ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထားဝယ်သပိတ်ကော်မတီဦးဆောင်သူ ကိုမင်းလွင်ဦးကို စစ်ကောင်စီက ဆုကြေးထုတ်၊ သပိတ်လုပ်ငန်း ရပ်တန့်မည်မဟုတ်ဟု သပိတ်ကော်မတီတုံ့ပြန်

diz_admin

April 12, 2023

ထားဝယ်ခရိုင် သပိတ်ကော်မတီ ဦးဆောင်သူတစ်ဦးဖြစ်သူ ကိုမင်းလွင်ဦးကို ဖမ်းဆီးပေးနိုင်သူအား ဆုကြေး ကျပ်သိန်း ၃၀၀ ပေးမည်ဖြစ်ကြောင်း စစ်ကောင်စီက ယနေ့ (ဧပြီ ၁၂)တွင်ကြေညာခဲ့သည်။ လောင်းလုံးမြို့ပေါ်ရှိ လမ်းဆုံ၊ လမ်းခွများ၊ ဓာတ်မီးတိုင်များတွင် စာကပ်ကြေညာထားခြင်းဖြစ်သည်။ ကိုမင်းလွင်ဦးသည်‌ လောင်းလုံးမြို့နယ်အတွင်း နယ်မြေအေးချမ်းမှုကို ထိခိုက်စေရန် လူငယ်များကိုစည်းရုံးပြီး ဆန္ဒပြဆူပူလှုံ့ဆော်မှုများ ဆောင်ရွက်နေသူဖြစ်ကြောင်း၊ မိဘများမှာ သားသမီးများအတွက် ပူပင်သောကရောက်ပြီး စစ်ကောင်စီအဖွဲ့အစည်းများထံ တိုင်ကြားလာမှုများရှိကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ စစ်ကောင်စီ၏ ရေးသားထားချက်များအပေါ် ကိုမင်းလွင်ဦးက အောက်ပါအတိုင်းပြန်လည်တုံ့ပြန်ပြောဆိုခဲ့သည်။ “ကျွန်တော်တို့တော်လှန်ရေးက လူထုတော်လှန်ရေးဖြစ်တယ်။ လူထုကြားထဲကပေါက်ဖွားလာတာဖြစ်တယ်။ တော်လှန်ရေးရဲ့ ကဏ္ဍအသီးသီးမှာ ပါဝင်နေတဲ့ လူငယ်တွေက တစ်စုံတစ်ယောက်၊ အစုအဖွဲ့တစ်ခုကနေပြီး ဖျားယောင်းသွေးဆောင်လို့ ပါလာနေတာမဟုတ်ဘူးဆိုတာ တစ်နိုင်ငံလုံးကပြည်သူတွေသိတယ်” ယင်းအပြင် စစ်ကောင်စီကပြောဆိုရေးသားထားသကဲ့သို့ ဆန္ဒပြသူများမှာ နယ်မြေမအေးချမ်းအောင် လုပ်ဆောင်နေသူများမဟုတ်ဘဲ စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ကသာ လုပ်ဆောင်နေခြင်း […]

