ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ရနောင်းလဝကစခန်းတွင် ဆန္ဒပြတောင်းဆိုသည့်မြန်မာခြောက်ရာကျော်ကို နေရပ်ပြန်ပို့ပြီ

diz_admin

February 2, 2023

ထိုင်းနိုင်ငံ ရနောင်းခရိုင် လဝကထိန်းသိမ်းရေးစခန်းတွင် လနှင့်ချီကြာထိန်းသိမ်းခံရသဖြင့် နေရပ်ပြန်ပို့ပေးရန် ဆန္ဒပြခဲ့ကြသော မြန်မာနိုင်ငံသား ၆၇၀ ကျော်ကို ယနေ့ ဖေဖော်ဝါရီလ ၂ ရက်တွင် မြန်မာနိုင်ငံ ကော့သောင်းဘက်သို့ ပြန်လည်ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း ရနောင်းပြန်ကြားရေးအဖွဲ့က ထုတ်ပြန်သည်။ အမျိုးသား ၅၄၀ဦးနှင့် အမျိုးသမီး ၁၃၈ဦး စုစုပေါင်း ၆၇၈ဦး ကော့သောင်းဘက်သို့ ရောက်ရှိလာကြောင်း နေရပ်ပြန်ပို့သူများကို လက်ခံရာတွင် ကူညီပေးနေသည့် ကော့သောင်းအခြေစိုက် ရွှေအဏ္ဏဝါပရဟိတလူငယ်များ အဖွဲ့ထံမှ သိရသည်။ မြန်မာနိုင်ငံသားများကို ကော့သောင်းဘက်မှ တာဝန်ရှိသူများက စက်လှေ လေးစီးဖြင့် လာရောက်ခေါ်ယူခဲ့ကြောင်း ရနောင်းပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားသည်။ အဆိုပါမြန်မာများသည် ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံခဲ့ပြီးနောက် လွတ်ရက်စေ့ချိန်တွင် မြန်မာနိုင်ငံသို့ ပြန်ခွင့်ရရန် ရနောင်းလဝက စခန်းတွင် ဆက်လက်ထိန်းသိမ်းခံထားရခြင်းဖြစ်သည်။ သို့သော် မြန်မာနိုင်ငံဘက်က အရေအတွက်အကန့်သတ်ဖြင့်သာ လက်ခံနေခြင်း၊ […]

တနင်္သာရီမြို့နယ်တွင် ပြည်သူနှင့် PDF ပူးပေါင်းသပိတ်ဆင်နွှဲ

diz_admin

February 2, 2023

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် အာဏာသိမ်း ၂နှစ်ပြည့် နွေဦးတော်လှန်ရေးသပိတ်ကို ယနေ့ ဖေဖော်ဝါရီလ ၂ရက်တွင် ပြုလုပ်သည်။ အဆိုပါ နွေဦးတော်လှန်းရေးသပိတ်တွင် လူရာနှင့်ချီပါဝင်ခဲ့ပြီး PDF ၊ ပကဖ အဖွဲ့များက ဝန်းရံကာ ဆန္ဒပြခြင်းဖြစ်ပြီး စစ်အာဏာရှင် အလိုမရှိ အပါအဝင် ကြွေးကြော်သံအချို့ကို ကြွေးကြော်ခဲ့ကြသည်။ လောင်းလုံးမြို့နယ်တွင်လည်း PDF နှင့် ပြည်သူများ ပူးပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်ကို ဖေဖော်ဝါရီလ ၁ရက် ညပိုင်းတွင် ပြုလုပ်ခဲ့သည်။ 

