ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ပုလော ရှပ်ပုံရွာသားခုနစ်ဦး ဖမ်းဆီးခံရ

diz_admin

April 4, 2023

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ရှပ်ပုံကျေးရွာက ဒေသခံအမျိုးသား ခုနစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။ စစ်ကောင်စီတပ်က ဧပြီလ ၃ ရက်နေ့တွင် ရှပ်ပုံကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လာပြီး နေအိမ်များအတွင်းသို့ ဝင်ရောက်ရှာဖွေ မေးမြန်းကြောင်း ၎င်းတို့က ပြောသည်။ ယင်းနေ့ နံနက် ၈ နာရီခွဲတွင် ရော်ဘာချက်နေသည့် အမျိုးသား ငါးဦးနှင် နောက်ထပ်လူငယ်နှစ်ဦးတို့ကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက ဆိုသည်။ “လက်ပြန်ကြိုးတုပ်ပြီး ဖမ်းခေါ်သွားတယ်။ ဆိုင်ကယ်က ရှစ်စီးပါသွားတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ မတ်လ ၂၉ရက်က ပုလောရဲစခန်းနှင့် ပုလောတံတားစစ်ဆေးရေးဂိတ်တို့ ဒရုန်းဖြင့် ဗုံးသီးနှစ်ကြိမ်ချ တိုက်ခိုက် ခံရပြီးနောက် ပုလောမြို့ အနီးအနားရှိ ကျေးရွာများကို စစ်ကြောင်းထိုးရှာဖွေလာခြင်းဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။ ဖမ်းဆီးခံရသူများမှာ ရွာတွင် ရိုးသားစွာနေထိုင်ပြီး […]

မလေးရှားတွင် မဖြစ်မနေ သေဒဏ်ပေးမှုစနစ် ပယ်ဖျက်ရန်ဆုံးဖြတ်

diz_admin

April 4, 2023

မလေးရှားနိုင်ငံ၏ မဖြစ်မနေသေဒဏ်ချမှတ်မှုစနစ်ကို ဖယ်ရှားရန် ဧပြီလ ၃ ရက်နေ့တွင် ပါလီမန်တွင်း မဲခွဲဆုံးဖြတ်လိုက်ကြသည်။ ယခင် ဥပဒေ တွင် သေဒဏ်ချမှတ်နိုင်သော  ပြစ်မှု ၃၄ မှု အထိ ရှိသော်လည်း လူသတ်မှုနှင့် အကြမ်းဖက်မှု အပါအဝင် ကြီးလေးသော ရာဇ၀တ်မှု ၁၁ မှု အတွက် မဖြစ်မနေ သေဒဏ်ချမှတ်မှုကို ဖယ်ရှားရန် လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ခဲ့ကြသည်။ တရားသူကြီးများသည် ခြွင်းချက်ကိစ္စများတွင် ပြစ်ဒဏ်ချမှတ်ရန် ဆုံးဖြတ်ပိုင်ခွင့်ကို ဆက်လက် ထိန်းသိမ်းထားမည်ဖြစ်သည်။ သေဒဏ် အစားထိုး ချမှတ်နိုင်သည့် ပြစ်ဒဏ်များအနက် ကြိမ်ဒဏ် အပြင် သတ်မှတ်ထားသည့် အခြေအနေများအပေါ် မူတည်ပြီး နှစ် ၃၀ မှ ၄၀ အထိ ထောင်ဒဏ် စသည်တို့ ပါဝင်သည်။ ယခုမဲခွဲဆုံးဖြတ်မှုကို ရှင်းရှင်းလင်းလင်း အတည်ပြုနိုင်ရန် အထက်လွှတ်တော်ကို ဆက်လက် တင်သွင်းရဦးမည်ဖြစ်ပြီး ဤအဆင့်ကိုလည်း […]

လောင်းလုံးတွင် လူထုစည်းရုံးလှုံ့ဆော်ရေး အသိပညာပေး လှုပ်ရှားမှုပြုလုပ်

diz_admin

April 4, 2023

ထားဝယ်ခရိုင် ဒီမိုကရေစီအ‌ရေးလှုပ်ရှားမှု သပိတ်ကော်မတီ၊ စည်းရုံးလှုံ့ဆော်ရေးဆပ်ကော်မတီဝင်များမှ လောင်းလုံးမြို့နယ်အတွင်း ကျေးရွာဈေး ၂ ဈေးတွင် လူထုစည်းရုံးလှုံ့ဆော်ရေး အသိပညာပေးလှုပ်ရှားမှု ယနေ့ (ဧပြီ ၄)ပြုလုပ်ခဲ့သည်။ ဓါတ်ပုံ – DDMSC

