ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မင်္ဂလာဆောင်ခါနီး သတို့သား ပစ်ခတ်ခံရပြီးသေဆုံး

diz_admin

January 12, 2023

တနင်္သာရီမြို့နယ်၊ ပဝကျေးရွာ၌ မနက်ဖြန် ဇန်နဝါရီလ ၁၃ ရက်တွင် မင်္ဂလာဆောင်တော့မည့် သတို့သားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံလိုက်ရပြီး သေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။ သတို့သားသည် ရေဖြူ၊ ချောင်းဆုံရွာနေ အသက် ၂၆နှစ်အရွယ် ကိုနှင်းထွန်းဆိုသူဖြစ်ပြီး ဇန်နဝါရီလ ၁၁ ရက် ည ၈ နာရီဝန်းကျင်က ပစ်သတ်ခံခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။ “သမီးရည်းစား လုကြတာလို့ကြားတယ်။ ဒီကနေ့ လုပ်ကိုင် (ပွဲအတွက်ပြင်ဆင်) မိုးလင်းထ (မနက်ဖြန်) အပြီးဆိုပြီး မင်္ဂလာဆောင်ဖို့ လုပ်ထားတာ။ အခုတော့ သေသွားပြီ” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ အမျိုးသားနှစ်ဦး ဆိုင်ကယ်ဖြင့် လာရောက်ပစ်သတ်ခဲ့ခြင်းဖြစ်ပြီး အခင်းဖြစ်ပြီး နာရီဝက်အတွင်းတွင် ၎င်းတို့နှစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ဒေသခံနောက်တစ်ဦးက ပြောဆိုသည်။ “နှစ်ယောက်စလုံးကို PDF အနောက်တမ်းအဖွဲ့က […]

မြိတ်တွင် အုန်းဆံမျှင်ဖြင့် အလှပန်းအိုးများထုတ်၊ အလုံးရေ သုံးထောင်ကျော် အော်ဒါရဟုဆို

diz_admin

January 12, 2023

မြိတ်မြို့ ပလောက်စုရပ်ကွက်နေသူတစ်ဦးသည် အုန်းဆံမျှင်ဖြင့် အလှပန်းအိုးများကို ထုတ်လုပ်လျက်ရှိပြီး အလုံးရေ သုံးထောင်ကျော် အော်ဒါလက်ခံရရှိထားကြောင်း အလှပန်းအိုးထုတ်လုပ်သူက ဦးသန်းဇော်ဦးက ပြောသည်။ ၎င်းသည် ၂၀၁၇ ခုနှစ်မှစပြီး ကွမ်းသီးဘုတ်ဖက်ဖြင့် ကော်ဖီခွက်၊ ပန်းကန်ပြားကဲ့သို့ တစ်ခါသုံး လူသုံးကုန်ပစ္စည်းများ၊ ရေသန့်ဗူးခွံ့မှ တံမြက်စည်းပြုလုပ်ခြင်း၊ ရေပေါ်အုတ် တီထွင်ထုတ်လုပ်ခြင်း စသည့်တို့ကို စွန့်ဦးတီထွင် ထုတ်လုပ်ခဲ့သူလည်း ဖြစ်သည်။ ပြီးခဲ့သည့် ဒီဇင်ဘာလတွင် အုန်းဆံမျှင်ဖြင့် အလှပန်းအိုးများကို ထပ်မံပြုလုပ်နေခြင်းဖြစ်သည်။ အလုံးရေ သုံးထောင်ကျော်အနက် တစ်ထောင်ကျော်‌အား ပို့ပေးထားပြီး ကျန်အလုံးရေ နှစ်ထောင်ကျော်အား ဆက်လက်ပေးပို့ရန် ထုတ်လုပ်နေဆဲဖြစ်ကြောင်း ဦးသန်းဇော်ဦးက ဆိုသည်။ “မန္တလေးကို တစ်ရက်နှစ်ရက်အတွင်း ပို့ရမယ်။ မန္တလေး သစ်ခွခြံတစ်ခြံက ငါးရာအော်ဒါရှိတယ်” ဟု ၎င်းက ပြောသည်။ အဆိုပါ အလှပန်းအိုးတို့အား ရန်ကုန်၊ မန္တလေး၊ […]

