ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထိုင်း မဟာချိုင်တွင် စစ်ဘေးရှောင်ရန်ပုံငွေပွဲအဖြစ် မြန်မာ့ရိုးရာလမ်းလျှောက်သင်္ကြန်ကျင်းပမည်

diz_admin

April 10, 2023

ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင်၌ မြန်မာအလုပ်သမားသိန်းနှင့်ချီရှိသည့် မဟာချိုင်မြို့တွင် စစ်ဘေးရှောင် ရန်ပုံငွေပွဲအဖြစ် မြန်မာ့ရိုးရာလမ်းလျှောက်သင်္ကြန်ပွဲတော်ကို ပထမဆုံးအကြိမ်ကျင်းပမည်ဖြစ်ကြောင်း ပွဲစီစဉ်သူများထံမှသိရသည်။ မြန်မာ့ရိုးရာလမ်းလျှောက်သင်္ကြန်ပွဲတော်ကို ဝေလ ၉ လမ်းရှိ တနင်္ဂနွေဈေးကွင်းကြီးတွင် ဧပြီလ ၁၃ ရက်နှင့် ၁၄ ရက်တို့တွင် နှစ်ရက်တိုင်တိုင် ကျင်းပမည်ဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ နံနက် ၆ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပသွားမည်ဖြစ်ပြီး စတုဒီသာများလည်း ကျွေးမွေးသွားမည်ဖြစ်ကြောင်း ပွဲစီစဉ်သူတို့က ပြောသည်။ “ပုသိမ်ထီးတွေနဲ့ ချိတ်မယ်။ အထဲမှာ အေးဆေး ရေကစားမယ်။ ဝင်ကြေးအနေနဲ့ ကောက်မယ်။ ရရှိတဲ့ ဝင်ကြေးတွေကို စစ်ဘေးရှောင်တွေကို လှူမယ်” ဟု ပွဲစီစဉ်သူတစ်ဦးက ပြောဆိုသည်။ လမ်းလျှောက်သင်္ကြန်ပွဲတော်သို့ ဝင်ကြေးအနေဖြင့် တစ်ဦးလျှင် ဘတ် ၅၀ နှုန်း သတ်မှတ်ထားပြီး […]

လက်နက်ကြီးဖြင့် ပစ်ခတ်ခံရသဖြင့် သရက်ချောင်း ကင်းရှေ့ရွာက နေအိမ်တစ်လုံးပျက်စီး

diz_admin

April 10, 2023

သရက်ချောင်းမြို့နယ် ကင်းရှေ့ရွာတွင် စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်တစ်လုံးပျက်စီးကြောင်း ဒေသခံအချို့က ပြောသည်။ ဧပြီလ ၉ ရက် နံနက် ၆ နာရီခန့်က စော်ဖျားရွာဘုရားကုန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်က ဝင်ရောက်တိုက်ခိုက်သဖြင့် နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့သည်။ ယင်းသို့ တိုက်ပွဲပြင်းထန်နေချိန် ရောင်းမော်ရွာဘက်မှ စစ်ကူလာသည့် စစ်ကောင်စီတပ်ဖွဲ့က ပစ်သည့် လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲမှုကြောင့် ကင်းရှေ့ရွာက နေအိမ်တစ်လုံးပျက်စီးခြင်းဖြစ်ကြောင်း ယင်းရွာက ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ “ဘုန်းကြီးကျောင်းနားကိုလည်း နှစ်လုံးလောက်ကျတယ်။ အဲဒါပြီးတော့ ကင်းရှေ့ရွာထဲကို ဝင်လာပြီး ဘုန်းကြီးကျောင်းထဲ ဝင်ပုန်းနေတဲ့ ပန်းရံအလုပ်သမားတွေနဲ့ ရွာသူ ရွာသားတွေကို ဖမ်းသွားတယ်။ အိမ်ထဲမှာ နေနေတဲ့သူတွေရော ဖမ်းခံရတယ်” ဟု ၎င်းက ပြောသည်။ ဖမ်းဆီးခံရသူများတွင် ပန်းရံအလုပ်သမား ၁၀ ဦးခန့်ပါဝင်ပြီး […]

