ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မင်းထိန်ရွာသားများကို ပုလောမြို့အတွင်း ဝင်ခွင့်မပြုသဖြင့် အခြေခံစားသောက်ကုန်များ ပြတ်လပ်နေပြီဟုဆို

diz_admin

January 20, 2023

မြိတ်ခရိုင်၊ပုလောမြို့အတွင်းသို့မင်းထိန်ရွာသားများ ဝင်ထွက်သွားလာခွင့် မရသည့်အတွက် အခြေခံစားသောက်ကုန်အချို့ ပြတ်လပ်လာနေပြီဖြစ်ကြောင်း ရွာသားများ ထံမှသိရသည်။ ပုလောမြို့အတွင်းသို့ ယခင်က ထောက်ခံစာပြ၍ ဝင်ထွက်ဈေးဝယ်ခွင့်ရသော်လည်း လက်ရှိတွင် ယင်းထောက်ခံစာများ အကျုံးမဝင်တော့ဟုဆိုကာ ဝင်ခွင့်မပေးတော့သည်မှာ တစ်ပတ်ကျော်လာပြီဖြစ်ကြောင်း ရွာသားများကပြောသည်။ “မင်းထိန်အုပ်ချုပ်ရေးမှူးက ကျန်းမာရေးမကောင်းလို့ နားလိုက်ပြီ။ အဲဒါကြောင့် ပုလောအမှတ် ၅ ရပ်ကွက်လူကြီးက ထောက်ခံစာလုပ်ပေးထားတယ်။ အဲဒီ့ထောက်ခံစာပြလည်း အကျုံးမဝင်ဘူးဆိုပြီး ဝင်ခွင့်မပေးဘူး။ ထောက်ခံစာလည်း သိမ်းထားရစ်တယ်”ဟု မင်းထိန်ရွာနေ ဒေသခံအမျိုးသားက Dawei Watch သို့ပြောသည်။ ပုလောမြို့အတွင်းသို့ ဝင်ရောက်ရာတွင် မကျည်းကုန်းကျေးရွာရှိ စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်ကို ဖြတ်ကျော်ရပြီးမှသာ ဝင်ထွက်သွားလာခွင့် ပြုနေခြင်းဖြစ်သည်။ အခြားရွာမှ ဒေသခံများ ထောက်ခံစာဖြင့် ဝင်ထွက်သွားလာခွင့် ရနေသော်လည်း မင်းထိန်တစ်ရွာတည်း ဝင်မရသည့်အတွက် ရွာအတွင်း အခြေခံစားသောက်ကုန်အချို့ ပြတ်လပ်လာနေပြီဖြစ်ကြောင်း၊ ရေရှည်တွင် စားသောက်ရေး […]

ကံပေါက်တွင် ဓားပြတိုက်ခံရ

diz_admin

January 20, 2023

ရေဖြူမြို့နယ် ကံပေါက်ဒေသ အုန်းပင်ကွင်းကျေးရွာအုပ်စု တောင်ပယရွာက နေအိမ်တစ်ဆောင် ဇန်နဝါရီလ ၁၉ ရက် ညပိုင်းတွင် ဓားပြတိုက်ခံရကြောင်း ဒေသခံများထံက သိရသည်။ ဓားပြတိုက်ခံရသည့် နေအိမ်မှာ တောင်ပယကျေးရွာ ဘုန်းတော်ကြီးကျောင်းအနီးရှိ ဦးအုန်းမြင့်၏ နေအိမ်ဖြစ်သည်။ “ည ၇နာရီခွဲလောက်မှာ ဖြစ်တာပါ။ အိမ်မှာ ယောက်ျားတွေ ဘုန်းကြီးကျောင်းတက်သွားလို့ တစ်ယောက်မှ မရှိတဲ့အချိန် ဂံ (ဗမာစကားပြောသူ) သုံးယောက် အိမ်‌ပေါ်တက်လာပြီး ဓားထောက် ပစ္စည်းတွေ လုသွားတယ်” ဟု ဓားပြတိုက်ခံရသည့် မိသားစုနှင့်နီးစပ်သူ ရွာသားတစ်ဦးက ပြောသည်။ ဓားပြတိုက်ခံရမှုကြောင့် ငွေသား ကျပ်နှစ်သိန်း၊ ရွှေ ငါးကျပ်သား ပါသွားခဲ့‌ကြောင်း ၎င်းက ဆိုသည်။ အဆိုပါဓားပြတိုက်မှုဖြစ်စဉ်ပြီးနောက် ပယကျေးရွာနှင့် ဇာဒီကျေးရွာအုပ်စုကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး အမျိုးသားနှစ်ဦးကို ဖမ်းဆီးသွားခဲ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ […]