အင်းဝန်းရွာလောင်းကစားဝိုင်း PDF ကသေနတ်ပစ်ဖောက်သတိပေး

diz_admin

January 12, 2023

အင်းဝန်းရွာတွင်ပြုလုပ်နေသော လောင်းကစားဝိုင်းကို PDF အဖွဲ့က သေနတ်ပစ်ဖောက်သတိပေးမှု ပြုလုပ်ခဲ့သည်ဟု ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ မနေ့(ဇန်နဝါရီ ၁၁)က ညနေ သုံးနာရီခန့်တွင် သေနတ်ကိုင်လူငယ် ၆ ဦးခန့်က သေနတ်ပစ်ဖောက်ပြီးနောက် လောင်းကစားဝိုင်းတွင်ရှိနေသူများအား နောက်ထပ်မပြုလုပ်ရန် သတိပေးခဲ့သည်ဟု ဒေသခံတစ်ဦးကပြောသည်။ “ဘာမှမလုပ်ဘူး နောက်မလုပ်ဖို့ပဲ သတိပေးသွားတယ် “ဟု၎င်းကပြောသည်။ သေနတ်ပစ်ဖောက်မှုကြောင့် လောင်းကစားပြုလုပ်နေကြသည့် ရွာခံအချို့ မှာ ရွာအရှေ့ဘက်လယ်ကွင်းဘက်ကို ပြေးထွက်သွားသည်ဟု မျက်မြင်တွေ့ရှိသူအခြား ကျေးရွာမှ ဒေသခံတစ်ဦးကပြောသည်။ “သေနတ်သံက‌ ခြောက်ချက်လောက်ရှိမယ်။ အပေါ်ထောင်ပစ်တာ လယ်ကွင်းထဲကို လူတွေထွက်ပြေးလာတာ တွေ့ရတယ်”ဟု၎င်းကပြောသည်။ အင်းဝန်းရွာသည် ထားဝယ်မြို့အနီး လောင်းလုံးမြို့နယ်ထဲတွင်ရှိပြီး လောင်းလုံး-ထားဝယ်ကားလမ်းမမှ တစ်ဖာလုံခန့် အကွာတွင်ရှိကာ ရွာပတ်လည်ကို လယ်ကွင်းများဝန်းရံထားသော ကျေးရွာငယ်လေးဖြစ်သည်။ “လေးပြားဖဲကစားနည်းရှိမယ်၊ ဖဲကစားနည်းရှိမယ် ငွေကြေးက များများစားစားတော့မဟုတ်ဘူး”ဟု ရွာခံတစ်ဦးကပြောသည်။ အလားတူ ပြီးခဲ့သည့်သုံးလေးရက်ခန့်ကလဲ လောင်းလုံးမြို့နယ် ဂေါ့အင်းရွာတွင် […]

မြဝတီ-မဲဆောက်တံတားဖွင့်ပြီ

diz_admin

January 12, 2023

ကိုဗစ်ကပ်ဘေးကြောင့် သုံးနှစ်နီးပါးပိတ်ထားခဲ့သော ထိုင်း-မြန်မာနယ်စပ်ရှိ မြဝတီ-မဲဆောက် အမှတ် (၁) ချစ်ကြည်ရေးတံတားကို ယနေ့မနက် ၇ နာရီအချိန်ခန့်တွင် ပြန်လည်ဖွင့်လှစ်လိုက်သည်။ ကိုဗစ်ကြောင့် မြဝတီ-မဲဆောက် ချစ်ကြည်ရေးတံတား နယ်စပ်ဂိတ်ကို ၂၀၂၀ ခုနှစ် မတ်လ ၂၃ ရက်နေ့ ကတည်းက ပိတ်ထားခဲ့ပြီး ၃ နှစ်နီးပါးအကြာ ယနေ့တွင်မှ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်သည်။

