ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

MPT Exchange ရုံးမီးလောင်သဖြင့် ဆက်သွယ်ရေးပြတ်တောက်

diz_admin

February 7, 2023

ရန်ကုန်မြို့ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အိပ်ချိန်းရုံး (MPT Exchange) မီးလောင်မှုဖြစ်ပွားသဖြင့် တစ်နိုင်ငံလုံးရှိ MPT လိုင်းများဆက်သွယ်ရေး ပြတ်တောက်လျက်ရှိကြောင်း သိရသည်။ ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ် အမှတ်(၅) ရပ်ကွက် ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ MPT အိတ်(ပ်)ချိန်းရုံးသည် ယနေ့ ဖေဖော်ဝါရီလ ၇ ရက် နံနက် ၁၀ နာရီကျော်အချိန်က မီးလောင်မှုဖြစ်ပေါ်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။ “ကျွန်တော်တို့လည်း အဲလိုပဲကြားထားပါတယ်။ မီးလောင်နေလို့ server တွေအကုန် ရပ်ထားရတယ်ပေါ့နော်” ဟု တနင်္သာရီတိုင်းအတွင်း MPT ထုတ်ကုန် ဝန်ဆောင်မှုပေးနေသူတစ်ဦးက ဆိုသည်။ တနင်္သာရီတိုင်းတွင်လည်း ယနေ့နံနက် ၁၀ နာရီဝန်းကျင်အချိန်မှစပြီး MPT ဖုန်းလိုင်း၊ အင်တာနက်လိုင်းများအားလုံး ပြတ်တောက်သွားခဲ့သည်။ “ဆင်းကတ်မှတ်ပုံတင်ကိစ္စကြောင့်ပဲ ဖြတ်ပစ်ခံရတာလားလို့ တွေးနေတာ။ ရုတ်တရက်ကြီး ပြတ်သွားတာဆိုတော့လေ” ဟု ထားဝယ်ဒေသခံတစ်ဦးကဆိုသည်။ MPT Exchange မှာ ယနေ့နံနက် ၁၀ နာရီ ၂၃ မိနစ်ခန့်တွင် စတင်မီးလောင်ခဲ့ပြီး နံနက် ၁၀ နာရီ ၄၅ […]

ထိုင်းတွင် တစ်နှစ်ခွဲအရွယ်မြန်မာကလေးငယ် တစ်ပေအကျယ်ရှိရေတွင်းပေါက်ထဲပြုတ်ကျ၊ အသက်ကယ်နိုင်ခဲ့

diz_admin

February 7, 2023

ထိုင်း-မြန်မာနယ်စပ် တာခ့်ခရိုင် ဖို့ဖရဒေသတွင် အသက် ၁ နှစ်နှင့် ၇ လအရွယ်ရှိ မြန်မာမိန်းကလေးငယ်တစ်ဦးသည် ယမန်နေ့ ညနေပိုင်းက ရေတွင်းပေါက်ထဲ ပြုတ်ကျသွားခဲ့ပြီး ယနေ့ နံနက်ပိုင်းတွင် အသက်ရှင်လျက် ကယ်တင်နိုင် ခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ရေတွင်းပေါက်မှ အကျယ်တစ်ပေသာရှိပြီး ပေ ၁၃၀ကျော် အနက်ရှိသည်ဟု ဆိုသည်။ ကလေးငယ်မှာ ဖေဖော်ဝါရီလ ၆ရက် ညနေ ၅ နာရီခန့်တွင် ကျဉ်းမြောင်းသည့် ရေတွင်းပေါက်ထဲ ပြုတ်ကျခြင်းဖြစ်ပြီး အနက် ပေ ၅၀ ခန့်သို့ ရောက်ရှိသွားခြင်းဖြစ်ကြောင်း ရေးသားထားသည်။ ထိုင်းကယ်ဆယ်ရေးအဖွဲ့အစည်းများက ရေတွင်းပေါက်ကို ၁၆ နာရီကြာ ဆက်တိုက်တူးဖော်ပြီးနောက် ကလေးငယ်၏ ငိုသံကို စတင်ကြားရကြောင်း သတင်းများတွင် ဖော်ပြသည်။ ကလေးငယ်၏ မိခင်ဖြစ်သူမှာလည်း ငိုကြွေးနေခဲ့ကြောင်း ရေးသားထားသည်။ […]

