ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

တနင်္သာရီမြို့နယ်ရှိ စစ်ဘေးရှောင် တစ်သောင်းဝန်းကျင်အတွက် စားနပ်ရိက္ခာ အကူအညီလိုအပ်

diz_admin

April 8, 2023

တနင်္သာရီမြို့နယ်အတွင်း စစ်ဘေးရှောင်နေရသူ တစ်သောင်းဝန်းကျင်အထိရှိလာပြီး အရေးပေါ်စားနပ်ရိက္ခာများ လိုအပ်နေကြောင်း နွေဦးမေတ္တာစစ်ဘေးရှောင် ကူညီပံ့ပိုးရေးအဖွဲ့(တနင်္သာရီ)၏ ထုတ်ပြန်ချက်အရ သိရသည်။ တနင်္သာရီမြို့နယ်အတွင်း မတ်လ ၂၈ ရက်မှစတင်ကာ ယနေ့ ဧပြီ ၈ ရက်နေ့အထိနေ့စဥ် တိုက်ပွဲများဆက်တိုက် ဖြစ်ပွါးနေပြီး စစ်ရှောင်ဦးရေ တစ်သောင်းဝန်းကျင်ရှိလာကာ စားနပ်ရိက္ခာအကူအညီလိုအပ်နေသည်ဟု နွေဦးမေတ္တာစစ်ဘေးရှောင် ကူညီရေးအဖွဲ့က ထုတ်ပြန်ထားသည်။ လတ်တလော တိုက်ပွဲဖြစ်နေသည့် တနင်္သာရီမြို့နယ်၊သိန်ခွန်းကျေးရွာအုပ်စုအတွင်းမှ သဲဖြူ၊ကြိမ်ချောင်း၊ ချောင်းနှစ်ပေါက်၊မောတောင် အမှတ် ၃ ရပ်ကွက်မှ စစ်ရှောင်လာသူအများဆုံးဖြစ်ပြီး၊ ဘန်းလမွှတ်ကျေးရွာအုပ်စု၊ အနောက်မော်တုန်းကျေးရွာအုပ်စုနှင့် မြိတ်မြို့နယ်၊တုံးဗျောကျေးရွာအုပ်စုတို့မှလည်း ဒေသခံများ စစ်ဘေးရှောင်နေရသည်။ “အခက်အခဲကတော့ အများကြီးရှိတယ်။အဓိကလိုနေတာက ဆေးဝါးနဲ့စားနပ်ရိက္ခာပေါ့” ဟုတနင်္သာရီမြို့နယ်မှ စစ်ဘေးရှောင်နေသူ အမျိုးသားကပြောသည်။ ယင်းအပြင် တနင်္သာရီမြို့နယ်ဘက်မှ ဘုတ်ပြင်းမြို့နယ်၊ မနိုးရုံးကျေးရွာအုပ်စုအတွင်းသို့ စစ်ရှောင်လာသူအချို့ရှိနေပြီး ယင်းစစ်ရှောင်များအတွက်လည်း အကူအညီလိုအပ်နေသည်ဟု ဒေသခံများကဆိုသည်။ တနင်္သာရီမြို့နယ်အတွင်း ယခင်လက စစ်ဘေးရှောင်နေသူ နှစ်ထောင်ဝန်းကျင်သာရှိခဲ့ပြီး […]

ထိုင်းနိုင်ငံတွင်း ‌လေထုညစ်ညမ်းမှုဆိုးဝါးလာသည်ကို ဖြေရှင်းရန် မြန်မာနှင့်လာအိုထံ အကူအညီတောင်းခံ

