ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

သရက်ချောင်းမြို့နယ် ကနက်သီရိကျေးရွာက အမျိုးသားတစ်ဦးနှင် အမျိုးသမီးတစ်ဦး အသတ်ခံရ

diz_admin

April 14, 2023

သရက်ချောင်းမြို့နယ် ကနက်သီရိကျေးရွာက အမျိုးသားတစ်ဦးနှင် အမျိုးသမီးတစ်ဦး ဧပြီလ ၁၃ ရက်ညပိုင်းက ပစ်သတ်ခံခဲ့ရကြောင်း ဒေသခံအချို့ကပြောသည်။ သင်္ကြန်အကြိုနေ့ ည ၇ နာရီခွဲခန့်တွင် ကိုဆံရှည်နှင့် ဒေါ်သောင်းအေးကို လက်နက်ကိုင် အဖွဲ့တစ်ခုက နေအိမ်မှ ဖမ်းဆီးခေါ်ဆောင်သွားပြီး ကျေးရွာအပြင်ဘက်က သုဿန်တွင် ပစ်သတ်ထားခဲ့သည်ဟု ယင်းကျေးရွာနေသူ အမျိုးသမီးတစ်ဦးက ပြောသည်။ “ရွေးကောက်ပွဲလုပ်ဖို့ မဲစာရင်းတွေလိုက်ကောက်တုန်းက သူတို့ကထိပ်ဆုံးကပါတယ်” ဟု ၎င်းက ဆိုသည်။ ကိုဆံရှည်မှာ အသက် ၄၅ နှစ်ခန့်ရှိမည်ဖြစ်ပြီး ဒေါ်သောင်းအေးမှာ အသက် ၅၅ နှစ်ခန့်ရှိမည်ဖြစ်သည်ဟု အထက်ပါ အမျိုးသမီးက ပြောသည်။ ယင်းအမျိုးသားနှင့် အမျိုးသမီးကို မည်သည့်အဖွဲ့က မည့်သည့်အတွက်ကြောင့် ပစ်သတ်သည်ကို မသိရသေးပေ။

ပုလောကုန်းတွင် တိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်နေ

diz_admin

April 14, 2023

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပုလောကုန်းကျေးရွာအုပ်စုတွင် တိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် အကြိမ်ရေအများအပြား ပစ်ခတ်နေကြောင်း ဒေသခံများ ထံမှသိရသည်။ ယနေ့ မွန်းတည့် ၁၂ နာရီဝန်းကျင်တွင် တိုက်ပွဲစဖြစ်ခဲ့ခြင်းဖြစ်ပြီး ပုလောမြို့တပ်ရင်းမှလည်း လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ်ခဲ့သည်ဟု ဒေသခံများ ကပြောသည်။ “တမိုင်တောင်၊ နတ်အိမ်တောင်ဘက်မှာ ဖြစ်နေတာပါ။ လက်နက်ငယ်အသံတွေလည်း ကြားနေရတယ်။ လက်နက်ကြီးတွေနဲ့လည်း တအားပစ်တယ်”ဟု ရှမ်းဒွတ်ကျေးရွာအုပ်စုနေ ဒေသခံတစ်ဦးက ပြောသည်။ သို့သော် ညနေ ၃ နာရီဝန်းကျင်ခန့်တွင် ပစ်ခတ်သံများ မကြားရတော့ဟု ဒေသခံများကပြောသည်။ တိုက်ပွဲကြောင့် နှစ်ဖက်ထိခိုက်မှုနှင့် တိုက်ပွဲဖြစ်စဉ် အသေးစိတ်ကိုမူ မသိရသေးပေ။ သင်္ကြန်အကြိုနေ့ကလည်း ဂျင့်ဂါ၊မော်မိကျေးရွာဘက်သို့ ပုလောစစ်ကောင်စီတပ်မှ လက်နက်ကြီး ငါးချက်ပစ်ခတ်ခဲ့ကြောင်း ဒေသခံများကပြောသည်။ စစ်ကောင်စီက တနင်္သာရီမြို့နယ်နှင့် ပုလောမြို့နယ်တို့ကို ယခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် […]

