ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထိုင်းတွင် မြန်မာမိန်းကလေးတစ်ဦး ဓားထောက်အဓမ္မပြုကျင့်ခံရ

diz_admin

January 31, 2023

ထိုင်းနိုင်ငံ စမွတ်ပရကန်ခရိုင်တွင် အသက် ၂၂ နှစ်အရွယ်ရှိ မြန်မာမိန်းကလေးကို ထိုင်းနိုင်ငံသားတစ်ဦးက အလုပ်လျှောက်ပေးမည်ဟု လိမ်လည်ခေါ်ဆောင်ပြီး ဓားထောက်ကာ အဓမ္မပြုကျင့်ခဲ့ကြောင်း ဖူထောင်စာခလာ ရဲစခန်းက ထုတ်ပြန်ထားသည်။ ဇန်နဝါရီလ ၂၆ ရက် ည ၉ နာရီခန့်တွင် မြန်မာမိန်းကလေးတစ်ဦးက အဆိုပါဖြစ်စဉ်ကို စမွတ်ပရကန်ခရိုင် စာခလာရဲစခန်းသို့ လာရောက်တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ မြန်မာမိန်းကလေး၏ သက်သေထွက်ဆိုမှုအရ CCTV ကင်မရာများမှတစ်ဆင့် ကျူးလွန်သူ အသက် ၂၄နှစ်အရွယ် ထိုင်းနိုင်ငံသားကို ခြေရာခံလိုက်လံစစ်ဆေးခဲ့ပြီး ဇန်နဝါရီလ ၂၇ရက် ညနေ ၆နာရီခန့်တွင် နေအိမ်အတွင်း ဖမ်းမိခဲ့ ကြောင်း ရေးသားထားသည်။ အဆိုပါထိုင်းနိုင်ငံသားသည် အလုပ်လျှောက်ပေးမည်ဟုဆိုကာ မြန်မာမိန်းကလေးအား ဝတ်ခေါင်စန်ဘုန်းကြီးကျောင်း ရှေ့တွင် ကားဖြင့် လာရောက်ကြိုခဲ့ပြီးနောက် မြေကွက်လပ်တစ်ခုသို့ လိမ်လည်ခေါ်ဆောင်ခဲ့သည်ဟု ဖော်ပြသည်။ ထို့နောက် မြန်မာမိန်းကလေးကို […]

တိုင်းအတွင်း စိတ်ကြွရူးသွပ်ဆေးပြားများ ကျပ်သိန်း ၇၀၀၀ နီးပါးဖိုး ဖမ်းမိဟုဆို

diz_admin

January 31, 2023

ထားဝယ်နှင့် မြိတ်မြို့နယ်တို့တွင် နှစ်ရက်အတွင်း စိတ်ကြွရူးသွပ်ဆေးပြားများ ငွေကျပ်သိန်း ၇၀၀၀ နီးပါးဖိုး ဖမ်းမိကြောင်း စစ်ကောင်စီ၏ မူးယစ်ဆေးဝါးအလွဲသုံးချမှု ထိန်းချုပ်ရေးဗဟိုကော်မတီက ထုတ်ပြန်ထားသည်။ ဇန်နဝါရီလ ၂၇ ရက်က ထားဝယ်မြို့ ဥသာရံတိုးချဲ့ရပ်ကွက်၊ ကမ်းနားလမ်းတွင် ထော်လာဂျီတစ်စီးနှင့်အတူ တွေ့ရှိသည့် အသက် ၂၅နှစ်ရှိ အမျိုးသားတစ်ဦးအား စစ်ဆေးခဲ့သည်ဟု ဆိုသည်။ ယင်းသို့စစ်ဆေးရာ ထော်လာဂျီပေါ်ကက စိတ်ကြွရူးသွပ်ဆေးပြား ၉၅၀၀၀ ပြားနှင့် လက်ကိုင်ဖုန်း တစ်လုံးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ထားသည်။ အဆိုပါဆေးပါးမှာ တစ်ပြားလျှင် ဒေသကာလပေါက်ဈေး ၂၅၀၀ ကျပ်ဖြင့်တွက်ချက်ကာ စုစုပေါင်း ကျပ် ၂၃၇၅ သိန်း ဖိုးတန်ဖိုးရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ အဆိုပါစိတ်ကြွရူးသွပ်ဆေးပြားနှင့် ဆက်နွယ်နေသည့် အသက် ၄၆ နှစ်ရှိ အမျိုးသားတစ်ဦးနှင့် အသက် ၄၄ နှစ်ရှိ […]