ကော့သောင်းတွင် ပျူစောထီးခေါင်းဆောင်ပစ်သတ်ခံရပြီး စစ်ကူလာသည့်ကား မိုင်းဆွဲခံရ

diz_admin

February 2, 2023

ကော့သောင်းမြို့နယ်တွင် ပျူစောထီးဒုခေါင်းဆောင် ပစ်သတ်ခံရပြီး စစ်ကူလာသည့် ကားမိုင်းဆွဲခံရကြောင်း ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်က မနေ့ညကထုတ်ပြန်လိုက်သည်။ ကော့သောင်းမြို့နယ်၊ ခမောက်ကြီးမြို့နယ်ခွဲ၊ မာရမ်းကျေးရွာတွင် နေထိုင်သည့် ပျူစောထီးဒုခေါင်းဆောင် ဦးဆန်းတင်အား မနေ့က(ဖေဖော်ဝါရီ ၁)နံနက် ၆ နာရီကျော်တွင် သွားရောက်ရှင်းလင်းခဲ့ပြီး ၎င်းနှင့်အတူ M 16 ၊A1 မောင်းပြန်ရိုက်ဖယ်နှစ်လက်၊ ကျည်ဘောက်အရှည်တစ်ခုနှင့် ကျည်ဆံ ၂၈ တောင့်အပါအဝင် ဓါးမြှောင် ၃ လက်ကိုသိမ်းဆည်းခဲ့ကြောင်း ထုတ်ပြန်ထားသည်။ ယင်းသို့ပစ်ခတ်ခဲ့ပြီးနောက် နံနက် ၁၁ နာရီခွဲတွင် ခမောက်ကြီးမြို့နယ်ဘက်မှ မာရမ်းကျေးရွာဖက်သို့ စစ်ကာကြီးနှစ်စီးဖြင့် အင်အားခြောက်ဆယ်ခန့်တက်လာစဥ် အောင်ချမ်းသာကျေးရွာနှင့် ဆိတ်ဖူးကျေးရွာကြား ပလတ်ခွတံတားအနီးတွင် ထပ်မံပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။ မိုင်းဆွဲခံရမှုကြောင့် စစ်ကောင်စီတပ်သား ရှစ်ဦးသေပြီး ခြောက်ဦးဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်သော်လည်း Dawei Watch အနေဖြင့်သီးခြားအတည်မပြုနိုင်ပေ။ “ပျုစောထီးခေါင်းဆောင် […]

လောင်းလုံးတွင် PDF နှင့်ပြည်သူ ပူးပေါင်းဆန္ဒပြ

diz_admin

February 1, 2023

စစ်အာဏာသိမ်းမှု ၂ နှစ်ပြည့်နေ့ဖြစ်သည့် ယနေ့ ဖေဖော်ဝါရီလ ၁ ရက် ညပိုင်းတွင် လောင်းလုံးမြို့နယ်၌ PDF နှင့် ပြည်သူများ ပူးပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြကြကြောင်း ပါဝင်ဆန္ဒပြသည့် ဒေသခံအချို့ထံမှ သိရသည်။ လောင်းလုံးမြို့နယ် ဒေသအသီးသီးရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်စုအသီးသီးနှင့် ပြည်သူလူထုပူးပေါင်း၍ ကျေးရွာအချို့တွင် ဆိုင်ကယ်ဖြင့် လှည့်လည်၍ ဆန္ဒပြကြခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ “(ဆန္ဒပြသူ) အင်အားတစ်ရာလောက်ရှိမယ်။ ဆိုင်ကယ်တွေနဲ့ ဘေးမှာ လက်နက်ကိုင်တပ်ဖွဲ့တွေလည်း ဝန်းရံထားတယ်” ဟု ဆန္ဒပြရာတွင် ပါဝင်ခဲ့သည့် ဒေသခံတစ်ဦးက ပြောသည်။ PDF နှင့် ပြည်သူ ပူပေါင်းသပိတ်စစ်ကြောင်းသည် ယနေ့ ည ၇ နာရီမှစပြီး ကျေးရွာအချို့သို့ သွားရောက်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံများဖြင့် ဆန္ဒထုတ်ကြကြောင်း ဒေသခံများထံမှ သိရသည်။ […]