တိတ်ဆိတ်နေသည့် ကံပေါက်သင်္ကြန်

diz_admin

April 14, 2023

မဟာသင်္ကြန်အကျနေ့(ဧပြီ ၁၄) မနက်ပိုင်း ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ မြို့ပေါ်ရပ်ကွက်များတွင် ရေကစားသူမရှိ တိတ်ဆိတ်နေသည်။ ပုံမှန်နေ့များကဲ့သို့ပင် စျေးသည်၊ စျေးဝယ်များနှင့် လမ်းသွားလမ်းလာများသာ လှုပ်ရှားသွားလာနေကြသည်။ လမ်းမတန်းရပ်ကွက်များ၌ ရေကစားသူမရှိ၊ ရွာအစွန်ရပ်ကွက် အချို့တွင်မူ ရေကစားသည့် ကလေးငယ်တစ်ယောက်စ၊ နှစ်ယောက်စတော့ တွေ့မြင်နေရသည်။ ဆိုင်ကယ်စီးနင်းခွင့် ပိတ်ထားသည့်ကံပေါက်တွင် သင်္ကြန်အကျနေ့သို့ပင် ရောက်နေပြီဖြစ်သော်လည်း မဏ္ဍပ်တစ်ခုမျှ မတွေ့ရသေးပေ။ ယခင်က ကံပေါက်သင်္ကြန်မှာ ယခုကဲ့သို့မဟုတ် ဗိုလ်ချုပ်လမ်း စိန်ပုံနှိပ်တိုက် အရှေ့တွင် မဟာသင်္ကြန်မဏ္ဍပ်မှာ နှစ်စဉ်ရှိခဲ့ပြီး ရပ်ကွက်အလိုက် ယိမ်းပြိုင်ပွဲများကျင်းပခဲ့သည်။ ဘုန်းကြီးကျောင်းများကလည်း ဒိုးပတ်အဖွဲ့ ၊ သံချပ်အဖွဲ့ ၊ အကအဖွဲ့ များ နှင့် စူစကာပုဏ္ဏားကဲ့သို့ဝတ်ဆင်ပြီး သရုပ်ဖော်သူများ ဖြင့် အလှူခံထွက်ကြသည်။ အခြားကျေးရွာအုပ်များမှာလည်း ရွာအဝင်ဇရပ်များ၌ အုန်းလက်ရေပက် မဏ္ဍပ်အကြီးများပြုလုပ်ကာ ရေပက်ကစားကြသည်။ ယခုနှစ်တွင်တော့ […]

မြိတ်သင်္ကြန်အကျနေ့ မဏ္ဍပ်များတွင်သာ ရေကစားသူရှိ

diz_admin

April 14, 2023

သင်္ကြန်အကျနေ့တွင် မြိတ်မြို့၏ လမ်းမများပေါ် ကလေးအချို့မှလွဲ၍ ရေကစားကြသူမရှိဘဲ ခြောက်ကပ်နေပြီး ဗဟိုမဏ္ဍပ်နှင့် ရပ်ကွက် မဏ္ဍပ်များရှေ့တွင်သာ ရေပက်နေကြသူများရှိကြောင်း ဒေသခံများ ထံမှသိရသည်။ လူငယ်အချို့သာ ရေပက်ခြင်း ရေပက်ခံထွက်ခြင်းများ ရှိသည်ဟု မြို့ခံများကပြောသည်။ အာဏာမသိမ်းမီက မြိတ်မြို့၏ အဓိကလမ်းများဖြစ်သည့် ကန်ဖျားလမ်း၊မြစ်ငယ်လမ်း၊ မြို့သစ်လမ်း၊ တိုးချဲ့လမ်း၊ လေယာဉ်ကွင်းလမ်းနှင့်ကမ်းနားလမ်းတို့တွင် ရေကစားကြသူများသည်။ ဓာတ်ပုံ – CJ

တကူတိုက်နယ်တွင် ကျင်းပသည့် ရိုးရာကျားအက

diz_admin

April 14, 2023

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ တကူတိုက်နယ်ကျေးရွာတွင် ယနေ့(သင်္ကြန်အကျနေ့) နံနက်က ရိုးရာကျားအက ကပြခဲ့ကြသည်။ တကူတိုက်နယ် ကျေးရွာအုပ်စုသည် NUG (အမျိုးသားညီညွတ်ရေးအစိုးရ)၏ ပြည်သူ့ကာကွယ်ရေးတပ်က စိုးမိုးထားသော နယ်မြေတစ်ခုဖြစ်သည်။ တနင်္သာရီမြို့တွင်လည်း သင်္ကြန်အကြိုနေ့က ကျားအကပြုလုပ်ခဲ့သေးကြောင်း သိရသည်။