လောင်းလုံးပြည်သူ့ကာကွယ်ရေးအဖွဲ့အမည်သုံးကာ အလှူခံနေသူကိုဖမ်းမိ

diz_admin

April 10, 2023

လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ အမည်ကိုသုံးပြီး အလှူခံနေသူ အသက် ၂၀ အရွယ် လူငယ်အမျိုးသားတစ်ဦးကို ဖမ်းမိကြောင်း ယင်းအဖွဲ့က ထုတ်ပြန်သည်။ ဖမ်းမိသည့်လူငယ်ကို Facebook မှတစ်ဆင့် ငွေအလှူခံထားသည့် သက်သေအထောက်အထားများ၊ စစ်ဆေးမေးမြန်းနေသည့် ရုပ်သံမှတ်တမ်းများဖြင့် ယနေ့ မတ်လ ၁၀ ရက်တွင် ထုတ်ပြန်ထားခြင်းဖြစ်သည်။ “စအလှူခံတုန်းကတော့ တစ်ယောက်မှ လှူတဲ့သူမရှိဘူး။ နောက်မှ တစ်သောင်းစ၊ တစ်သောင်းစ လှူတာရှိလာတယ်” ဟု ‌ဖမ်းဆီးခံရသည့်လူငယ်က ရုပ်သံမှတ်တမ်းထဲတွင် ပြောဆိုထားသည်ကို တွေ့ရသည်။ ‘ငါချစ်သောနင် နင်မချစ်သောငါ’ Facebook အကောင့်အမည်ဖြင့် လွန်ခဲ့သည့် သုံးလခန့်ကတည်းက အွန်လိုင်းမှတစ်ဆင့် အလှူခံနေခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ငွေကြေးအခက်အခဲကြောင့် အလှူခံရခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သည်ဟု ဆိုသည်။ ၎င်းလူငယ်အမျိုးသားနှင့်အတူတွေ့ရသည့် လက်လုပ် Gas သေနတ်တစ်လက်၊ အလှူခံရာတွင်အသုံးပြုသည့် လက်ကိုင်ဖုန်းတို့လည်း သိမ်းဆည်းခဲ့ကြောင်း […]

ထုံတော်ရွာတွင် လက်နက်ကြီးကျည်ထိမှန်ပြီး သုံးနှစ်သားကလေးနှင့် မိခင်ဖြစ်သူဒဏ်ရာရ

diz_admin

April 10, 2023

တနင်္သာရီမြို့နယ်၊ ထုံတော်ကျေးရွာဘက်သို့ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်သဖြင့် သုံးနှစ်သားအရွယ် ကလေးငယ်တစ်ဦး ခြေချောင်းအချို့ ပြတ်တောက်ဒဏ်ရာရပြီး မိခင်ဖြစ်သူလည်းဒဏ်ရာရကြောင်း ဒေသခံများက ပြောသည်။ ဧပြီလ ၉ ရက်နေ့ ညနေက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ထုံတော်ရွာဘက်သို့ လက်နက်ကြီးဖြင့် ခြောက်ကြိမ် ပစ်ခတ်ခဲ့ရာ ရွာထဲနှင့် ရွာအနီးတို့တွင် ကျရောက်ပေါက်ကွဲကြောင်း ဒေသခံများထံမှ သိရသည်။ လက်နက်ကြီးကျည်ထိမှန်သဖြင့် ကလေးငယ်တွင် ခြေချောင်းအချို့ ပြတ်တောက်ဒဏ်ရာရကာ မိခင်ဖြစ်သူမှာ ပေါင်တွင် ဒဏ်ရာရကြောင်း ဒေသခံအချို့က ဆိုသည်။ “လက်နက်ကြီးနဲ့ ပစ်တော့ အမေက သမီးကို ချီပြီးအိမ်ထဲဝင်ပြေးတာ ကျည်ကျပြီး လာစင်တယ်။ ကလေးမလေး ခြေချောင်းလေးတွေ ပြတ်ထွက်သွားတယ်။ အမေမှာလည်း ဒဏ်ရာတစ်ချက် ရသွားတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ကလေးငယ်၏ ခြေထောက်ကို အဝတ်ဖြင့်စည်းထားပြီး သားမိနှစ်ဦးစလုံးကို အရေးပေါ်လူနာတင်ယာဉ်ဖြင့် […]