ထားဝယ်မြို့ပေါ်ရှိ နေအိမ်အချို့ ဝင်ရောက်စီးနင်းရှာဖွေခံရ

diz_admin

January 30, 2023

ထားဝယ်မြို့ပေါ်ရှိ နေအိမ်အချို့ကို စစ်ကောင်စီတပ်ဖွဲ့က ယနေ့ မွန်းလွဲပိုင်းတွင် ဝင်ရောက်စီးနင်းရှာဖွေ ဖမ်းဆီးကြောင်း မြို့ခံအချို့က ပြောသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်၊ ရဲအင်အား အလုံးအရင်းဖြင့် လမ်းမ၊ လမ်းသွယ်များအထိ ဝိုင်းကာ ဝင်ရောက်ရှာဖွေခြင်း ဖြစ်ကြောင်း ၎င်းတို့က ပြောဆိုသည်။ ယနေ့ ဇန်နဝါရီလ ၃၀ ရက် မွန်းလွဲ ၁ နာရီခန့်တွင် တလိုင်းမရပ်ကွက်၊ ဗဟိုလမ်းဆုံ မီးပွိုင့်အနီးရှိ ဦးတင်စန်းဆိုသူ၏ နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်ရှာဖွေကြောင်း မြို့ခံအချို့က ဆိုသည်။ “ကျွန်တော်လာတဲ့အချိန် ဒေါ်စေးမူ (ဦးတင်စန်း၏ ဇနီး) တို့အိမ်ကို ဝင်ဝိုင်းနေတာ တွေ့ရတယ်” ဟု မြို့ခံတစ်ဦးက ပြောသည်။ ယင်းသို့စီးနင်းရှာဖွေရာတွင် ဒေါ်စေးမူကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ဆိုင်ကယ်တစ်စီးကိုလည်း သိမ်းယူသွားကြောင်း မိသားစုဝင်တစ်ဦးက ဆိုသည်။ “ကားကို ဓာတ်ပုံရိုက်သွားတယ်လို့ပြောတယ်။ […]

ရေဖြူ သပြေဇွန်းရွာ တောမီး နှစ်ရက်ကြာသည်အထိ မငြိမ်းသေး

diz_admin

January 30, 2023

ရေဖြူမြို့နှင့် သပြေဇွန်းရွာအကြား ရေဆူတောင်ကြောတစ်လျှောက် လောင်နေသော တောမီးမှာ နှစ်ရက်ကြာသည်အထိ မငြိမ်းသေးကြောင်း ဒေသခံအချို့က ပြောသည်။ ယင်းတောမီးသည် ဇန်နဝါရီလ ၂၉ ရက် ညနေပိုင်းကတည်းက လောင်ကျွမ်းနေခြင်းဖြစ်ပြီး ယနေ့ ဇန်နဝါရီလ ၃၀ ရက် ညအချိန်အထိ လောင်နေဆဲဖြစ်ကြောင်း မီးငြှိမ်းသတ်ရာတွင်ပါဝင်သည့် ဒေသခံတစ်ဦးက ဆိုသည်။ “ကျွန်တော်တို့ မနေ့က ညနေ ၆ နာရီလောက်ကတည်းက ငြှိမ်းနေတာ၊ မနက် ၄ နာရီအထိပဲ။ တစ်ညလုံး ငြှိမ်းနေတာ။ မနိုင်တော့လို့ လက်လျှော့ပြီးပြန်လာရတယ်” ဟု ၎င်းက ပြောဆိုသည်။ ယင်းတောမီးသည် ယနေ့ ည ၇ ခွဲအချိန်တွင် ကျခတ္တပင်အင်းကျေးရွာအနီးအထိ ရောက်ရှိလာနေပြီး မီးသတ် တပ်ဖွဲ့ဝင်များနှင့် ဒေသခံများက အနီးအနားတွင် အခြေအနေစောင့်ကြည့်နေကြကြောင်း ဒေသခံတို့က ဆိုသည်။ တောမီးလောင်ရာတွင် […]