ရန်ကုန်သို့ လူနာပို့ခ ကျပ်ခုနစ်သိန်းဈေးပေါက်

diz_admin

January 20, 2023

ထားဝယ်မြို့မှ ရန်ကုန်မြို့အထိ အရေးပေါ်လူနာပို့ဆောင်ခ ငွေကျပ်ခုနစ်သိန်းအထိ ပေါက်ဈေးရှိ နေကြောင်း စုံစမ်းသိရသည်။ ရန်ကုန်မြို့ရှိ ဆေးရုံ၊ ဆေးခန်းများတွင် အရေးပေါ်ဆေးကုသရန်လိုအပ်သည့် လူနာများကို ထားဝယ်မြို့ရှိ အရေးပေါ်လူနာသယ်ဆောင်ရေးအဖွဲ့အချို့က ပို့ဆောင်ပေးနေခြင်းဖြစ်သည်။ လက်ရှိဈေးနှုန်းအရ ထားဝယ်-ရန်ကုန် အသွားအပြန် တစ်ခေါက်အတွက် စက်သုံးဆီးဖိုး ကျပ်ငါးသိန်းခန့် ကုန်ကျသည့်အပြင် ကားပြုပြင်ထိန်းသိမ်းမှုစရိတ်များကြောင့် လူနာတစ်ဦးပို့လျှင် ငွေကျပ်ခုနှစ်သိန်း သတ်မှတ်ထားခြင်းဖြစ်ကြောင်း ထားဝယ်မြို့ရှိ ဂရုဏာမေတ္တာရှင် သွေးလှူရှင်များအဖွဲ့တွင် ကူညီလုပ်ဆောင်ပေးနေသူတစ်ဦးက ဆိုသည်။ “ဆီဈေးတက်လို့ ဒီဈေးယူနေရတာပါ” ဟု ၎င်းက ပြောသည်။ ပြီးခဲ့သည့် လပိုင်းက ရန်ကုန်မြို့သို့ လူနာတစ်ခေါက်ပို့လျှင် ငွေကျပ် ခြောက်သိန်းသာ ကောက်ခံရာမှ လက်ရှိတွင် စက်သုံးဆီ၊ ယာဉ်မောင်း ယာဉ်အကူတို့၏ စားစရိတ်နှင့် ပြုပြင်ထိန်းသိမ်းရေး ကုန်ကျစရိတ် များကြောင့် ပြီးခဲ့သည့် တစ်လခန့်က ကောက်ခံသည့်နှုန်းထား ပြောင်းထားကြောင်း […]

ရေးတွင် စစ်ကောင်စီအမြှောက်တပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရ၊ ငါးဦးသေဆုံး

diz_admin

January 20, 2023

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့ မော့ကနင်ရွာသစ်တွင် စစ်ကောင်စီအမြှောက်တပ်ရင်းက တပ်ဖွဲ့ဝင် များကို ရေးပြောက်ကျားတပ်ဖွဲ့ (YGF) က ယနေ့ နံနက်ပိုင်းတွင် တိုက်ခိုက်ခဲ့ပြီး ငါးဦးသေဆုံးကြောင်း YGF က ထုတ်ပြန်သည်။ ယနေ့ ဇန်နဝါရီလ ၂ဝရက် နံနက် ၉နာရီခန့်က မော့ကနင်အခြေစိုက် စစ်ကောင်စီ အမြှောက်တပ်ရင်း (၃၁၇) က တပ်ဖွဲ့ဝင် ခြောက်ဦး ဆိုင်ကယ်သုံးစီးဖြင့် လာနေစဉ် YGF က ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟုဆိုသည်။ ကြားဖြတ်တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦး သေဆုံးပြီး တစ်ဦးမှာ လွတ်မြောက်သွားကာ သေနတ် သုံးလက် သိမ်းဆည်းရမိကြောင်း ထုတ်ပြန်ထားသည်။ ယင်းတိုက်ခိုက်မှုဖြစ်ပြီးနောက် အမြှောက်တပ်ရင်းက လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်နေကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “တိုက်ခိုက်မှုဖြစ်ပြီးတော့ အမြှောက်တပ်ကနေ လက်နက်ကြီးတွေနဲ့ လှမ်းပစ်တယ်” […]

