လက်နက်ကြီး ကျရောက်နေသဖြင့် […]

လောင်းလုံး ဝေဒီရွာတွင် အမျိုးသမီးတစ်ဦး ပစ်သတ်ခံရ

diz_admin

January 11, 2023

လောင်းလုံးမြို့နယ် ဝေဒီရွာတွင် ယနေ့ ဇန်နဝါရီလ ၁၁ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်က အမျိုးသမီးတစ်ဦး ပစ်သတ်ခံရကြောင်း ဒေသခံများက ပြောသည်။ ဝေဒီရွာသူ အသက် ၆၀ ကျော်အရွယ် ဒေါ်တင်သန်းဆိုသူ နေအိမ်တွင် ရှိနေစဉ် လက်နက်ကိုင်အမျိုးသားနှစ်ဦးက လာရောက် ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “သူ့အိမ်မှာ ကုန်စုံဆိုင်ရောင်းနေတယ်။ ဈေးဝယ်လာသလိုနဲ့ လည်ပင်းကို ပစ်သွားတယ်လို့ ကြားရတယ်” ဟု ၎င်းက ပြောသည်။ အဆိုပါအမျိုးသမီးကို မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်သတ်သွားသည်ကို Dawei Watch အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ သေဆုံးသူ အမျိုးသမီး၏ရုပ်အလောင်းကို ယနေ့ မွန်းလွဲပိုင်းတွင် အရေးပေါ်ကားဖြင့် ထားဝယ်သို့ တင်ဆောင်သွားကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ ယမန်နေ့ကလည်း ‌လောင်းလုံးမြို့နယ် ကျောက်ဆင်ရွာတွင် […]

ထိုင်းတွင် စက်ရုံများသို့သွားပြီး နိုင်ငံကူးလက်မှတ်သက်တမ်းတိုးပေးမည်ဟု မြန်မာသံရုံးထုတ်ပြန်

diz_admin

January 11, 2023

ထိုင်းနိုင်ငံအတွင်းရှိ မြန်မာအလုပ်သမားများ လုပ်ကိုင်လျက်ရှိသော စက်ရုံ၊ အလုပ်ရုံများသို့ Mobile Team အဖွဲ့များ စေလွှတ်ပြီး နိုင်ငံကူးလက်မှတ်သက်တမ်းတိုးပေးမည်ဖြစ်ကြောင်း ဘန်ကောက်မြို့ရှိ မြန်မာနိုင်ငံသံရုံးက ဇန်နဝါရီလ ၁၀ ရက်တွင် ထုတ်ပြန်သည်။ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးရန် ရက်ချိန်းတိုကင် စပေးသည့် ဇန်နဝါရီလ ၇ရက်တွင် သံရုံးရှေ့ ညအိပ်စောင့်ဆိုင်း သူများအပါအဝင် အလုပ်သမား ခြောက်ထောင်ကျော်အထိ တန်းစီစောင့်ဆိုင်းခဲ့ရာ လူတိုးကြိတ်မှုကြောင့် မူးလဲသူများပင် ရှိခဲ့သည်။ ယင်းနောက် ယခုအစီအစဉ်ကို သံရုံးဘက်က ကြေညာလာခြင်းဖြစ်သည်။ မြန်မာအလုပ်သမား တစ်ထောင်ကျော်ရှိသော စက်ရုံများသို့ ဇန်နဝါရီလ ၂၃ ရက်နေ့ နောက်ပိုင်းတွင် Mobile Team အဖွဲ့ နှစ်ဖွဲ့စေလွှတ်ကာ ဆောင်ရွက်ပေးသွားမည်ဟု ဆိုသည်။   စက်ရုံများကို မဲနှိုက်ပြီး အလှည့်ကျသွားရောက် လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း ရေးသားထားသည်။ စက်ရုံများအနေဖြင့် […]