ရေးတွင် အိမ်စီးကားတစ်စီးပစ်ခတ်ခံရပြီး ယာဉ်ပေါ်ပါသူ ၂ ဦးဒဏ်ရာရ

diz_admin

April 11, 2023

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လိမ္မော်ခြံကျေးရွာအနီး ရေး-သံဖြူဇရပ်ကားလမ်းမတွင် အိမ်စီးကားတစ်စီး ပစ်ခတ်ခံရပြီး ယာဉ်ပေါ်ပါသူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။ ဧပြီလ ၁၀ ရက်နေ့ နံနက် ၁၁ နာရီအချိန်ခန့်က ဘုရားသုံးဆူမြို့ဘက်မှ ရေးမြို့ဘက်သို့ ဆင်းလာသည့် Vigo အိမ်စီးကားတစ်စီးသည် လိမ္မော်ခြံကျေးရွာ ကုန်းဆင်းအရောက်တွင် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည်။ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ကားပေါ်လိုက်ပါလာသည့် ရေးမြို့နယ် ဒူးယားကျေးရွာမှ ဦးဖေသန်းဆိုသူမှာ ခါးကို ကျည်ဆန်ထိမှန်ခဲ့ပြီး လမိုင်းမြို့နေ ဒေါ်မြမွန်ဆိုသူမှာ ခြေသလုံးကိုကျည်ဆန်ရှပ်မှန် ခဲ့သည်ဟု နီးစပ်သူတို့ထံမှ သိရသည်။ အဆိုပါ အိမ်စီးကားမှာ လိမ္မော်ခြံကျေးရွာ ကုန်းဆင်းလမ်းတွင် ပစ်ခတ်ခံရခြင်းဖြစ်ပြီး မည်သူတို့က မည်သည့်အကြောင်းကြောင့် ပစ်ခတ်သည်ကို မသိရှိရပေ။ ကျည်ထိဒဏ်ရာရရှိခဲ့သည့် ဒေသခံ ၂ ဦးကို လူမှုကယ်ဆယ်ရေးအဖွဲ့တို့က ရေးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး […]

ရေကစားသူမရှိသည့် ကလေးသင်္ကြန်ပထမရက်

diz_admin

April 11, 2023

ကလေးသင်္ကြန်စတင်သည့် ယနေ့ ဧပြီလ ၁၁ ရက်တွင် လောင်းလုံးနှင့် ရေဖြူမြို့နယ်များထဲက ကျေးရွာအချို့တွင် ကလေးများ ရေပက်ကစားသည်ကို မတွေ့ရပေ။ ထားဝယ်ဒေသတွင် သင်္ကြန်အကျနေ့မတိုင်မီ သုံးရက်ကြိုတင်ကာ ကလေးသင်္ကြန်ကို ကျင်းပခြင်းဖြစ်သည်။ ကိုဗစ်ကပ်ဘေးကြောင့် သင်္ကြန်ပွဲတော် မကျင်းပသဖြင့် ကလေးငယ်များ သင်္ကြန်တွင် ရေပက်မကစားခဲ့ကြသလို အာဏာသိမ်းမှုနောက်ဆက်တွဲ နိုင်ငံရေးမတည်ငြိမ်မှုကြောင့်လည်း ကလေးသင်္ကြန်နေ့များတွင် ရေကစားသူ မတွေ့ရတော့ပေ။ စစ်ကောင်စီကမူ ယခုနှစ်သင်္ကြန်ပွဲတော်ကို တိုင်းအတွင်း စည်စည်ကားကား ကျင်းပရန် မဏ္ဍပ်များ ဆောက်လုပ်ကာ ပြင်ဆင်နေသည်။