စိန်ခေါ်ပွဲ ထပ်ထိုးဖို့ လက်မှတ်ထိုးလိုက်ပြီလို့ အောင်လအန်ဆန်း အသိပေး

diz_admin

January 20, 2023

ကချင်တိုင်းရင်းသား ကိုယ်ခံပညာစုံတိုက်ခိုက်ရေးသမား အောင်လအန်ဆန်းဟာ စိန်ခေါ်ပွဲ ထပ်မံထိုးသတ်ဖို့အတွက် One Championship နဲ့ လက်မှတ်ရေးထိုးလိုက်ပြီလို့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ အသိပေးထားပြီ ဖြစ်ပါတယ်။ မြန်မာ့ စပါးအုံးလို့ နာမည်ပေးအပ်မှည့်ခေါ်ခံထားရတဲ့ အောင်လအန်ဆန်းဟာ နောက်ဆုံးထိုးသတ်ခဲ့တဲ့ ပွဲစဉ်နှစ်ပွဲဆက်တိုက် ပထမပွဲချီတွေမှာတင် ပြိုင်ဘက်တွေကို အလဲထိုးရလဒ်တွေနဲ့ အနိုင်ရရှိထားသူ ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ် နိုဝင်ဘာလတုန်းက ဂျပန်ကိုယ်ခံပညာစုံတိုက်ခိုက်ရေးသမား ယူရှင်း အိုကာမီ၊ ယခု ဇန်နဝါရီလ ၁၄ ရက်နေ့တုန်းက ဘရာဇီးကိုယ်ခံပညာစုံတိုက်ခိုက်ရေးသမား ဂယ်လ်ဗာအို တို့ကို အောင်လအန်ဆန်းက ဆက်တိုက်ပဲ အနိုင်ယူပြခဲ့ပါတယ်။ အောင်လအန်ဆန်းဟာ သူလက်လွှတ်ခဲ့ရတဲ့ ကမ္ဘာ့ချန်ပီယံရွှေခါးပတ် ၂ ခုကို ပြန်လည်ရယူပြနိုင်ဖို့ စိတ်အားထက်သန်နေပြီး လက်ရှိမှာ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံရွှေခါးပတ်ဆုကို ပြန်လည်ရယူနိုင်ရေးက အောင်လအန်ဆန်းရဲ့ဦးစားပေးပစ်မှတ် ဖြစ်လို့နေပါတယ်။ အောင်လအန်ဆန်းဟာ စိန်ခေါ်ပွဲ ထပ်မံထိုးသတ်ဖို့ […]