လောင်းလုံး ကျောက်ဆင်ရွာတွင် အမျိုးသမီးတစ်ဦး ပစ်သတ်ခံရ

diz_admin

January 11, 2023

လောင်းလုံးမြို့နယ် ကျောက်ဆင်ရွာတွင် ဇန်နဝါရီလ ၁၀ ရက် မွန်းလွဲပိုင်းက အသက် ၆၃ နှစ် အရွယ် အမျိုးသမီးတစ်ဦး ပစ်သတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။ ပစ်သတ်ခံရသူမှာ ကျောက်ဆင်ရွာတွင်နေထိုင်သည့် ဒေါ်မာမာဇင်ဆိုသူဖြစ်ပြီး နေအိမ်တွင် ပစ်သတ်ခံရခြင်း ဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ သေနတ်ပစ်ခတ်သံကိုသား ကြားလိုက်ရပြီး သေနတ်သမား မည်မျှလာရောက်ခဲ့သည်ကို မသိလိုက်ရကြောင်း ဒေသခံအချို့က ဆိုသည်။ အဆိုပါအမျိုးသမီးသည် ရန်ကုန်ဘက်ကဖြစ်ပြီး ကျောက်ဆင်ရွာသားနှင့် အိမ်ထောင်ကျကာ ယင်းရွာတွင် နေထိုင်နေသူဖြစ်ကြောင်း အထက်ပါဒေသခံက ပြောဆိုသည်။ “စကားအပြောအဆို မတတ်တော့ သူနဲ့မတည့်သူက များတယ်” ဟု ၎င်းက ပြောသည်။ သို့သော် အဆိုပါအမျိုးသမီးကို မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်သတ်သွားသည်ကို မသိရသေးပေ။ ပစ်ခတ်ခံရမှုကြောင့် ထိုအမျိုးသမီးတွင် လည်ပင်း၊ မျက်လုံး၊ နားထင်တို့တွင် […]

မီးရှို့ပစ်ခတ်ခံရသည့် ဟင်းချိုတောရွာဖြစ်ရပ်

diz_admin

January 11, 2023

ဟင်းချိုတောကျေးရွာတွင် ယနေ့ နံနက်အစောပိုင်းက လက်နက်ကိုင် လူတစ်စုဝင်ရောက်ကာ နေအိမ်များကို မီးရှို့ခြင်း၊ သေနတ်ပစ်ခတ်ခြင်း၊ ဒေသခံများကို စစ်ဆေးခြင်း စသည်တို့ လုပ်ဆောင်ခဲ့ကြသည်။ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် သပြေရှောင်ကျေးရွာအုပ်စုတွင် တည်ရှိသည့် အဆိုပါကျေးရွာတွင် နေအိမ်ငါးလုံးကို ပျူစောထီးအဖွဲ့က လာရောက်မီးရှို့ဖျက်ဆီးသွားခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။ ယနေ့ ဇန်နဝါရီလ ၁၁ ရက် နံနက် ၄ နာရီခန့်တွင် ရေလမ်းခရီးဖြင့် အနက်ရောင် အရပ်ဝတ် အဝတ်အစားများ ဝတ်ဆင်ထားသည့် လက်နက်ကိုင် လူနှစ်ဆယ်ခန့် ဝင်ရောက်လာခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ လက်မောင်းတွင် အဖြူရောင်လက်ပတ်ကို ဝတ်ဆင်ထားသည်ကို လည်းတွေ့ရသည်ဟု ဆိုသည်။ ၎င်းတို့သည် ပျူစောထီးအဖွဲ့ဝင်များဖြစ်ကြောင်း ဒေသခံအချို့က ကောက်ချက်ချသည်။ နေအိမ်မီးရှို့ခံရသူများထဲတွင် NLD ပါတီ ဝန်ရံဖူးသူများဖြစ်နေခြင်း၊ မီးလာရှို့သူများ ကိုင်ဆောင်ထားသည့် သေနတ်များတွင် […]