မြိတ်နှင့် ပုလောတွင် ရိုးရာကျားအက လေးနှစ်ဆက်တိုက်မကဖြစ်

diz_admin

April 10, 2023

သင်္ကြန်မတိုင်မီ ကျင်းပလေ့ရှိသည့် မြိတ်နှင့် ပုလောမြို့တို့တွင် ရိုးရာကျားအက လေးနှစ်ဆက်တိုက် မကဖြစ်သဖြင့် တိမ်ကောစပြုလာပြီဖြစ်ကြောင်း ယင်းမြို့တို့က မြို့ခံအချို့က ပြောဆိုသည်။ မြိတ်ရိုးရာကျားအကအား ရန်ပုံငွေအခက်အခဲကြောင့် ရှစ်နှစ်ဆက်တိုက်ရပ်နားခဲ့ပြီးနောက် ၂၀၁၉ ခုနှစ်တွင် ကျရောက်သည့် ဗိုလ်ချုပ်မွေးနေ့တွင် ပြန်လည်ဖော်ထုတ်ပြ ကပြနိုင်ခဲ့ကြောင်း ကျားအကအဖွဲ့ဝင်တစ်‌ဦးက ပြောသည်။ ၂၀၂၀ ပြည့်နှစ်တွင် ကိုဗစ်ကပ်ရောဂါကြောင့် မကဖြစ်သလို့ အာဏာသိမ်းပြီးနောက်ပိုင်းတွင်လည်း နိုင်ငံရေး အခြေအနေတို့ကြောင့် ရိုးရာကျားအက မကဖြစ်တော့ကြောင်း မြိတ်ကျားအကအဖွဲ့ဝင်တို့နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။ “ဒီနိုင်ငံရေးအနေအထားဆိုရင် မြိတ်ကျားအက ပြန်ကဖို့မလွယ်ဘူး။ ကျားအက ကတဲ့သူတွေလည်း မတွေ့ရတော့ဘူး” ဟု ကျားအကအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ ထို့အပြင် ကျားအက အဖွဲ့ဝင်အချို့တို့သည် နိုင်ငံရေးအခြေအနေကြောင့် တိမ်းရှောင်နေကြရကြောင်း ၎င်းက ပြောဆိုသည်။ “ငယ်တုန်းကဆိုရင် ကျားအကက နှစ်တိုင်းတွေ့နေကျပဲ။ အခုမတွေ့ရတော့ဘူးဆိုတော့ […]

PDF ရဲဘော်သုံးဦးအား မြန်မာစစ်ကောင်စီထံလွှဲပေးမှုဖြေရှင်းပေးရန် ထိုင်းအစိုးရကို ထိုင်းနိုင်ငံရေးပါတီတောင်းဆို

diz_admin

April 10, 2023

မဲဆောက်တွင် ဆေးလာကုသည့် မြန်မာတော်လှန်ရေးရဲဘော်သုံးဦးကို ထိုင်းလဝကက ဖမ်းဆီးခဲ့ပြီး မြန်မာစစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် BGF ထံသို့ ပြန်လည်အပ်နှံမှုကို အပြင်းအထန်ရှုတ်ချပြီး ဖြေရှင်းချက်ပေးရန်လည်း ထိုင်းနိုင်ငံရေးပါတီတစ်ခုဖြစ်သော The Commoners’ Party က တောင်းဆိုလိုက်သည်။ ဧပြီလ ၈ ရက် ရက်စွဲဖြင့် ကြေညာချက်ထုတ်ပြန်ကာ တောင်းဆိုလိုက်ခြင်းဖြစ်သည်။ အဆိုပါ တော်လှန်ရေးရဲဘော်သုံးဦးမှာ စစ်ကောင်စီတပ်ကို တိုက်ခိုက်နေသည့် ကရင်ပြည်နယ်အခြေစိုက် Lion Battalion Commando အဖွဲ့က ဒုတိယစစ်ကြောင်းမှူး ကိုသီဟ၊ ပြန်ကြာရေးတာဝန်ခံ ကိုထက်နေဝန်းနှင့် တပ်ဖွဲ့ဝင် စောဖြိုးလေးတို့ ဖြစ်သည်။ တိုက်ပွဲတွင် ရရှိသည့် ဒဏ်ရာကို ထိုင်းနိုင်ငံ မဲဆောက်မြို့၌ သွားရောက်ဆေးကုသစဉ် လမ်းမှားသွားမိသဖြင့် ဧပြီလ ၁ ရက်နေ့တွင် ဖမ်းဆီးခံရပြီး ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနက ထိန်းသိမ်းထားခဲ့ခြင်းဖြစ်သည်။ ယင်းနောက် ဧပြီလ […]