diz_admin

April 8, 2023

ထိုင်းနိုင်ငံ၏ နာမည်ကျော် ခရီးသွားနေရာအချို့တွင် လေထုညစ်ညမ်းမှု ပိုမိုဆိုးရွားလာနေမှုကို ကိုင်တွယ်ဖြေရှင်းရန် အရေးကြီးသည့်အဆင့်များ ဝိုင်းဝန်းဆောင်ရွက်ပေးပါရန်  မြန်မာနှင့် လာအို ခေါင်းဆောင်များကို ထိုင်းအစိုးရက တိုက်တွန်းထားသည်။ ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာသည် လာအိုနိုင်ငံ ဝန်ကြီးချုပ် ဆုန်စေး ဆီဖန်တုန် နှင့် မြန်မာစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ကို ဧပြီလ (၇)ရက်နေ့က လက်ခံတွေ့ဆုံခဲ့ပြီးနောက် ယခုလို နယ်စပ်ဖြတ်ကျော် ဖြစ်ပေါ်နေသည့် မီးခိုးမြူအန္တရာယ်ကို ကိုင်တွယ် ဖြေရှင်းရန် အစီအမံများနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြောင်း ထိုင်းအစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ အနုချာ ဘူရာပါချိုင်စရီ က ထုတ်ပြန်သည်။ ဘန်ကောက်နှင့် ထိုင်းနိုင်ငံတွင်း အခြားသော မြို့ကြီးများမှာ မကြာသေးမီနှစ်များအတွင်း လေထုအရည်အသွေးညံ့ဖျင်းမှုကို ဆက်တိုက် ကြုံတွေ့နေရသည်။ စိုက်ပျိုးမြေ မီးရှို့မှု၊ တောမီးနှင့် မော်တော်ယာဉ်မှ ဓာတ်ငွေ့ထုတ်လွှတ်မှု ပိုမိုများပြားလာခြင်းကြောင့် ဒီဇင်ဘာမှ ဧပြီလအထိ၊ ပူပြင်းခြောက်သွေ့သောရာသီတွင် […]

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

diz_admin

April 7, 2023

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဧပြီ ၁ ရက်နေ့မှ ၇ ရက်နေ့အထိ ထိုင်ဝမ်သမ္မတနဲ့ အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ တွေ့ဆုံ ထိုင်ဝမ်သမ္မတ Tsai Ing-wen နဲ့ အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ Kevin McCarthy တို့ ကယ်လီဖိုးနီးယား ပြည်နယ်မှာ ဧပြီလ ၅ ရက်နေ့က တွေ့ဆုံခဲ့ကြပါတယ်။ ထိုင်ဝမ်အပေါ် ထောက်ခံမှုဟာ မယိမ်းမယိုင်ဘဲ ခိုင်မာနေပြီး အမေရိကန်တွေက ထိုင်ဝမ်လူထုကို အမြဲထောက်ပံ့ပေးနေမယ်လို့ အောက်လွှတ်တော် ဥက္ကဋ္ဌက ပြောကြားခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုနဲ့ ထိုင်ဝမ်ရဲ့ ဆက်ဆံရေးဟာ အခိုင်အမာဆုံး အနေအထားမှာ တွေ့နေရတယ်လို့ ပြောကြားခဲ့ပါတယ်။ ထိုင်ဝမ်ကို သူ့ပိုင်နယ်လို့ပြောပြီး တရုတ်နိုင်ငံဘက်က စစ်ရေးအရ ခြိမ်းခြောက်နေတဲ့ အခြေအနေဟာ […]

ပုလောမြို့အနီး ပဝတ်ကုန်းရွာတွင် တိုက်ပွဲပြင်းထန်နေ

diz_admin

April 7, 2023

မြိတ်ခရိုင်၊ ပုလောမြို့အနီး ပဝတ်ကုန်းရွာတွင် ယနေ့ ညနေပိုင်းမှစတင်ကာ တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံများက ပြောသည်။   ယနေ့ ဧပြီလ ၇ရက် ညနေ ၃နာရီခွဲခန့်မှစတင်ကာ နှစ်ဖက်ထိတွေ့တိုက်ပွဲပြင်းထန်နေပြီး ပုလောမြို့ရှိ စစ်ကောင်စီတပ်ကလည်း လက်နက်ကြီးဖြင့် အဆက်မပြတ်ပစ်ခတ်နေကြောင်း ဒေသခံများက ဆိုသည်။ “လက်နက်ကြီးအသံက တဝီးဝီးအော်ပြီးသွားနေတယ်။ လက်နက်ငယ်အသံကလည်း မိုးရွာနေသလိုပဲ။ ခဏနားနေပြီး အခုပြန်ပစ်နေပြန်ပြီ” ဟု မင်းထိန်ရွာဒေသခံအမျိုးသားတစ်ဦးက ညနေ ၅ နာရီခွဲအချိန်က ပြောသည်။ တိုက်ပွဲအတွင်း အရပ်သားပြည်သူ ထိခိုက်မှု ရှိမရှိ မသိရသေးပေ။ ယနေ့ နံက် ၁၁ နာရီတွင် အင်အား ၈၀ ခန့်ရှိသည့် စစ်ကောင်စီ ခြေလျင်တပ်များ မင်းထိန်ရွာသို့ရောက်ရှိလာပြီး ခေတ္တနေကာ ပဝတ်ကုန်းရွာဘက်သို့ ဆက်လက်ထွက်ခွာသွားကြောင်း ဒေသခံများက ပြောဆိုသည်။ ပဝတ်ကုန်းကျေးရွာတွင် ယခင်တိုက်ပွဲများကြောင့် […]