ကျိုက်ထိုတွင် ကြံ့ခိုင်ရေးပါတီ မရမ်းချောင်ရွာစည်းရုံးရေးမှူး ပစ်သတ်ခံရ

diz_admin

January 20, 2023

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ မရမ်းချောင်ကျေးရွာ စည်းရုံးရေးမှူးဖြစ်သူ ဦးအောင်ထွေးခိုင် ပစ်သတ်ခံရကြောင်း ဒေသခံတို့ထံမှ သိရသည်။ ဦးအောင်ထွေးခိုင်သည် ဇန်နဝါရီလ ၁၉ ရက် နံနက် ၁၁နာရီခန့်က ပျဉ်းကတိုးကုန်း ကျေးရွာအပိုင်ရှိ ၎င်းပိုင်ဆိုင်သည့် ခြံထဲတွင်ရှိနေစဉ် သေနတ်သမားတို့က လာရောက် ပစ်ခတ်သွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဦးခေါင်းကျည်ဖောက်ဝင်သည့် ဒဏ်ရာဖြင့် အသက် ၅၆ နှစ်အရွယ် ဦးအောင်ထွေးခိုင်မှာ နေရာတွင် သေဆုံးသွားကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “ပွဲချင်းပြီး သေသွားတယ်လို့ သိရတယ်။ အလောင်းကိုတော့ သူ့မိသားစုဝင်တွေ သွားသယ်ခဲ့ကြတယ်” ဟု မရမ်းချောင်ရွာ ဒေသခံတစ်ဦးက ပြောသည်။ ဦးအောင်ထွေးခိုင်သည် ကြံ့ခိုင်ရေးပါတီအပြင် ကျေးရွာ မီးလင်း‌ရေးကော်မတီတွင် မီတာဖတ်ခြင်း၊ မီတာခကောက်ခံခြင်းတို့ကိုလည်း လုပ်ဆောင်နေသူဖြစ်သည်ဟု ဒေသခံတို့ထံမှ […]

စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှု

diz_admin

January 20, 2023

လောင်းလုံးမြို့နယ်အတွင်းရှိ စျေးတစ်ခုတွင် ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီ၊ စည်းရုံးလှုံ့ဆော်ရေးဆပ်ကော်မတီမှ ဦးဆောင်ပြီး ယနေ့ (ဇန်နဝါရီ ၂၀) မနက်ပိုင်းက စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်ခဲ့သည်။ ဓာတ်ပုံ – Democracy Movement Strike Committee-Dawei

ဆီတင်သင်္ဘောပေါက်ကွဲမှုတွင် သေဆုံးသောမြန်မာခုနစ်ဦးအတွက် လျော်ကြေး ဘတ်ငါးသန်းခွဲကျော်ရ

diz_admin

January 20, 2023

ထိုင်းနိုင်ငံ မဲကလောင်ဆိပ်ကမ်းတွင် လောင်စာဆီတင်သင်္ဘောပေါက်ကွဲမှုကြောင့် သေဆုံးသွားသော မြန်မာအလုပ်သမား ခုနစ်ဦးအတွက် အာမခံနစ်နာကြေးငွေ ဘတ်ငါးသန်းခုနစ်သိန်းကျော် ပေးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ သေဆုံးသွားသည့် အလုပ်သမားများနှင့် ထိခိုက်ဒဏ်ရာရသူတို့၏ မိသားစုဝင်များထံ ထိုင်းအလုပ်သမား ဝန်ကြီးဌာန၏ အကြံပေးပုဂ္ဂိုလ်နှင့် တာဝန်ရှိသူများက လျော်ကြေးငွေကို ဇန်နဝါရီလ ၁၉ ရက်တွင် ပေးအပ်လိုက်ကြောင်း ရေးသားထားသည်။ စမွတ်စွန်ခရမ်ခရိုင် ပက်စမုတ်ဘုန်းကြီးကျောင်းတွင် ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ လောင်စာဆီတင်သင်္ဘောသည် စမွတ်စွန်ခရမ်ခရိုင် မောင်ဒေသ မဲကလောင်မြစ်ပေါ်ရှိ သင်္ဘောကျင်းတွင် ပြုပြင်ထိန်းသိမ်းရန် ရပ်နားထားထားစဉ် ဇန်နဝါရီလ ၁၇ ရက်က ပေါက်ကွဲမီးလောင်ခဲ့သဖြင့် မြန်မာအလုပ်သမား ခုနစ်ဦး သေဆုံးခဲ့ပြီး လေးဦးဒဏ်ရာရရှိခဲ့သည်။ သေဆုံးသွားသော မြန်မာအလုပ်သမားများမှာ ကိုပိုက်ထွေး၊ ကိုဝင်းဘို၊ ကိုသီဟ၊ ကိုဇော်မင်းလွင်၊ ကိုတင်ဝင်း၊ ကိုကိုဖြိုးနှင့် ကိုနိုင်ဝင်းတို့ဖြစ်ကြသည်။ သေဆုံးသူများအတွက် အသုဘအသုံးစရိတ်အနေဖြင့် […]