မလေးရှားဆယ်ကျော်သက်တစ်ဦး ခွေးကိုရိုက်နှက်မီးရှို့ခဲ့မှုအတွက် အပြစ်ရှိကြောင်း တရားရုံးတွင်ဝန်ခံ

diz_admin

April 14, 2023

ပြီးခဲ့သည့် မတ်လအတွင်းက ခွေးကို ရိုက်နှက် ၊ မီးရှို့ခဲ့သည့် အသက် ၁၈ နှစ်အရွယ် မလေးရှားကျောင်းသားက တိရိစ္ဆာန်အလွဲသုံးစားလုပ်မှုအတွက် အပြစ်ရှိကြောင်း ဂျိုဟိုးဘာရူးတရားရုံးတွင် ဝန်ခံလိုက်ပြီ ဖြစ်သည်။ အဆိုပါ ကျောင်းသား ဘရက်ဒန် ယပ်ဟုန်ရှန်က ဧပြီ ၁၂ရက်နေ့တွင် တရားသူကြီး ရှေ့မှောက်တွင် ၎င်းအပေါ် စွဲချက်ကို အပြစ်ရှိကြောင်း ဝန်ခံလိုက်ပြီး အသနားခံခဲ့သည်။ စွဲချက်အရ ယပ်သည် အညိုရောင် ခွေးအမ တစ်ကောင်ကို ရိုက်နှက်ပြီး မီးတင်ရှို့ခြင်းဖြင့် မချိမဆံ့ နာကျင်စေခဲ့ကြောင်း သိရသည်။ မတ်လ ၂၇ ရက်နေ့၊ နံနက် ၁ နာရီ ၄၉ မိနစ်တွင် ဂျိုဟိုးရှိ အဆောက်အအုံတစ်ခုရှေ့၌ ခွေးကိုရိုက်နှက် မီးရှို့ခဲ့ခြင်းဖြစ်သည်။ ဤဖြစ်စဉ်သည် မလေးရှားနိုင်ငံ၏ တိရစ္ဆာန်များ ဘေးကင်းလုံခြုံရေး အက်ဥပဒေ […]

သင်္ကြန်မဏ္ဍပ်များသို့ သွားရောက်ခြင်းမပြုရန် ထားဝယ်ပြောက်ကျားအဖွဲ့သတိပေး

diz_admin

April 13, 2023

စစ်ကောင်စီကကျင်းပနေသည့် သင်္ကြန်မဏ္ဍပ်များသို့ မသွားကြရန်နှင့် ဖြတ်သန်းသွားလာခြင်းမပြုကြရန် ထားဝယ်ပြောက်ကျားအဖွဲ့( Guerrilla Dawei )က သတိပေးချက် ယနေ့ထုတ်ပြန်လိုက်သည်။ သင်္ကြန်အကြိုနေ့တွင် ယင်းကဲ့သို့ထုတ်ပြန်သတိပေးလာခြင်းဖြစ်သည်။ သင်္ကြန်မဏ္ဍပ်များအနီး မဖြစ်မနေ ဖြတ်သန်းသွားလာရမည်ဆိုပါက မဏ္ဍပ်နှင့် မီတာ ၅၀၀ အကွာ ပတ်လည်သို့ သွားရောက်ခြင်းမပြုရန် သတိပေးချက်တွင် ပါရှိသည်။ တားမြစ်ဧရိယာအတွင်း ဖြစ်ပေါ်လာမည့် မည်သည့်ထိခိုက်မှုမျိုးကိုဆို တာဝန်ယူမည်မဟုတ်ကြောင်းလည်း ထုတ်ပြန်ချက်ကဆိုသည်။ Guerrilla Dawei အဖွဲ့သည့် ထားဝယ်မြို့ပေါ်တွင်လှုပ်ရှားသည့် မြို့ပြပြောက်ကျားအဖွဲ့တစ်ခုဖြစ်သည်။ ၂၀၂၂ ခုနှစ်သင်္ကြန်ကာလက ထားဝယ်ဆောက်လုပ်ရေးမဏ္ဍပ်အနီး ဖောက်ခွဲတိုက်ခိုက်မှုကို ယင်းအဖွဲ့က လုပ်ဆောင်ခဲ့ဖူးသည်။ စစ်ကောင်စီကလည်း ယခုနှစ်သင်္ကြန်ပွဲတော်ကို စည်စည်ကားကား ကျင်းပမည်ဟုပြောဆိုထားသည်။ ထားဝယ်မြို့တွင် ကလေးသင်္ကြန်ကာလအတွင်း ရေကစားသူမရှိခဲ့ဘဲ သင်္ကြန်အကြိုနေ့ ညနေပိုင်းတွင်မူ မြို့ထဲလမ်းသွယ်အချို့တွင်သာ ရေကစားသည့် ကလေးငယ်အချို့ရှိခဲ့သည်။ “မြို့ထဲမှာတော့ ကလေးတွေပဲ လမ်းကြိုကြားတွေထဲ နဲနဲပါးပါး ရေကစားနေတာ တွေ့ရတယ်။ လူကြီးတော့ […]