ရေဖြူ ဇာဒီရွာတွင် ဆိုင်ကယ်စီးလာသည့် အမျိုးသားတစ်ဦး ပစ်ခတ်ခံရသဖြင့်သေဆုံး

diz_admin

April 7, 2023

ရေဖြူမြို့နယ် ဇာဒီကျေးရွာအုပ်စုတွင် ဧပြီလ ၆ ရက် ညနေ ၄ နာရီဝန်းကျင်က ဆိုင်ကယ်စီးလာ‌သော အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်သားများက ပစ်ခတ်ခဲ့သဖြင့် သေဆုံးသွားကြောင်း ရွာသားတို့က ပြောသည်။ သေဆုံးသူမှာ ဇာဒီကျေးရွာအုပ်စု သစ်လှတောရပ်ကွက်တွင် နေထိုင်သည့် အသက် ၃၀ ဝန်းကျင်အရွယ် ကိုအောင်ကို ဆိုသူဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ ၎င်းမှာ မြန်မာနိုင်ငံအထက်ပိုင်းဒေသမှ လာရောက်လုပ်ကိုင်စားသောက်ရင်း ဇာဒီရွာသူနှင့် အိမ်ထောင်ကျထားသူ ဖြစ်သည်ဟု ဆိုသည်။ ကိုအောင်ကိုသည် ရော်ဘာခြံမှ ပြန်လာစဉ် ခေါင်ပြန်-ဇာဒီလမ်းအရောက် စစ်ကားသုံးစီးနှင့်တွေ့ပြီး မောင်းပြေးသဖြင့် သေနတ်ဖြင့် လိုက်ပစ်ခံရပြီး သေဆုံးခဲ့ခြင်းကြောင်း ဒေသခံအချို့က ပြောဆိုသည်။ ပစ်ခံရပြီးနောက် ကိုအောင်ကိုအား စစ်ကားဖြင့်ပင် ကံပေါက်သို့ သယ်ဆောင်လာပြီး ဧပြီလ ၇ ရက် နံနက်ပိုင်းတွင် အလောင်းပြန်လာပို့ပေးခဲ့ကြောင်း ဒေသခံများက […]

တနင်္သာရီတွင် ဆိုင်ကယ်စီး လူငယ်နှစ်ဦးပစ်ခတ်ခံရ၊ တစ်ဦးသေဆုံးပြီး တစ်ဦးဖမ်းဆီးခံရဟုဆို

diz_admin

April 7, 2023

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် ဆိုင်ကယ်တစ်စီးတည်း အတူစီးလာသည့် လူငယ်နှစ်ဦး ယနေ့ နံနက်ပိုင်းက ပစ်ခတ်ခံရပြီး တစ်ဦးသေဆုံးကာ တစ်ဦးဖမ်းဆီးခံရကြောင်း ဒေသခံများက ပြောသည်။ ပနပ်ငယ်ရွာအနီးရှိ ပြည်ထောင်စုလမ်းပေါ်တွင် ဆိုင်ကယ်စီးလာသည့် အသက ၂၀ ဝန်းကျင်အရွယ် လူငယ်နှစ်ဦးကို ယနေ့ နံနက် ၁၁ နာရီခန့်တွင် စစ်ကောင်စီတပ်က ပစ်ခတ်လိုက်ခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ စစ်ကောင်စီတပ်မှာ ယင်းအနီးဝန်းကျင်တွင် တပ်စွဲထားသည်ဟုလည်း ဆိုသည်။ လူငယ်တစ်ဦးသေဆုံးသွားပြီး ဆိုင်ကယ် အတူစီးလာသည့် သေဆုံးသူ၏ ဝမ်းကွဲညီအစ်ကို တော်စပ်သူကိုလည်း ဖမ်းဆီးထားသည်ဟု ဒေသခံများက ပြောဆိုသည်။ “သေတဲ့ကောင်လေးက ထုံနွယ်ရွာက မောင်ကျော်ထွေးလို့ သိရတယ်။ (မိသားစုက) အလောင်းသွားတောင်းတာ မရသေးဘူးလို့သိရတယ်” ဟု ထုံနွယ်ရွာအနီးဝန်းကျင်က ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ အဆိုပါလူငယ်နှစ်ဦးကို မည်သည့်အကြောင်းအရင်းကြောင့် ပစ်ခတ်ခဲ့သည်ကိုမူ မသိရသေးကြောင်း […]