ကံပေါက် Delco သတ္တုလုပ်ကွက်တွင် ခဲရှာသူအမျိုးသမီးနှစ်ဦး မြေစာပိ၊ တစ်ဦးသေဆုံး

diz_admin

February 7, 2023

ရေဖြူမြို့နယ်၊ ကံပေါက်ဒေသရှိ ဒယ်လ်ကို (Delco) သတ္တုကုမ္ပဏီ လုပ်ကွက်အတွင်း မြေစာပြိုကျသဖြင့် အမျိုးသမီးတစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရကြောင်း ဒေသခံအချို့ကပြောသည်။ ဖေဖော်ဝါရီလ ၆ ရက် နံနက်ပိုင်းက မြေစာပုံပြိုကျကာ ခဲ ဝင်ရှာသည့် အမျိုးသမီးနှစ်ဦးကို မြေစာပိသွားခြင်းဖြစ်ပြီး ဒဏ်ရာရသူအမျိုးသမီးကို ဆေးရုံတင်လိုက်ရကြောင်း ဒေသခံအချို့ကပြောသည်။ သေဆုံးသူအမျိုးသမီးမှာ သတ္တုတွင်းရပ်ကွက်နေ အသက် ၄၀ ဝန်းကျင်အရွယ် ဒေါ်ချောချောဖြစ်သည်။ ၎င်းနှင့်အတူ မြေစာပုံပိသူမှာ မြသီတာရပ်ကွက်နေ ဒေါ်ဝေမှာ ဒဏ်ရာရှိသဖြင့် ကံပေါက်တိုက်နယ်ဆေးရုံတွင် ဆေးကုသမှု ခံယူနေရသည်။ ၎င်းအမျိုးသမီး နှစ်ဦးစလုံးသည် ကံပေါက်ဒေသခံမဟုတ်ဘဲ မြန်မာနိုင်ငံအထက်ပိုင်းမှ လာရောက်ရွှေ့ပြောင်းနေထိုင် လုပ်ကိုင်စားသောက်သူများဖြစ်ကြကြောင်း ဒေသခံအချို့က ပြောသည်။ မြေစာပုံပြိုကျသည့်နေရာသည် ကုမ္ပဏီဘက်က ခဲဝင်ရောက်ရှာဖွေခွင့်မပြုထားသည့် ကန့်သတ်ဧရိယာဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။ “အခုဖြစ်သွားတဲ့နေရာက ကုမ္ပဏီက ခဲဝင်မရှာခိုင်းတဲ့နေရာလို့ပြောတယ်။ ဒါပေမဲ့ ခဲရှာသူတွေက […]

ရေဖြူတွင် ကားပစ်ခတ်ခံရပြီး ဆရာတော်ပျံ‌လွန်‌၊ အမျိုးသမီးတစ်ဦးလည်းသေဆုံး

diz_admin

February 6, 2023

ရေဖြူမြို့နယ် ၂၇ မိုင်နှင့် နှမ်းကျဲရွာကြားတွင် ယနေ့ ဖေဖော်ဝါရီလ ၆ရက် ညနေ ၃နာရီဝန်းကျင်က ရာဖူးရွာသစ်ကျောင်းဆရာတော်၏ကား သေနတ်ဖြင့်ပစ်ခတ်ခံရပြီး ဆရာတော်ပျံလွန်ကာ အမျိုးသမီးတစ်ဦးလည်း သေဆုံးကြောင်း ဒေသခံများ၏ ပြောဆိုချက်အရသိရသည်။ ကားတွင် ဆရာတော်နှင့် ယာဉ်မောင်းအပါဝင် ခရီးသည် စုစုပေါင်း ရှစ်ဦးလိုက်ပါလာပြီး ထားဝယ်မြို့မှ ရေဖြူမြို့နယ် ရာဖူးရွာသစ်သို့ ပြန်လာစဉ် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “ညသုံးနာရီလောက်က သေနတ်သံ အချက်သုံးဆယ်လောက်ရှိတယ်။ ခဏနေသွားကြည့်တော့ ဘုန်းကြီးကား ဖြစ်နေ တယ်။ ဆရာတော်က ရှေ့ခန်းမှာ‌ ပျံလွန်တော်မူနေပြီး အမျိုးသမီးကတော့ ကားနောက်ခန်းမှာ သေနေတယ်” ဟု ၎င်းက ဆိုသည်။ ကားပေါ်လိုက်ပါလာသည့် ကျန်ခြောက်ဦးစလုံးလည်း ဒဏ်ရာရကြောင်း ၎င်းက ပြောဆိုသည်။ ဆရာတော်မှာ ထားဝယ်မြို့နယ် မောင်မယ်ရှောင်ရွာ ဇာတိဖြစ်ပြီး ရာဖူးရာသစ်တွင်ကျောင်းထိုင်နေခြင်းဖြစ်ကြောင်း […]

