မြန်မာ့အရေး ဆွေးနွေးပွဲ အိန္ဒိယတွင် ပြုလုပ်မည်
diz_admin
April 21, 2023မြန်မာ့နိုင်ငံရေးဆိုင်ရာ ဆွေးနွေးပွဲ ဖြစ်သည့် Track 1.5 ၏ ဒုတိယအကြိမ် အစည်းအဝေး ကို အိန္ဒိယနိုင်ငံက အိမ်ရှင်အဖြစ် လာမည့်သီတင်းပတ်အတွင်း လက်ခံကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။ ဤဆွေးနွေးပွဲကို ပထမအကြိမ် အဖြစ် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ တွင် မတ်လက ကျင်းပခဲ့ပြီးနောက် ဆွေးနွေးခဲ့သည့် ရလဒ်များကို ဆက်လက်တိုးတက်လာစေရန် အတွက် ယခုလို ထပ်မံကျင်းပခြင်း ဖြစ်သည်။ Track 1.5 အမည်ရ ဆွေးနွေးပွဲသည် အစိုးရအရာရှိများ၊ တရားဝင် ရာထူးရယူထားခြင်း မရှိဘဲ တာဝန်ထမ်းဆောင်နေသော အရာရှိများ နှင့် အစိုးရမဟုတ်သည့် ကျွမ်းကျင်သူများက သံတမန်ရေးရာအရ အတူတကွ ဆွေးနွေးကြသည့် စကားဝိုင်းဖြစ်သည်။ အိန္ဒိယက ယင်းဆွေးနွေးပွဲကို ဧပြီလ ၂၄ ရက်မှ ၂၆ ရက်အထိ နယူးဒေလီတွင် […]