တိုက်ပွဲကြောင့်ပိတ်ထားသည့် မြိတ်-ဘုတ်ပြင်းလမ်းတွင် ကားများပြန်လည်သွားလာနေ

diz_admin

April 11, 2023

တိုက်ပွဲကြောင့် ဖြတ်သန်းသွာလာခြင်း မပြုလုပ်ကြရန် ပိတ်ပင်ထားသည့် မြိတ်-ဘုတ်ပြင်း-ကော့သောင်းလမ်းတွင် ကုန်ကားနှင့် ကားအချို့ ပြန်လည်သွားလာနေကြကြောင်း ကားသမားများနှင့် ဒေသခံတို့ထံမှ သိရသည်။ ဧပြီလ ၃ ရက်နေ့ကစပြီး ပိတ်ထားခဲ့သည့် ယင်းလမ်းကို ပြန်လည်သွားလာခွင့်မပြုသေးသော်လည်း ဧပြီ ၁၀ ရက်နေ့တွင် ပြန်လည်အသုံးပြုသွားလာနေခြင်း ဖြစ်သည်ဟုဆိုသည်။ တနင်္သာရီမြို့နယ်အတွင်း မတ်လ ၂၈ ရက်မှစတင်ကာ တိုက်ပွဲများပြင်းထန်လာခဲ့သည်။ ထို့ကြောင့် မြိတ်ကြေးနန်းတိုင်တံတား (ပသောင်းတံတား) မှ ဘုတ်ပြင်းမြို့နယ်၊ မနိုးရုံးကျေးရွာအထိ ပြည်ထောင်စုလမ်းကို ဖြတ်သန်းသွားလာခြင်း မပြုလုပ်ကြရန် ဧပြီလ ၃ရက်တွင် ပြည်သူ့ကာကွယ်ရေးတပ်များက ကြေညာခဲ့သည်။ သို့သော် ယာဉ်အချို့မှာ သွားလာနေမြဲဖြစ်ပြီး စစ်ကောင်စီတပ်ကားများပါ အရပ်သားကားများနှင့် နီးကပ်စွာရောနှော သွားလာခဲ့ကြကြောင်း ဒေသခံတို့ထံမှ သိရသည်။ ယင်းနောက် ဧပြီ ၅ ရက် ညနေတွင် အဆိုပါလမ်းရှိ […]

လောင်းလုံး ပန်းတင်အင်းရွာသားတစ်ဦး အသတ်ခံရ

diz_admin

April 11, 2023

လောင်းလုံးမြို့နယ် ပန်းတင်အင်းရွာက အမျိုးသားတစ်ဦး ဧပြီလ ၁၀ ရက်ညက အသတ်ခံရကြောင်း ဒေသခံအချို့က ပြောသည်။ သေဆုံးသူမှာ အသက် ၂၇ နှစ်အရွယ် ကိုသူရိန်မျိုးဆိုသူဖြစ်ပြီး ရွာတွင် ပန်းရန်လုပ်ကိုင်လေ့ရှိသူဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ ဧပြီလ ၁၀ ရက်ညအချိန် အိမ်ပြန်မလာသဖြင့် လိုက်လံရှာဖွေရာ အာရုဏ်တက်ခါနီးအချိန်ရောက်မှ ပန်းတင်အင်းကျေးရွာ သင်္ချိုင်းသွားလမ်းတွင် သေဆုံးလျှက်တွေ့ရှိရကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။ “ဓားခုတ်ဒဏ်ရာက နှစ်ချက်ရှိတယ်။ သေနတ်ဒဏ်ရာလည်း ရှိတယ်” ဟု ‌၎င်းက ပြောသည်။ ကိုသူရိန်မျိုး အသတ်ခံသည့်ည ၁၀ နာရီခန့်တွင် သေနတ်ပစ်ဖောက်သံ သုံးချက်ကြားရကြောင်းလည်း ၎င်းက ဆက်လက်ပြောဆိုသည်။ ၎င်းအားမည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်သတ်ခဲ့သည်ကိုမူ မသိရသေးပေ။ ရုပ်အလောင်းအား ယနေ့ ဧပြီလ ၁၁ ရက် နံနက်ပိုင်းက ထားဝယ်ဆေးရုံသို့ပို့ […]