ရေဖြူ ပိတောက်ကုန်းရွာ အုပ်ချုပ်ရေးမှူးပစ်ခတ်ခံရ

diz_admin

January 11, 2023

ရေဖြူမြို့နယ်၊ ပိတောက်ကုန်းရွာတွင် ဇန်နဝါရီလ ၁၀ ရက်နေ့ နေ့လယ်ပိုင်းက အသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦး အပစ်ခံရကြောင်း ဒေသခံအချို့၏ ပြောကြားချက်အရသိရသည်။ အပစ်ခံရသူမှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတစ်ဦးဖြစ်သူ ဦးကျော်ဝင်းဆိုသူဖြစ်သည်။ ၎င်းသည် NLD အစိုးရလက်ထက်ကလည်း ပိတောက်ကုန်းရွာ အုပ်ချုပ်ရေးမှူးလုပ်ခဲ့သူဖြစ်ကြောင်း ဒေသခံအချို့ကပြောသည်။ ဦးကျော်ဝင်းအား ရေဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့( YPPDF) က လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ ဦးကျော်ဝင်းမှာ လက်နက်ကိုင်ဆောင်ထားသူဖြစ်သောကြောင့် လာရောက်ပစ်ခတ်သည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သေးကြောင်း ဒေသခံတစ်ဦးကဆိုသည်။ “သေသလား ရှင်သလားတော့မသိ ဒဏ်ရာနဲ့ထွက်ပြေးသွားတယ်” ဟု၎င်းကပြောသည်။ ဦးကျော်ဝင်းမှာ ထားဝယ်ဇာတိမဟုတ်ဘဲ ပိတောက်ကုန်းရွာသူနှင့် အိမ်ထောင်ကျကာ ယင်းကျေးရွာတွင် အခြေချနေထိုင်သူဟုဆိုသည်။ စစ်ကောင်စီလက်ထက်တွင်လည်း အုပ်ချုပ်ရေးမှူးဆက်လက် လုပ်ကိုင်နေသူဖြစ်ကြောင်း ဒေသခံအချို့ကဆိုသည်။ ၎င်းသည် ကျေးရွာအတွင်း ဆက်ကြေးကောက်ခြင်း၊ ပြည်သူများကို ခြိမ်းခြောက်ခြင်း၊ ပြည်သူများဖမ်းဆီးခံရအောင် ကူညီပေးခြင်း၊ လက်နက်ကိုင်ဆောင်ထားသူဖြစ်ခြင်း၊ ရွေးကောက်ပွဲအတွက် ပူးပေါင်းပါဝင်ခြင်းတို့ လုပ်ဆောင်နေသဖြင့် YPPDF အဖွဲ့က […]

ဟိုတယ်ထားဝယ်ပိုင်ရှင်၏ မူးယစ်ဆေးဝါးအမှုတွင် စစ်ကောင်စီခေါင်းဆောင် မိသားစု၏ ပိုင်ဆိုင်မှုများပါဝင်နေ

diz_admin

January 11, 2023

ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံထားရသော မြန်မာစီးပွားရေးလုပ်ငန်းရှင် ဒေါက်တာထွန်းမင်းလတ်၏ မူးယစ်ဆေးဝါးအမှုတွင် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သားသမီးများ၏ ပိုင်ဆိုင်မှုတစ်ချို့လည်း ပါဝင်နေခဲ့ကြောင်း Justice For Myanmar က ယနေ့တွင် ထုတ်ပြန်ခဲ့သည်။ ဒေါက်တာထွန်းမင်းလတ်ကို မူးယစ်ဆေးဝါး ရောင်းဝယ်မှုဖြင့် ဖမ်းဆီးသိမ်းဆည်းခဲ့သော ပစ္စည်းများတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ သားဖြစ်သူ ဦးအောင်ပြည့်စုံ ပိုင်ဆိုင်သော အိပ်ခန်းလေးခန်းပါ အဆင့်မြင့် ဇိမ်ခံကွန်ဒိုအခန်းတစ်ခန်းနှင့် သမီးဖြစ်သူ ဒေါ်ခင်သီရိသက်မွန်၏ Siam Commercial Bank ၏ ဘဏ်စာအုပ်နှစ်အုပ် ပါဝင်နေကြောင်း Justice For Myanmar က ထုတ်ပြန်ခဲ့သည်။ ဒေါက်တာထွန်းမင်းလတ်ကို လုပ်ဖော်ကိုင်ဖက် ထိုင်းနိုင်ငံသား ၃ ဦးနှင့်အတူ ပြီးခဲ့သောနှစ် စက်တင်ဘာ ၁၇ ရက်နေ့တွင် ဘန်ကောက်မြို၌ ထိုင်းရဲတပ်ဖွဲ့များက ဖမ်းဆီးခဲ့ပြီး ၎င်းတို့နှင့်အတူ ဘတ်သန်း ၂၀၀ တန်ဖိုးရှိသော ပိုင်ဆိုင်မှုများကို သိမ်းယူခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။ […]