သရက်ချောင်းမြို့နယ်၊ ပိန်းတောရွာတွင် အမျိုးသားတစ်ဦး ပစ်သတ်ခံရ

diz_admin

February 1, 2023

သရက်ချောင်းမြို့နယ် ပိန်းတောကျေးရွာတွင် ယနေ့ မွန်းလွဲပိုင်းက အသက် ၅၅ နှစ်အရွယ် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း ဒေသခံအချို့က ပြောသည်။ ပစ်သတ်ခံရသူမှာ ဦးကျော်စိုးဆိုသူဖြစ်ပြီး ဖေဖော်ဝါရီလ ၁ ရက် မွန်းလွဲ ၁ နာရီခန့်က နေအိမ်တွင် ရှိနေစဉ် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ၎င်းတို့က ဆိုသည်။ ဦးကျော်စိုးသည် ပိန်းတောရွာတွင် ပိုက်လှေလုပ်ငန်းလုပ်ကိုင်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် နီးနီးကပ်ကပ် နေ့ထိုင်သွားလာလေ့ရှိသည်ကို တွေ့ရကြောင်း အဆိုပါကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။ ယင်းကြောင့် သတိပေးစာ ပေးခံရသည့် သတင်းများလည်း ထွက်ဖူးကြောင်း ၎င်းက ဆိုသည်။ “သူ့ကို စာပစ်ပြီးသတိပေးနေတာ နှစ်ခါရှိပြီလို့တော့ ကြားတယ်။ အိမ်မှာ လာပစ်သွားတယ်ဆိုတာလောက်ပဲ ကြားတယ်” ဟု အထက်ပါအမျိုးသားက ပြောဆိုသည်။ သို့သော် ဦးကျော်စိုးကို […]

ဘုတ်ပြင်း ပြည်ထောင်စုလမ်းတွင် စစ်ကောင်စီတပ်ကား မိုင်းဆွဲခံရ

diz_admin

February 1, 2023

ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့အနီး ပြည်ထောင်စုလမ်းပေါ်တွင် စစ်ကောင်စီတပ်က ကားတစ်စီး မိုင်းဆွဲခံရကြောင်း ကားသမားများနှင့် ဒေသခံများထံမှ သိရသည်။ ကရသူရိမြို့၊ ဟန်ကပြုကျေးရွာအနီးတွင် ဇန်နဝါရီလ ၃၁ ရက် ညနေ ၅ နာရီဝန်းကျင်က မိုင်းဆွဲခံရခြင်းဖြစ်ကြောင်းဒေသခံများက ပြောသည်။ “ဟန်ကပြုရွာနားက တောင်ကုန်းမှာဖြစ်တာ။ ကားက အရပ်သားစီးကားပါ။ စစ်တပ်က ရိက္ခာလာထုတ်တာလို့ သိရတယ်။ ဖြစ်တဲ့နေရာက စစ်တပ်နဲ့လည်း နီးတယ်” ဟု ဘုတ်ပြင်းဒေသခံအမျိုးသားတစ်ဦးက Dawei Watch သို့ ပြောသည်။ မိုင်းဆွဲခံရမှုကြောင့် စစ်ကောင်စီတပ်က အရာရှိတစ်ဦးသေပြီး တစ်ဦးဒဏ်ရာရသည်ဟု သတင်းထွက်နေကြောင်း ဒေသခံများနှင့် ကားသမားများက ဆိုသည်။ “ကျွန်တော်တို့ ဖြတ်လာပြီးမှဖြစ်တာ။ ကားတစီးလုံး မြှောက်တက်သွားတယ်လို့ ပြန်ကြားရတယ်” ဟု မြိတ် – ကော့သောင်းခရီးသည်တင်ယာဉ် ယာဉ်မောင်းတစ်ဦက ပြောသည်။ […]

