ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထားဝယ်မြို့က ဆောက်လုပ်ရေးမဏ္ဍပ်တွင် ရေကစားကြသူများ

diz_admin

April 13, 2023

မဟာသင်္ကြန်ပွဲရောက်ပြီဆိုလျှင် တခုတ်တရ ရေကစားလေ့ရှိကြသည့် ထားဝယ်မြို့ပေါ်တွင် ယခုနှစ်တွင်တော့ ရေကစားသူ အနည်းငယ်သာ ရှိကြသည်။ ထားဝယ်မြို့က ဆောက်လုပ်ရေးမဏ္ဍပ်တွင် ရေကစားနေသည့် မြင်ကွင်းကို ၂၀၁၅ ခုနှစ်ကပုံနှင့် ယခုနှစ် သင်္ကြန်အကြိုနေ့ မြင်ကွင်းတို့ကို တွဲယှဉ်ဖော်ပြလိုက်ပါသည်။

ကြက်တိုက်နေသူများကို PDF ကဖမ်း၍ ခြေထောက်ကို သုံးချက်စီရိုက်ပြီး ပြစ်ဒဏ်ပေး

diz_admin

April 13, 2023

လောင်းလုံးမြို့နယ် အောက်ပိုင်းကျေးရွာတစ်ရွာတွင် ကြက်တိုက်လောင်းကစားပြုလုပ်နေသူ ၂၁ ဦးကို ဖမ်းမိသဖြင့် ခြေထောက်ကို သုံးချက်စီရိုက်၍ ပြစ်ဒဏ်ပေးခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူကာကွယ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။ သတင်းရ၍ ဧပြီလ ၁၂ ရက် မွန်းလွဲ ၂ နာရီခန့်ကသွားရောက်ဖမ်းဆီးခဲ့ရာ လူဦးရေ ၂၁ ဦးခန့်နှင့် လောင်းကြေးငွေ လေးသိန်းသုံးသောင်းကျပ်တိတိကို ဖမ်းဆီးရမိခဲ့သည်ဟု ထုတ်ပြန်ချက်အရသိရသည်။ “သေနတ်သံကတော့ နှစ်ချက်လောက်ကြားလိုက်တယ်။ လောင်းကစားဝိုင်းကို သတိပေးတယ်လို့တော့ ကြားရတာပဲ”ဟု ဒေသခံတစ်ဦးကပြောသည်။ လောင်းကြေးငွေများကို သိမ်းဆည်းခဲ့ပြီး လောင်းကစားပြုလုပ်သူများကိုမူ ခြေထောက်ကိုသုံးချက်စီရိုက်၍ ပြစ်ဒဏ်ပေးခဲ့ကာ ခံဝန်ကတိယူ၍ ပြန်လွတ်ပေးလိုက်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။ လောင်းလုံးမြို့နယ်အတွင်း မူးယစ်ဆေးဝါးသုံးစွဲခြင်းနှင့် လောင်းကစားပြုလုပ်ခြင်းကို မပြုလုပ်ကြရန် လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က တားမြစ်ခဲ့ပြီး ဆက်လက်ပြုလုပ်နေမည်ဆိုပါက ပြင်းပြင်းထန်ထန်အရေးယူမည်ဟု ထုတ်ပြန်ထားသည်။ ပြီးခဲ့သည့် ဇန်နာဝါရီ ၂၇ ရက်နေ့ကလည်း […]

ကမြောကြီးရွာသားတစ်ဦး သေနတ်ဖြင့်ပစ်ခံရ

diz_admin

April 13, 2023

လောင်းလုံးမြို့နယ်၊ ကမြောကြီးရွာတွင် ယနေ့(ဧပြီ ၁၃) မနက် ၉ နာရီဝန်းကျင်ခန့်က အမျိုးသားတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရပြီး ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံအချို့ထံမှသိရသည်။ ယနေ့မနက်ပိုင်းက ကမြောကြီးရွာလယ်ရှိ ကုန်စုံဆိုင်တွင် ဈေးဝယ်နေစဉ် သေနတ်သမားက ဆိုင်ကယ်တစ်စီးဖြင့် ရောက်လာပြီး ပစ်ခတ်သွားခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးကပြောသည်။ ” အသံတော့ကြားလိုက်တယ်။ ဆိုင်ကယ်ဘီးပေါက်တယ်လို့ပဲထင်နေတာ “ဟု ၎င်းကပြောသည်။ ပစ်ခတ်ခံရသူမှာ အသက် လေးဆယ်ကျော်ဝန်းကျင်အရွယ်ရှိ ကိုအောင်ကိုဦးဆိုသူဖြစ်ပြီး ပစ်ခတ်ခံရမှုကြောင့် ၎င်း၏လက်ကို သေနတ်ကျည်ဆန်ထိမှန်ကာ ဒဏ်ရာအနည်းငယ်ရရှိသွားကြောင်း သိရှိရသည်။ ယနေ့နေ့လယ်ပိုင်းတွင် ယင်းအမျိုးသားကို အရေးပေါ်ကားဖြင့် ဆေးကုသရန် လာရောက်တင်ဆောင်သွားကြောင်း ဒေသခံများ၏ ပြောဆိုချက်အရသိရသည်။ ကို‌အောင်ကိုဦးဆိုသူအားမည်သူတို့က မည်သည့်အကြောင်းယင်းကြောင့် လာရောက်ပစ်ခတ်သွားသည် ဆိုခြင်းကို မသိရသေးပေ။ လောင်းလုံးတွင် ဧပြီလ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့အထိ သုံးရက်အတွင်း ပစ်ခတ်ခံရမှုကြောင့် အမျိုးသားတစ်ဦးနှင့် […]

