ထားဝယ်တွင် တန်ဆာခ ဈေးပိုတောင်းလာဟုဆို
diz_admin
April 6, 2023အဝေးပြေးယာဉ်လိုင်းဖြင့် သယ်ယူပို့ဆောင်သည့် ပစ္စည်းများအတွက် တန်ဆာခဈေးနှုန်းများကို ပိုမိုတောင်းခံမှုများ ရှိလာကြောင်း ထားဝယ်က ပစ္စည်းတင်ပို့သူအချို့က ပြောသည်။ လမ်းခရီးလုံခြုံမှု မရှိဟု အကြောင်းပြကာ ကားဂိတ်အချို့က တန်ဆာခများကို ပိုတောင်းလာကြောင်း ထားဝယ်မြို့မှ အဝတ်အထည်များ ဖြန့်ဖြူးရောင်းချနေသည့် လူငယ်အမျိုးသမီးတစ်ဦးက ဆိုသည်။ “ပစ္စည်းက လမ်းကြောင်းအခြေအနေ နည်းနည်းမအေးလို့ဆိုပြီး တန်ဆာခကို ပိုယူတယ်ဆိုပြောတယ်။ အရင်တုန်းက အထုတ်ကြီးတစ်ထုတ်ကို တစ်သောင်းကျော်ဆို အခုနှစ်သောင်းလောက်ဖြစ်သွားတယ်” ဟု ၎င်းက ပြောဆိုသည်။ စက်သုံးဆီပြတ်လပ်မှုနှင့် စက်သုံးဆီ ဈေးတက်လာမှုကြောင့် ၂၀၂၂ ခုနှစ် ဇွန်လကလည်း တန်ဆာခဈေးနှုန်း တစ်ကြိမ်ဈေးတက်ခဲ့သေးသည်။ သုံးထောင်ကျပ်ခန့် ပေးရသည့် ပစ္စည်းထုတ် တစ်ထုတ်ကို ငါးထောင်ကျပ်အထိ ဈေးတက်သွားခြင်းဖြစ်သည်။ ၂၀၂၂ နှစ်ကုန်ပိုင်းတွင် တန်ဆာခဈေးနှုန်းများ တစ်စတစ်စ ထပ်တက်လာပြီး ယခင် ငါးထောင်ပေးရသည့် ပစ္စည်းထုတ်တစ်ခုကို ခုနစ်ထောင်ကျပ်အထိ […]