လောင်းလုံးမြို့ပေါ်တွင် ပိုက်စိပ်တိုက်ရှာဖွေဖမ်းဆီးနေဟုဆို

diz_admin

April 3, 2023

လောင်းလုံးမြို့ပေါ်တွင် ဧပြီလဆန်းပိုင်းအတွင်း ပိုက်စိပ်တိုက် ရှာဖွေစစ်ဆေးဖမ်းဆီးနေသဖြင့် တိမ်းရှောင်နေကြရသူများ ရှိလာကြောင်း စုံစမ်းသိရှိရသည်။ မတ်လ ၃၁ ရက်က လောင်းလုံးမြို့ပေါ်သို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အင်အားတိုးရောက်ရှိလာပြီးနောက် ဖမ်းဆီးစစ်ဆေးမှု များပြားနေခြင်းဖြစ်သည်ဟုဆိုသည်။ နိုင်ငံရေးတက်ကြွလှုပ်ရှားနေဆဲ NLD ပါတီဝင်များနှင့် သာမန်အရပ်သားများ၊ CDM ဝန်ထမ်းများကို ပစ်မှတ်ထား ဖမ်းဆီးနေခြင်းဖြစ်ကြောင်း မြို့ခံအချို့က ပြောဆိုကြသည်။ “သူတို့မှာ စာရင်းရှိပြီးသားပုံစံဖြစ်မယ်။ အိမ်တွေကို ဝင်ဝိုင်းပြီးတော့ ဖမ်းတာ။ အဖမ်းခံရသူက ကျွန်တော်သိတာတောင် တစ်ဆယ်ကျော်လောက်ရှိတယ်။ ကျွန်တော်မသိသေးတာလည်း ရှိသေးတယ်” ဟု တိမ်းရှောင်နေရသည့် မြို့ခံတစ်ဦးက ပြောသည်။ စစ်ကောင်စီတပ် အင်အားဖြည့်တင်းလာသည့်နေ့မှစပြီး နေ့ရောညပါ နေအိမ်များကို ဝင်ရောက်ရှာဖွေနေသဖြင့် ထွက်ပြေးတိမ်းရှောင်နေရသည့် မြို့ခံအချို့ရှိလာကြောင်း ၎င်းက ဆိုသည်။ ယနေ့အချိန်အထိ ဖမ်းဆီးနေဆဲဖြစ်သောကြောင့် အဖမ်းခံရသူများ၏ စာရင်းတိတိကျကျမေးမြန်းနိုင်ရန် ခက်ခဲလျှက်ရှိသည်။ ယခင်က လောင်းလုံးမြို့ပေါ်တွင် […]

မြိတ်-ဘုတ်ပြင်းလမ်း ပိတ်ထားလိုက်ပြီ ပြည်သူ့ကာကွယ်ရေးတပ် အရေးပေါ်ထုတ်ပြန်

diz_admin

April 3, 2023

မြိတ်-ဘုတ်ပြင်း ပြည်ထောင်စုလမ်းအား ယနေ့ ဧပြီ ၃ ရက်တွင် ပိတ်ထားလိုက်ပြီဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်က ယနေ့ အရေးပေါ်ထုတ်ပြန်လိုက်သည်။ တနင်္သာရီမြို့နယ်ရှိ ထုံခါ-မောတောင်ကုန်သွယ်ရေးလမ်းကို ပိတ်လိုက်ပြီးနောက် သုံးရက်အကြာတွင် မြိတ်-ဘုတ်ပြင်း လမ်းကိုပါ ပိတ်ပင်လိုက်ခြင်းဖြစ်သည်။ မြိတ်မြို့နယ်၊ ကြေးနန်းတိုင်တံတားမှ ဘုတ်ပြင်းမြို့နယ်၊ မနိုးရုံးကျေးရွာအထိ ယာဉ်များ အသုံးပြုသွားလာခြင်း မပြုကြရန် တားမြစ်လိုက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။   ပြည်ထောင်စုလမ်းပေါ်တွင် တိုက်ပွဲများအချိန်မရွေးဖြစ်လာနိုင်သည့်အတွက် ပြည်သူလူထုထိခိုက်မှု မရှိအောင် တားမြစ်ခြင်းဖြစ်သည်ဟုဆိုသည်။ တားမြစ်ချက်ကို လိုက်နာပေးကြရန် ပြောဆိုထားပြီး ယခုတားမြစ်ချက်မှာ ကြေညာချက်ကို ပြန်လည် မရုတ်သိမ်းမီအချိန်အထိ အတည်ဖြစ်ကြောင်းလည်း ရေးသားထားသည်။ တနင်္သာရီမြို့နယ်ရှိ ထုံခါ-မောတောင်ကုန်သွယ်ရေးလမ်းပေါ်တွင် နေ့စဉ်နှင့်အမျှ နှစ်ဖက်တိုက်ပွဲများဖြစ်ပေါ်ခဲ့ပြီးနောက် မတ်လ ၃၁ ရက်တွင် ယင်းလမ်းပိုင်းအား သွားလာခွင့် ပိတ်ပင်ခဲ့သည်။ မောတောင်လမ်းပိုင်းတွင် နှစ်ဖက်တိုက်ပွဲဖြစ်နေရာမှ လက်ရှိတွင် […]