အဖွဲ့ဝင်တစ်ဦးပစ်သတ်ခံရပြီးနောက် ကျောက်ရပ်ရွာကို ပျူစောထီးအဖွဲ့က ခြိမ်းခြောက်

diz_admin

April 7, 2023

ထားဝယ်မြို့နယ်၊ ကျောက်ရပ်ရွာတွင် ပြည်သူ့စစ် ခေါ် ပျူစောထီးအဖွဲ့ဝင်တစ်ဦးဖြစ်သူ အသက် ၄၀ ဝန်းကျင်အရွယ် ဦးဝေလ (ခေါ်) ဦးသီဟအောင် ဧပြီလ ၄ ရက် နံနက်ပိုင်းတွင် ပစ်သတ်ခံလိုက်ရကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ကျောက်ရပ်ရွာဈေးအနီး ကွမ်းယာဆိုင်တွင် ရှိနေစဉ် အမည်မသိ သေနတ်သမားတို့က လာရောက်ပစ်ခတ်သဖြင့် သေဆုံးသွားခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။ နောက်တစ်ရက် ဧပြီလ ၅ ရက်တွင် ပျူစောထီးခေါင်းဆောင် ဦးအောင်စိန်က ဒေသခံများကို အစည်းအဝေးခေါ်ယူပြီး ကျောက်ရပ်ကျေးရွာအုပ်စုအတွင်း ညမထွက်ရ၊ အမျိုးသားနှစ်ဦး ဆိုင်ကယ်မစီးရဟုပြောဆို ပြောဆိုသွားကြောင်း ဒေသခံအချို့က ဆိုသည်။ “ညမထွက်မရအမိန့်က ဘယ်ချိန်ကနေ ဘယ်ချိန်အထိဆိုပြီး ပြောတာမရှိဘူး။ (ပျူစောထီးပစ်သတ်ခံရပြီးနောက်ပိုင်း) ရွာမှာကလည်း ည ၆ နာရီကျော်ဆို လမ်းမထွက်ရတော့ဘူး။ ဆိုင်ကယ်စီးတာကတော့ ယောင်္ကျား နှစ်ယောက် […]

မြိတ်တွင် ရေရှားပါးသည့်ရပ်ကွက်ပိုများလာ၊ သောက်သုံးရေဂါလံ တစ်သိန်းနီးပါးအထိဖြန့်ဝေ

diz_admin

April 7, 2023

မြိတ်မြို့တွင် ရေရှားပါးသည့်ရပ်ကွက် ပိုများလာပြီး သောက်သုံးရေဂါလံ တစ်သိန်းနီးပါးအထိ ဖြန့်ဝေထားပြီးဖြစ်ကြောင်း ပရဟိတအသင်းအချို့ထံမှ သိရသည်။ ပြီးခဲ့သည့် မတ်လ ၂၃ ရက်နေ့မှစပြီး ရေပုန်းနယ်မြေအတွင်းရှိ ကျားတွင်းအရှေ့၊ အဏ္ဏဝါ၊ ငြိမ်းချမ်းရေး၊ အင်းလေးမြိုင်ရပ်ကွက်တို့တွင် ရေရှားပါးမှုဖြစ်ပေါ်ခဲ့ကြောင်း သောက်သုံးရေများ ဖြန့်ဝေပေးနေသည့် ရွှေရောင်နေ့သစ် လူမှုအထောက်အကူပြုအသင်းထံမှ သိရသည်။ ယင်းနောက် ဧပြီလဆန်းပိုင်းတွင် သာကေတ၊ အေးချမ်းသာယာ၊ ပေါ်ဦးလမ်း (ဇေယျာသီရိ ၃) စသည့် ရပ်ကွက်များတွင်ပါ ရေရှားပါးလာကြောင်း ရွှေရောင်နေ့သစ်လူမှုအထောက်အကူပြုအသင်းဝင်တစ်ဦးက ပြောသည်။ “အင်းလေးကမ်းဘက်မှာ ရေရှားတာကြားရပေမယ့် ရေတောင်းတဲ့ရပ်ကွက်ထဲ မပါသေးဘူး” ဟု ရွှေရောင်နေ့သစ် လူမှုအထောက်အကူပြုအသင်းဝင်တစ်ဦးက ပြောဆိုသည်။ အဆိုပါရေရှားပါးသည့် ရပ်ကွက်များအတွင်း မတ်လ ၂၃ ရက်နေ့မှ ဧပြီလ ၆ ရက်နေ့အထိ ရေဂါလံ ၁၈၀၀ ဆံ့ ရေကားအစီးရေ […]