မြိတ်က သင်္ကြန်အကြိုနေ့

diz_admin

April 13, 2023

ခရီးသွားများဖြင့် စည်ကားလေ့ရှိသည့် တနင်္သာရီတိုင်း၊ မြိတ်မြို့ မဟာသင်္ကြန်ပွဲမှာ ယခုနှစ်တွင်တော့ ကလေးငယ်အချို့သာ ရေကစားနေကြသည်ကိုတွေ့မြင်ရသည်။ ယနေ့(သင်္ကြန်အကြိုနေ့) ညနေ ၃ နာရီခန့်တွင် မြိတ်မြို့ရှိလမ်းများပေါ်၌ လူအသွားအလာ ခြောက်ကပ်နေပြီး ရေကစားသူမရှိသည့် အခြေအနေကို မြင်တွေ့ကြရသည်။ မြိတ်မြို့တွင် ယခင်က ရေကစားမဏ္ဍပ် ၂၀ နှင့် ၃၀ အကြားရှိခဲ့သော်လည်း ယခုအခါ ဗဟိုရေကစားမဏ္ဍပ် အပါအဝင် ရပ်ကွက်အလိုက် ရေကစားမဏ္ဍပ် ငါးခုခြောက်ခုခန့်သာရှိကြောင်း သိရသည်။ ယင်းရေကစားမဏ္ဍပ်များတွင် ရေကစားသူ အနည်းငယ်သာရှိပြီး လုံခြုံရေးများ ချထားသည်ကို တွေ့မြင်ရသည်။

မြိတ်တွင်နေအိမ်လေးလုံး မီးလောင်

diz_admin

April 13, 2023

မြိတ်မြို့တွင် နေအိမ်လေးလုံး မီးလောင်ပြာကျသွားကြောင်း ဒေသခံများနှင့် နာရေးကူညီမှုအသင်းများ ထံမှ သိရသည်။ မြိတ်မြို့၊အင်းလေးမြိုင်စက်မှုဇုံအနီး ချမ်းမြေ့သာယာရပ်ကွက်တွင် ယနေ့ မွန်းလွဲ ၂ နာရီကျော်က မီးလောင်ကျွမ်းခဲ့ပြီး ဖက်မိုးထရံကာ နေအိမ်လေးလုံး မီးလောင်သွားသည်ဟု ဒေသခံများနှင့် နာရေးကူညီမှုအသင်း ကပြောသည်။ “ဓနိမိုးထရံကာ အိမ်လေးလုံး ပြာကျသွားတယ်။ လူမနေတဲ့ အိမ်တစ်လုံးလည်း ဖျက်ချလိုက်ရတယ်။ လူတွေကတော့ ထိခိုက်တာမျိုးမရှိပါဘူး”ဟု မီးလောင်ရာသို့သွားရောက်ကူညီခဲ့သည့် ဂရုဏာနာရေးကူညီမှုအသင်းမှ တာဝန်ရှိသူကပြောသည်။ မီးလောင်ရာသို့ မီးသတ်ကားများ လာရောက်ငြိမ်းသတ်ခဲ့ပြီး ၁၅ မိနစ်ခန့်သာ မီးလောင်ခဲ့သည်ဟု ဒေသခံများကပြောသည်။ မီးလောင်ရသည့် အကြောင်းအရင်းကိုမူ မသိရသေးပေ။