ဆီးရီးယားမှာ စာသင်ခန်း ၂၀ ဆောက်လုပ်ဖို့အတွက် မက်ဆီက ငွေကြေးထောက်ပံ့ပေး

diz_admin

January 11, 2023

ကမ္ဘာ့ဖလားချန်ပီယံဆုကို အာဂျင်တီးနားလက်ရွေးစင်အသင်းနဲ့အတူ ဆွတ်ခူးရရှိခဲ့တဲ့ အာဂျင်တီးနားလက်ရွေးစင်အသင်းခေါင်းဆောင် မက်ဆီ ဟာ ဆီးရီးယားနိုင်ငံဆီက ဒုက္ခသည်ကလေးတွေအတွက် စာသင်ခန်း ၂၀ ဆောက်လုပ်ဖို့ ငွေကြေးထောက်ပံ့ပေးလိုက်တယ်လို့ သိရှိရပါတယ်။ အဲ့ဒီထောက်ပံ့ကြေးကို မက်ဆီ တည်ထောင်ထားတဲ့ အဖွဲ့အစည်းကနေ ပေးအပ်လိုက်တာဖြစ်ပြီး Marca သတင်းစာရဲ့ရေးသားဖော်ပြချက်တွေအရ မက်ဆီ ထောက်ပံ့ပေးလိုက်တဲ့ ငွေကြေးကြောင့် ဆီးရီးယားကလေးငယ် ၁,၆၀၀ ကျော်ဟာ အတန်းပညာကို ဆက်လက်သင်ယူဖို့ အခွင့်အရေးရသွားခဲ့ပြီလို့ သိရှိရပါတယ်။ မက်ဆီက ဆီးရီးယားကလေးငယ် ၁,၆၀၀ ကျော် ပညာဆက်လက် သင်ကြားနိုင်စေဖို့အတွက် စာသင်ခန်း ၂၀ ဆောက်လုပ်ဖို့ ငွေကြေးထောက်ပံ့ လှူဒါန်းလိုက်ကြောင်းကို ယူနီဆက်ဖ်(UNICEF)က လည်း သတင်းအတည်ပြုချက်ပေးအပ်ထားပါတယ်။ မက်ဆီဟာ လာမယ့်ဇန်နဝါရီလ ၁၉ ရက်နေ့ကိုရောက်ရင် ပီအက်စ်ဂျီအသင်းကို ကိုယ်စားပြုကာ ရီယာ့ခ်ဖိတ်ခေါ်ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ဖို့အတွက် ဆော်ဒီအာရေဗျနိုင်ငံဆီကို ရောက်လာမှာဖြစ်ပါတယ်။ အဲ့ဒီ ရီယာ့ဒ်ဖိတ်ခေါ်ဖလားပြိုင်ပွဲကိုဆော်ဒီအာရေဗျ ထိပ်သီးကလပ်အသင်းနှစ်သင်းဖြစ်တဲ့ အယ်လ်နတ်စ်ဆာ-အယ်လ်ဟီလယ်လ် […]

လဲရှောင်ရွာတွင် အမျိုးသားတစ်ဦး ပစ်သတ်ခံရ

diz_admin

January 11, 2023

ရေဖြူမြို့နယ်၊ နဘုလယ်ဒေသ လဲရှောင်ရွာတွင် ယနေ့(ဇန်နဝါရီ ၁၁) မွန်းလွဲပိုင်းက အသက် ငါးဆယ်ကျော်အရွယ်ရှိ အမျိုးသားတစ်ဦး ပစ်သတ်ခံရသည်ဟု ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ ပစ်သတ်ခံရသူမှာ ပြီးခဲ့သည် NLD အစိုးရလက်ထက် လဲရှောင်ရွာအုပ်ချုပ်ရေးမှူးဟောင်းဖြစ်သည့် ဦးစိုးသိန်းဆိုသူဖြစ်ပြီး ယနေ့မွန်းလွဲ ၂ နာရီခန့်က ယင်းကျေးရွာ ဘိလိယက်ခုံတွေ လက်နက်ကိုင်ထားသူများက လာရောက်ပစ်သတ်သွားခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးကပြောသည်။ “ဒဏ်ရာက နဖူးမှာနှစ်ချက်တွေ့ရတယ်” ဟု၎င်းကပြောသည်။ သေဆုံးသူအမျိုးသားမှာ ထားဝယ်ဇာတိဖြစ်ပြီး လဲရှောင်ရွာသူနှင့် အိမ်ထောင်ကျကာ ယင်းကျေးရွာတွင် အခြေချနေထိုင်ခဲ့သည်ဟုဆိုသည်။ အာဏာသိမ်းပြီးနောက် အုပ်ချုပ်ရေးမှုးအလုပ် ဆက်မလုပ်ဘဲ နုတ်ထွက်ထားသူဖြစ်ကြောင်း ဥယျာဉ်ခြံလုပ်ငန်းနှင့် အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းလုပ်ကိုင်နေသူ တစ်ယောက်ဖြစ်ကြောင်း အခြားဒေသခံတစ်ဦးကပြောသည်။ အသတ်ခံရသူမှာ ကျေးရွာ၏ သာရေးနာရေး ကူညီလုပ်ဆောင်နေသူဖြစ်ကြောင်း သို့သော် အခြားတစ်ဖက်တွင်လည်း စစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံမှု ရှိသူဖြစ်သည်ဟုသိရကြောင်း ၎င်းကဆိုသည်။ ထိုအမျိုးသားကို မည်သူတို့က […]