ငါးဖမ်းထွက်သည့် ဝေဒီရွာသားနှစ်ဦး ပြတ်ရှဒဏ်ရာများဖြင့် သေဆုံးလျက်ပြန်တွေ့

diz_admin

February 1, 2023

လှေငယ်တစ်စီးဖြင့် ငါးဖမ်းထွက်သွားသည့် ဝေဒီရွာသား နှစ်ဦးကို ဇန်နဝါရီလ ၂၉ ရက်က သ‌ပြေရှောင်ချောင်းဝတွင် လှေပေါ်၌ သေဆုံးလျက် ပြန်လည်တွေ့ရှိကြောင်း ဒေသခံများထံမှ သိရသည်။ သေဆုံးသူများမှာ လောင်းလုံးမြို့နယ် ဝေဒီရွာသားဖြစ်သည့် အသက် ၆၀ ဝန်းကျင်အရွယ် ဦးတင်သန်းဆိုသူနှင့် အသက် ၃၀ ကျော်ဝန်းကျင်အရွယ်ရှိ ကိုနိုင်အောင်ဆိုသူတို့ ဖြစ်သည်။ ဇန်နဝါရီလ ၂၆ ရက်က ထားဝယ်မြစ်ကြောင်းတစ်လျှောက် စက်တပ်လှေငယ်ဖြင့် ငါးဖမ်းထွက်ရာမှ နှစ်ဦးစလုံး ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ သုံးရက်ကြာပြီးနောက် မြစ်ကြောင်းအတိုင်း‌ လှေဖြင့် မျောပါနေသည့် အလောင်း နှစ်‌လောင်းကို ဝေဒီရွာနှင့် ၁၀ မိုင်ကျော် ဝေးကွာသည့် သပြေရှောင်ရွာချောင်းဝတွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ “ကိုယ်မှာ ခုတ်ထစ်ပြတ်ရှဒဏ်ရာတွေရှိတယ်။ အလောင်းက ပုပ်ပွနေပြီ။ မီးရှို့ထားခဲ့ပုံရတယ်။ လှေနဲ့ […]

အသံတိတ်သပိတ်နေ့ မြိတ်တွင် စစ်ကောင်စီက ကာကွယ်ဆေးထိုး ဈေးရောင်း

diz_admin

February 1, 2023

မြိတ်မြို့တွင် ယနေ့ အသံတိတ်သပိတ်ပြုလုပ်နေစဉ် တစ်ဖက်တွင် စစ်ကောင်စီက ကလေးငယ်များကို ကာကွယ်ဆေး ထိုးခြင်း၊ ဈေးသက်သာစွာဖြင့် ဈေးရောင်းပေးခြင်းတို့ကို လုပ်ဆောင်ခဲ့ကြောင်း မြို့ခံတို့ထံမှ သိရသည်။ သို့သော်လည်း မြို့ပေါ်တွင် အသွားအလာ တိတ်ဆိတ်နေကြောင်း ၎င်းတို့က ဆိုသည်။ အာဏာသိမ်းမှု ၂နှစ်ပြည့်နေ့ဖြစ်သည့် ယနေ့ ဖေဖော်ဝါရီလ ၁ရက်တွင် မြန်မာနိုင်ငံတဝန်း၌ နံနက် ၁၀ နာရီမှ ညနေ ၃နာရီအထိ အပြင်မထွက်ဘဲ အသံတိတ်သပိတ်ဆင်နွှဲနေကြသလို မြိတ်အပါအဝင် တိုင်းအတွင်းလည်း သပိတ်ဆင်နွှဲ နေကြသည်။ “ဒီနေ့က silent သပိတ်နေ့။ မြို့ထဲက ဆိုင်အချို့တော့ ပိတ်ထားတယ်။ အသွားအလာလည်းနည်းတယ်။ အသံတိတ် သပိတ်လုပ်နေကြတာကိုး။ စစ်ကောင်စီက လူစည်အောင်တော့လုပ်မှာပဲ” ဟု အသက် ၄၀ ကျော်အရွယ် မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။ မြိတ်တွင် […]