မောင်မယ်ရှောင်တွင် စစ်ကားမိုင်းဆွဲခံရ၊ အနီးတွင်စိုက်ခင်းလုပ်နေသည့် သားအဖ ဖမ်းဆီးခံရ

diz_admin

January 30, 2023

ထားဝယ်မြို့နယ် မောင်မယ်ရှောင်ရွာအနီးတွင် စစ်ကောင်စီတပ်ကား မိုင်းဆွဲခံလိုက်ပြီး ယင်းအနီး ဟင်းသီးဟင်းရွက်ပင် စိုက်ပျိုးနေသည့် သားအဖနှစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။   ယနေ့ ဇန်နဝါရီလ ၃၀ ရက် နံနက် ၈ နာရီဝန်းကျင်က ရေဖြူဘက်မှ ထားဝယ်ဘက်သို့လာသည့် စစ်ကောင်စီတပ်ကား နှစ်စီးသည် မောင်မယ်ရှောင်ရွာအထွက်တွင် မိုင်းဆွဲခံလိုက်ရခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ ဗွီဂိုးကားနှစ်စီးဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့လိုက်ပါလာသည့် ကားနှစ်စီး မိုင်းဆွဲခံရခြင်းဖြစ်ပြီး မိုင်းဆွဲခံရပြီးနောက် ကားပေါ်က လက်နက်ငယ်ဖြင့် လမ်းဘေးဝဲယာသို့ ပစ်ခတ်ခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။ “မိုင်းပေါက်တာက နှစ်ချက်ပေါက်တယ်။ လက်နက်ငယ်နဲ့ ပစ်တာအချက်ရေ တော်တော်များတယ်” ဟု ၎င်းက ပြောသည်။ မိုင်းပေါက်ကွဲမှုကြောင့် အထိအခိုက် ရှိမရှိ မသိရသေးသလို မည်သည့်အဖွဲ့က တိုက်ခိုက်ခဲ့သည်ကိုလည်း အတည်မပြုနိုင်သေးပေ။ မိုင်းပေါက်ကွဲပြီးနောက် […]

ပုလော ကျောက္ကာရွာ ဂျင်းမွေးမြူရေးဖောင်ငါးခုမီးရှို့ခံရပြီး အပြန်အလှန်ပစ်ခတ်မှုဖြစ်

diz_admin

January 30, 2023

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ကျောက္ကာကျေးရွာရှိ ဂျင်း (သွေးဂုံး ခေါ် ဂျင်းခရု) မွေးမြူရေးဖောင်ငါးခုမီးရှို့ခံရပြီး အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရသည်။ ဇန်နဝါရီလ ၂၉ ရက် မွန်းလွဲ ၂ နာရီဝန်းကျင်က အဆိုပါဖောင်အဆောက်အအုံငါးခုကို လက်နက်ကိုင်လူတစ်စုက လှေဖြင့်လာရောက်ကာ မီးရှို့ခဲ့ပြီး ရွာပေါ်ရှိ ပျူစောထီးများနှင့် အပြန်အလှန်ပစ်ခတ်ကြကြောင်း ဒေသခံများက ပြောသည်။ “မီးရှို့လိုက်တော့ (ပျူစောထီး) ပြည်သူ့စစ်တွေက ကမ်းပေါ်ကနေ ထိုးပစ်ကြတယ်။ ပစ်ခတ်မှုတွေ နည်းနည်း ဖြစ်သွားတာပေါ့” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ မီးရှို့ခံရသည့်ဖောင်များမှာ ယင်းရွာဒေသခံနှစ်ဦး၏ ပိုင်ဆိုင်ခြင်းဖြစ်ပြီး ယင်းဖြစ်ရပ်တွင် အလုပ်သမားတစ်ဦးလည်း ပျောက်ဆုံးနေသည်ဟု ဒေသခံနောက်တစ်ဦးက ဆိုသည်။ “ဖမ်းသွားတယ်လို့လည်း မြင်တဲ့သူတွေက ပြောနေကြတယ်။ အတိအကျတော့ မသိရသေးဘူး” ဟု ၎င်းက ပြောဆိုသည်။ လာရောက်မီးရှို့သူများမှာ […]