ပဉ္စသီမော်ရွာသူတစ်ဦး ပစ်သတ်ခံရ

diz_admin

April 13, 2023

လောင်းလုံးမြို့နယ်၊ သဗျာကျေးရွာအုပ်စု၊ ပဉ္စသီမော်ရွာသူတစ်ဦး ဧပြီလ ၁၂ ရက် နေ့လယ်ပိုင်းက သေနတ်ဖြင့် ပစ်သတ်ခံရသည်ဟု ဒေသခံများကပြောသည်။ ပစ်သတ်ခံရသူမှာ အသက် ၅၀ ဝန်းကျင်ခန့်အရွယ်ရှိ ဒေါ်ရီဝင်းဆိုသူဖြစ်ပြီး ယင်းအမျိုးသမီးမှာ ဥယျာဉ်ခြံထဲ၌ သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည်ဟု ဒေသခံတစ်ဦးကပြောသည်။ “သေနတ်ဒဏ်ရာက လေးချက်လောက်ရှိတယ်”ဟု ၎င်းဒေသခံကပြောသည်။ သေဆုံးသူအမျိုးသမီးကို မည်သူတို့က မည့်သည့်အကြောင်းရင်းကြောင့် လာရောက်ပစ်ခတ်သွားသည်ကိုမူ မသိရသေးပေ။ သေဆုံးသူအမျိုးသမီးသည် အာဏာမသိမ်းခင်က ၎င်း၏ မိဘနှစ်ပါးကို ကိုယ်ထိလက်ရောက်စော်ကားမှုကြောင့် အချုပ်ကျခဲ့ဖူးသည်ဟု ဒေသခံအချို့ကပြောသည်။ ” မိဘအရင်းလက်ကို ရိုက်ချိုးတာ အဝတ်ဘီရိုနဲ ဖိသတ်တာ အဲလောက်ထိတောင်လုပ်တယ်” ဟု အခြားဒေသခံတစ်ဦးကပြောသည်။ ၎င်း၏ရုပ်အလောင်းကို ‌ဧပြီလ ၁၂ ရက် မွန်းလွဲပိုင်းက အရေးပေါ်ကားဖြင့် လာရောက်တင်ဆောင်သွားကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။

ရေး ဇီးဖြူသောင်အုပ်ချုပ်ရေးမှူးရုံးကို ဝင်တိုက်၊ ပြည်သူ့စစ် ၂ ဦးရှင်းလင်းနိုင်ခဲ့ဟုထုတ်ပြန်

diz_admin

April 13, 2023

မွန်ပြည်နယ်၊ ရေးမြို့နယ် ဇီးဖြူသောင်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ပြည်သူ့စစ် ၂ ဦးကို ရှင်းလင်းနိုင်ခဲ့ကြောင်း ရေးပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်သည်။ ဇီးဖြူသောင်ကျေးရွာ အုပ်ချုပ်‌ရေးမှူးရုံးကို ရေးပြောက်ကျားတပ်ဖွဲ့ YGF တို့က ဧပြီလ ၁၁ ရက်နေ့ မွန်းလွဲ ၃ နာရီဝန်းကျင်အချိန်ခန့်က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် ၂ ဦး ရှင်းလင်နိုင်ခဲ့သည့်အပြင် AK ရိုင်ဖယ် သေနတ် ၂ လက်လည်း သိမ်းဆည်းရမိခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ သို့သော် ယင်းတိုက်ခိုက်မှုတွင် အုပ်ချုပ်ရေးမှူးရုံးတွင် ရောက်ရှိနေသည့် အသက် ၁၄ နှစ်အရွယ် မောင်ငြိမ်းခန့်ကျော်ဆိုသည့် အရပ်သား ၁ ဦးလည်း သေဆုံးခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။ “အုပ်ချုပ်ရေးမှူးရုံးကို ဟိုကဝင်ပစ်တဲ့ချိန်မှာ အဲကောင်လေးက အဲရုံးမှာရှိနေတယ်။ အဲမှာ ပစ်ခံထိသွားတယ်” ဟု ဇီးဖြူသောင်ဒေသခံတစ်ဦးက ပြောသည်။ အရပ်သား […]

ရေကစားသူမရှိတဲ့ ထားဝယ်သင်္ကြန်အကြိုနေ့

diz_admin

April 13, 2023

အာဏာမသိမ်းခင်၊ ကိုဗစ်ကာလမတိုင်ခင်က စည်စည်ကားကား ကျင်းပခဲ့တဲ့ ထားဝယ်မြို့က သင်္ကြန်ပွဲတော်ဟာ ဒီနှစ်မှာတော့ ခြောက်ကပ်နေပါတယ်။ ဒီနေ့ဟာ သင်္ကြန်အကြိုနေ့ဖြစ်ပေမယ့် ထားဝယ်မြို့ပေါ်မှာတော့ ရေကစားသူတွေ မတွေ့ရပါဘူး။ ဒီနေ့နံနက် ၁၀ နာရီမှာ ထားဝယ်မြို့ပေါ်က ရေကစားသူ အခြေအနေကို သိရှိဖို့ မှတ်တမ်းရယူခဲ့ပါတယ်။ရေကစားသူမရှိ ခြောက်ကပ်နေတဲ့ လမ်းတွေကို ဓာတ်ပုံမှတ်တမ်းတွေမှာ မြင်တွေ့ရမှာဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ ရေကစားဗဏ္ဍပ်တွေမှာတော့ စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၂၀ လောက် လုံခြုံရေးယူထားတာ တွေ့ရပေမဲ့ ရေကစားသူတော့ မရှိသေးဘူးလို့ သိရပါတယ်။ မြို့ထဲတွင်မူ စစ်ဆေးတင်းကြပ်ထားတာမျိုးမရှိသေးပေမယ့် ယာဉ်ထိန်ရဲနဲ့ စစ်ကောင်စီတပ်ကားနှစ်စီးမှာ ပုံမှန်နေ့တွေအတိုင်းမြို့ထဲလှည့်ပတ်စစ်ဆေးတာ‌ရှိနေပါတယ်။