မောတောင်လမ်းတွင် နှစ်ရက်အတွင်း တိုက်ပွဲလေးကြိမ်ဖြစ်၊ ဒေသခံနှစ်ထောင်နီးပါးတိမ်းရှောင်

diz_admin

April 3, 2023

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် မောတောင်လမ်း၌ ဧပြီလ ၁ ရက်နေ့နှင့် ၂ရက်နေ့တို့တွင် တိုက်ပွဲလေးကြိမ်ဖြစ်ပွားခဲ့ပြီး ဒေသခံနှစ်ထောင်နီးပါး ဘေးလွတ်ရာသို့ တိမ်းရှောင်နေရကြောင်း ဒေသခံများနှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ထံမှ သိရသည်။ ဧပြီလ ၁ ရက်နေ့တွင် မောတောင်ကားလမ်းအတိုင်း ချီတက်လာသည့် စစ်ကောင်စီတပ်အပါအဝင်ပျူစောထီးနှင့် BGF ပူးပေါင်းတပ်တို့နှင့် နံနက် ၁၀ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ တိုက်ပွဲသုံးကြိမ်ဖြစ်ပွားခဲ့ကြောင်း မြိတ်ခရိုင်တပ်ရင်း (၂) ၊ တပ်ခွဲ (၁) က ယနေ့ ဧပြီလ ၃ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းနောက် ဧပြီလ ၂ ရက်နေ့ နံနက်တွင်လည်း တစ်နာရီခန့်ကြာ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ကြောင်း ရေးသားထားသည်။ အဆိုပါ တိုက်ပွဲလေးကြိမ်အတွင်း စစ်ကောင်တပ်ဘက်က ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကာ အများအပြား ဒဏ်ရာရခဲ့ပြီး […]

ရေးတွင် လူငယ်နှစ်ဦးပစ်ခတ်ခံရ၊ သေနတ်ဒဏ်ရာများဖြင့်သေဆုံးသည့် အမျိုးသားတစ်ဦးလည်းထပ်တွေ့

diz_admin

April 3, 2023

မွန်ပြည်နယ်၊ ရေးမြို့နယ် သံဖြူဇရပ်-ရေးကားလမ်းမတွင် မော့ကနင်ရွာသား လူငယ်နှစ်ဦး ပစ်ခတ်ခံရသဖြင့် ဒဏ်ရာရပြီး မော့ကနင်ရွာသစ်သား အမျိုးသားတစ်ဦးလည်း သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ရှိကြောင်း ဒေသခံတို့ထံမှ သိရသည်။ ဧပြီလ ၂ ရက်နေ့ နံနက် ၅ နာရီခန့်က ရော်ဘာအစေးခြစ်ရန် ဆိုင်ကယ်ဖြင့်ထွက်လာသည့် အသက် ၂၀ ကျော်အရွယ် လူငယ်နှစ်ဦးကို မော့ကနင်ကျေးရွာအထွက် တံတားရှိ စစ်ကောင်စီတပ်က သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။ သေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် လူငယ်တစ်ဦးတွင် ဘယ်ဘက်ဒူးခေါင်း ကျည်ထိမှန်ဒဏ်ရာရရှိပြီး နောက်တစ်ဦးမှာ ဘယ်ဘက်ပေါင် ကျည်ထိမှန်ဒဏ်ရာ ရရှိကြောင်း ဒေသခံရွာသားတစ်ဦးက ဆိုသည်။ “သူတို့က မော့ကနင်ရွာအထွက် တံတားမှာရှိနေတဲ့ စစ်တပ်က လှမ်းပစ်လိုက်တာ။ သူတို့က ရော်ဘာခြစ်ဖို့အသွားမှာ ပစ်ခံရတာဖြစ်တယ်” ဟု ၎င်းက ပြောဆိုသည်။ […]

“လွတ်‌မြောက်မှုအတွက် ရုန်းကန်၊ လက်နက်မဲ့လူထု အားမာန်” လူထုသပိတ် လောင်းလုံးမှာပြုလုပ်

diz_admin

April 2, 2023

Dawei Watch၊ ဧပြီ ၂ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC)မှ လောင်းလုံးမြိုနယ်အတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုကို “လွတ်‌မြောက်မှုအတွက် ရုန်းကန်၊ လက်နက်မဲ့လူထု အားမာန်” စာသားပါ ဘန်နာကိုကိုင်စွဲ၍ ယနေ့ပြုလုပ်ခဲ့ကြသည်။ ဓာတ်ပုံ – DDMSC