တနင်္သာရီ သိန်ခွန်းအုပ်စုတွင် နေအိမ်နှင့် ဈေးဆိုင်အချို့ဖျက်ဆီးမီးရှို့ခံရ၊ ဘုရားကျောင်းလည်း လက်နက်ကြီးထိမှန်

diz_admin

April 10, 2023

တနင်္သာရီမြို့နယ် သိန်ခွန်းကျေးရွာအုပ်စုက ရွာသုံးရွာရှိ နေအိမ်နှင့် ဈေးဆိုင်အချို့ ဖျက်ဆီးမီးရှို့ခံရပြီး ခရစ်ယာန်ဘုရားကျောင်းတစ်ကျောင်းလည်း လက်နက်ကြီးကျည် ထိမှန်ပျက်စီးကြောင်း ဒေသခံများက ပြောသည်။ ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်က သိန်ခွန်းကျေးအုပ်စုသို့ စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့ပြီး လမ်းတစ်လျှောက်က သိန်ခွန်း၊ ချောင်းနှစ်ပေါက်နှင့် သဲဖြူရွာရှိ နေအိမ်နှင့် ဈေးဆိုင်အချို့ကို မီးရှို့ဖျက်ဆီးသွားကြောင်း ပြည်သူ့ကာကွယ်ရေး၊ မြိတ်ခရိုင်တပ်ရင်း (၂) က ထုတ်ပြန်ထားသည်။ ထို့အပြင် လက်နက်ကြီးဖြင့် ပစ်ခတ်သည့်အတွက်လည်း သဲဖြူရွာရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်း ပျက်စီးခဲ့ရကြောင်း ရေးသားထားသည်။ “နေအိမ်သုံးလေးဆောင် မီးရှို့ခံရတယ်။ လဖက်ရည်ဆိုင်၊ ဈေးဆိုင်တွေကိုလည်း ဝင်ပြီး ရိုက်ခြေဖျက်ဆီးသွားတယ်။ သူတို့လိုတဲ့ ပစ္စည်းတွေလည်း ယူသွားတယ်လို့ သိရတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ယင်းကျေးရွာအုပ်စုတွင် ပြီးခဲ့သည့် မတ်လ ၂၈ ရက်ကစတင်ပြီး ယနေ့ ဧပြီလ […]

သရက်ချောင်းမြို့နယ် ရဲစခန်းတွင် အချင်းချင်းပစ်ခတ်မှုကြောင့် စခန်းမှူးသေဆုံး

diz_admin

April 10, 2023

ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် ရဲစခန်းတွင် အချင်းချင်းပစ်ခတ်မှုကြောင့် စခန်းမှူးသေဆုံးခဲ့သည်ဟု မြို့နယ်ရဲစခန်းနှင့် နီးစပ်သူအချို့က ပြောသည်။ ဧပြီလ ၉ ရက် မွန်းလွဲ ၁ နာရီ ၂၀ မိနစ်ခန့်က အချင်းများ(ခိုက်ရန်ဖြစ်ပွား)ပြီး ဒုရဲအုပ်က စခန်းမှူး‌ကို ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ “အခုလုပ်လိုက်တဲ့လူကလည်း ဒီစခန်းကိုပြောင်းလာတာ မကြာသေးဘူး။ သူကလည်း အရာရှိ ဟိုကလည်းအရာရှိဆိုတော့ အရာရှိအချင်းချင်း ဖြစ်ကြတာပေါ့လေ။ စခန်းထဲက သေနတ်သံကြားမှ သိတယ်ဆိုပြောတယ်။ သေနတ်ဘာလို့ပစ်လဲဆိုပြီး အခန်းထဲကြည့်လိုက်မှ စခန်းမှူးက လဲနေပြီ၊ ပစ်တဲ့သူကိုတော့ အဲ့မှာ ချက်ချင်းပဲ ဖမ်းလိုက်တယ်” ဟု ၎င်းက ပြောသည်။ စခန်းမှူးနေမင်းစိုးမှာ အသက် ၄၀ ဝန်းကျင်ခန့်ရှိမည်ဟုဆုသည်။ သို့သော် ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ကောင်စီဘက်က ထုတ်ပြန်ခြင်းမရှိသလို အသေးစိတ်အခြေအနေကိုလည်း […]