နေရပ်ပို့မည်ဟု မြန်မာသံရုံးကတိပေးသဖြင့် ရနောင်းလဝကစခန်းရှိ မြန်မာများ ဆန္ဒပြမှုရပ်

diz_admin

January 30, 2023

ထိုင်းနိုင်ငံ ရနောင်းမြို့ လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသား ၆၅၀ကျော် မြန်မာနိုင်ငံသို့ ပြန်ခွင့်ရရန် ဆန္ဒပြတောင်းဆိုချက် ပြေလည်မှုရသဖြင့် ဆန္ဒပြမှုကို ရပ်လိုက်ပြီဖြစ်ကြောင်း ထိန်းသိမ်းခံမြန်မာများက ပြောသည်။ ဇန်နဝါရီလ ၂၉ ရက် ညနေပိုင်းတွင် ရနောင်းအခြေစိုက် မြန်မာအလုပ်သမားသံအရာရှိ ဦးတင်အောင်က စခန်းသို့ လာရောက်ကာ ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း ၎င်းတို့က ဆိုသည်။ ဖေဖော်ဝါရီလ ၂ရက်မှ ၁၅ ရက်အတွင်း အပြီးပို့ဆောင်ပေးမည်ဟု သံအရာရှိက ကတိပေးသဖြင့် ဆန္ဒပြမှုကို ဆွေးနွေးမှုအပြီးတွင် စတင်ရပ်လိုက်ခြင်းဖြစ်ကြောင်း ထိန်းသိမ်းခံမြန်မာများထံမှ သိရသည်။ စုဝေးဆန္ဒပြတောင်းဆိုနေသည့်နေရာမှ ယခင်နေထိုင်ခဲ့သည့် အခန်းများသို့ မြန်မာများရောက်ရှိသွားကြပြီဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ “အခု ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ၂၀၀ ပို့ပေးမယ်။ တစ်သုတ်ပို့ပြီး ကျန်နေတဲ့သူတွေကို နှစ်ပတ်အတွင်း အကုန်ပို့ပေး မယ်။ […]

ထွန်းထွန်းမင်းကို သွေးသစ်ဝင်းလှိုင် အနိုင်ယူ၊ ဒေဝကို စိန်ခေါ်ထိုးသတ်ခွင့် ရသွားပြီ

diz_admin

January 30, 2023

ဇန်နဝါရီလ ၂၉ ရက်က ကျင်းပသည့် The Great Letwei ပြိုင်ပွဲ၏ ခေါင်းတွဲဆိုင်းပွဲစဉ်အဖြစ် ထိုးသတ်ခဲ့သော ထွန်းထွန်းမင်းနှင့် သွေးသစ်ဝင်းလှိုင်တို့၏ပွဲစဉ်တွင် သွေးသစ်ဝင်းလှိုင်က အမှတ်ဖြင့် အနိုင်ရသွားသည်။ ထွန်းထွန်းမင်းနှင့် သွေးသစ်ဝင်းလှိုင်တို့၏ ပွဲစဉ်သည် ပွဲချီ ၅ ချီ ယှဉ်ပြိုင်ထိုးသတ်ရသော ပွဲစဉ်ဖြစ်ခဲ့ပြီး ပွဲချီပြည့်သည်အထိ အနိုင်အရှုံး အဖြေမပေါ်ခဲ့သည့်အတွက် အမှတ်ဖြင့် ဆုံးဖြတ်ရာတွင် ဒိုင်လူကြီးများက သွေးသစ်ဝင်းလှိုင်ကို အနိုင်ပေးလိုက်ခြင်းဖြစ်သည်။ ယခုပွဲစဉ်ကို ၃ မိနစ်ထိုး ၂ မိနစ်နားပုံစံဖြင့် ၁၅ မိနစ်ကြာ ယှဉ်ပြိုင်စေခဲ့ခြင်းဖြစ်ပြီး The Great Lethwei (TGL) ပြိုင်ပွဲတွင် စုစုပေါင်း တွဲဆိုင်း ၈ ဆိုင်း ပါဝင်ထိုးသတ်သွားခဲ့ခြင်းဖြစ်သည်။ နည်းစနစ်ပိုင်းဆိုင်ရာတွင် နာမည်ကောင်းရရှိထားသော သွေးသစ်ဝင်းလှိုင်သည် ပါဝါအားကောင်းသော ထွန်းထွန်းမင်းကို လက်ရည်အသာစီးဖြင့် […]