ရေဖြူတွင် စွန့်ပစ်ထားသည့် အမျိုးသားနှစ်ဦး ရုပ်အလောင်းတွေ့

diz_admin

January 11, 2023

ရေဖြူမြို့နယ်၊ သဗြေဇွန်းရွာအနီးတွင် ယနေ့ ဇန်နဝါရီလ ၁၁ ရက် နံနက်ပိုင်းက လမ်းဘေးတွင် စွန့်ပစ်ထားသည့် အမျိုးသားနှစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိရကြောင်း ဒေသခံများက ပြောသည်။ သဗြေဇွန်းရွာနှင့် ရေဖြူမြို့ ကြားလမ်းပိုင်းတစ်နေရာတွင် အဆိုပါ ရုပ်အလောင်း နှစ်လောင်းကို ခရီးသွားဒေသခံများက စတင်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ခရီးသွားဒေသခံတစ်ဦးက ဆိုသည်။ “နှစ်ဦးစလုံးက ပုဆိုးနဲ့ အင်္ကျီမရှိဘူး။ လက်နှောက်ပြန် ကြိုးတုတ်ပြီး မျက်နှာကို အဝတ်စည်းထားတယ်။ လမ်းဘေးမှာ မှောက်ခုံ သေနေတာတွေ့ရတယ်” ဟု ၎င်းက ပြောသည်။ သေဆုံးသူနှစ်ဦးမှာ မည်သူမည်ဝါ ဖြစ်သည်ကို မသိရသလို သဗြေဇွန်းရွာသားများလည်း မဟုတ်ကြကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။ “ညက ခုနစ်နာရီလောက် ကားတစ်စီး အဲဒီဖက် ဖြတ်သွားတာတွေ့ရတယ်။ ပြီးတာနဲ့ သေနတ်သံ သုံးလေးချက် ကြားတယ်။ ပြီးတော့ […]

လောင်းလုံးတွင် စစ်အာဏာရှင်ဆန့်ကျင့်ရေး ဆန္ဒပြ

diz_admin

January 11, 2023

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း ယနေ့(ဇန်နဝါရီ ၁၁) ညနေပိုင်းက စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြသည်။

လောင်းလုံး ဟင်းချိုတောရွာတွင် နေအိမ်ငါးလုံးမီးရှို့ခံရ

diz_admin

January 11, 2023

လောင်းလုံးမြို့နယ် ဟင်းချိုတောကျေးရွာတွင် နေအိမ်ငါးလုံး ယနေ့ ဇန်နဝါရီလ ၁၁ရက် နံနက် ၄နာရီခန့်က မီးရှို့ခံရကြောင်း ဒေသခံများထံမှ သိရသည်။ ‌ကျေးရွာ၏ အရှေ့ဘက်က ရေလမ်းခရီးဖြင့် လက်နက်ကိုင် လူနှစ်ဆယ်ခန့် အရပ်ဝတ်ဖြင့် လာရောက်ပြီး မီးရှို့သွားခြင်းဖြစ်ကြောင်း ‌ဒေသခံအချို့က ပြောသည်။ မီးရှို့ခံရသည့်နေအိမ်များမှာ NLD ပါတီထောက်ခံသူများ၏ နေအိမ်ဖြစ်ပြီး လာရောက်မီးရှို့သူများမှာ ပျူစောထီးများဖြစ်နိုင်ကြောင်း ဒေသခံတို့က ဆိုသည်။ “မီးရှို့ခံရတဲ့ အိမ်တွေက NLD ထောက်ခံသူတွေ။ အခုပဲ သွားငြှိမ်းသတ်ပြီးလာတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ ဇန်နဝါရီလ ၁ဝရက်က ဟင်းချိုတောရွာသို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲ ပြုလုပ်ပြီးနောက် ယနေ့ နံနက်ပိုင်း‌တွင် မီးရှို့ခံလိုက်ရခြင်းဖြစ်ကြောင်း ဒေသခံ နောက်တစ်ဦးက ဆိုသည်။ အသေးစိတ် အခြေအနေကို Dawei […]