သရက်ချောင်း ကျောက်လှေကားရွာက နေအိမ်အချို့

diz_admin

April 11, 2023

သရက်ချောင်းမြို့နယ် ကျောက်လှေကားရွာက နေအိမ်အချို့ကို ဧပြီလ ၁၀ ရက် ညနေပိုင်းတွင် စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။ ဧပြီလ ၉ရက် နံနက်ပိုင်းတွင် စော်ဖျားရွာဘုရားကုန်း၌ တပ်စွဲထားသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်များက စော်ဖျား၊ ကျောက်လှေကားရွာများဘက်ကို စစ်ကြောင်းထိုးနေခြင်း ဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။ ဧပြီလ ၁ဝရက် ညနေ ၄ နာရီခန့်တွင် ကျောက်လှေကားရွာဘက်က ပစ်ခတ်သံများ ကြားရပြီး ညနေ ၅ နာရီခန့်တွင် ပစ်ခတ်သံများ တိတ်သွားပြီးနောက် မီးရှို့ခံရခြင်းဖြစ်ကြောင်း ယင်းကျေးရွာအနီးနေထိုင်သူ အမျိုးသမီးတစ်ဦးက ဆိုသည်။ “မနေ့က မီးခိုးလုံးတွေ တက်လာတာကို အဝေးကနေတွေ့ရတယ်။ နောက်မှ ကျောက်လှေကားက အိမ်တွေ မီးရှို့ခဲ့တာလို့ ပြောတယ်။ အိမ်သုံးဆောင်လို့လည်း ‌ကြားတယ်” ဟု […]

လောင်းလုံးမြို့နယ်အတွင်း လူထုစည်းရုံးရေး အသိပညာပေးလှုပ်ရှားမှုပြုလုပ်

diz_admin

April 11, 2023

ထားဝယ်ခရိုင် ဒီမိုကရေစီအ‌ရေးလှုပ်ရှားမှု သပိတ်ကော်မတီ၊ စည်းရုံးလှုံ့ဆော်ရေးဆပ်ကော်မတီဝင်များမှ လောင်းလုံးမြို့နယ်အတွင်း ဈေး ၂ ဈေးနှင့် ကျေးရွာတစ်ရွာသို့ သွားရောက်၍ လူထုစည်းရုံးလှုံ့ဆော်ရေး အသိပညာပေးလှုပ်ရှားမှု ယနေ့နံနက်တွင် ပြုလုပ်ခဲ့သည်။

စစ်ကောင်စီက လက်နက်ကြီးဖြင့်ပစ်၍ မော်တုန်းရွာသားခုနစ်ဦးခန့် ထိခိုက်ဒဏ်ရာရ

diz_admin

April 10, 2023

မြိတ်ခရိုင်၊တနင်္သာရီမြို့နယ်၊ မော်တုန်းကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်သည့်အတွက် ရွာသားခုနှစ်ဦးခန့် ထိခိုက်ဒဏ်ရာရသွားကြောင်း ဒေသခံများ ထံမှသိရသည်။ မော်တုန်းအနောက်ကမ်း ကျေးရွာအတွင်းသို ဧပြီလ ၈ ရက်နေ့က ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး အသက်မပြည့်သေးသည့် ကလေးငယ်များအပါအဝင် ရွာသား ၇ ဦးခန့်ကျည်စထိမှန် ဒဏ်ရာရခဲ့သည်ဟု ဒေသခံအမျိုးသမီး ကပြောသည်။ “ခြေတွေ လက်တွေထိတယ်။ ခါးဆုံမှာထိသူလည်းရှိတယ်။ အဖိုးကြီးတစ်ယောက်ကတော့ နောက်ကျောမှာထိတယ်။ ထိတဲ့ကလေးတွေက ၁၂ နှစ် ၁၃ နှစ် အရွယ်တွေ၊၁၆ နှစ်က ၂ ယောက်ထိတယ်။၁၈ နှစ်က တစ်ယောက် အားလုံးယောကျ်ားတွေ”ဟု မော်တုန်းအနောက်ကမ်းနေ အမျိုးသမီး ကပြောသည်။ မော်တုန်းရွာအနောက်စုနှင့် နမ်းစိုက်ပြင်ရပ်ကွက်ဘက်တွင် လက်နက်ကြီး စုစုပေါင်း ငါးလုံးကျရောက်ခဲ့ခြင်းဖြစ်ပြီး နေအိမ် ၆ ဆောင်ခန့်မှာလည်း အမိုးအကာပေါက်ပြဲ ပျက်စီးခဲ့ရသည်ဟု ဒေသခံအမျိုးသားကလည်း ကပြောသည်။ […]