လောင်းလုံး ကရင်ကြီးရွာသားတစ်ဦး ပစ်သတ်ခံရ

diz_admin

February 6, 2023

လောင်းလုံးမြို့နယ် ကရင်ကြီးကျေးရွာက ရွာသားတစ်ဦး ယနေ့ ဖေဖော်ဝါရီ ၆ ရက် မွန်းလွဲပိုင်းက ပစ်ခတ်ခံရပြီး သေဆုံးကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ ပစ်ခတ်ခံရသူမှာ အသက် ၆၀ ဝန်းကျင်အရွယ်ရှိ ကရင်ကြီးရွာသား ဦးတင်အေးဆိုသူဖြစ်ပြီး ကျောက်ဆင်ရွာ နတ်ကနားပွဲကပြန်လာစဉ် သဘော့ဆိပ်နှင့် ပြင်ကြီးရွာကြားတွင် ပစ်သတ်ခံလိုက်ရကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “ပွဲချင်းပြီးသေသွားတယ်လို့ ကြားရတယ်” ဟု ၎င်းက ဆိုသည်။ ဦးတင်အေးကို မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်ခတ်သွားသည်ကို မသိရသေးပေ။ ၎င်း၏ ရုပ်အလောင်းကို ယနေ့ မွန်းလွဲပိုင်းက အရေးပေါ်ကားဖြင့် ထားဝယ်ကို သယ်ဆောင်သွားသည်ဟု ဒေသခံများ၏ ပြောကြားချက်အရသိရသည်။

ကျွန်းစုတွင် ပေ ၄၀ အရှည်ရှိသည့် ဘရိုင်းဝေလငါး (Bryde’s Whale) အသေတစ်ကောင်တွေ့

diz_admin

February 6, 2023

ကျွန်းစုမြို့နယ် ဒုံးပုလဲအော်ကျေးရွာအုပ်စု၊ လင်းလွန်းကျေးရွာတွင် ပေ ၄၀ အရှည်ရှိသည့် ဘရိုင်းဝေလငါး (Bryde’s Whale) အသေတစ်ကောင် တွေ့ရှိကြောင်း ယင်းမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။ လင်းလွန်းကျေးရွာရှိ သောင်ပြင်တွင် ဖေဖော်ဝါရီလ ၄ရက်က ဝေလငါး ကမ်းတင်ကာ သေဆုံးနေသည့် ကျေးရွာနေသူအချို့ တွေ့ရှိခြင်းဖြစ်ကြောင်း ယင်းရွာအနီးရှိ ဒုံးပုလဲရွာ‌နေသူတစ်ဦးက ပြောသည်။ “ကမ်းမှာလာသေနေတဲ့ ဝေလငါးက အကြီးကြီးပဲ။ ရွာလူကြီးတွေလာပြီးတော့ မြှုပ်လိုက်ကြတာ” ဟု ၎င်းကဆိုသည်။ အဆိုပါ ဝေလငါးနှင့် ပတ်သက်သည့် အချက်အလက်အား ပြုစုနေဆဲဖြစ်သဖြင့် အသေးစိတ်အချက်အလက်များကို ပြောဆိုနိုင်ခြင်း မရှိသေးကြောင်း ကျွန်းစုမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ သို့သော် မြိတ်တက္တသိုလ်အဏ္ဏဝါသိပ္ပံဌာနက လေ့လာတွေ့ရှိချက်အရ အရှည် ပေ ၄၀၊ လုံးပတ် ၈ ပေခန့်ရှိ ဝေလငါး […]

ထားဝယ်အထူးစီးပွားရေးဇုန်တွင် တိုက်ပွဲဖြစ်

diz_admin

February 6, 2023

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ နဘုလယ်ဒေသ ထားဝယ်အထူးစီးပွားရေးဇုန်ထဲတွင် ယနေ့(ဖေဖော်ဝါရီ ၆) မနက်ပိုင်းက စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ် နှစ်ဖက် တိုက်ပွဲဖြစ်ခဲ့သည်ဟု ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ အထူးစီးပွားရေးဇုန်အဝင်ဝတွင် ဘန်ကာဆောက်ရန်လာသော စစ်ကောင်စီတပ်သားများနှင့် အရပ်သား ဆောက်လုပ်ရေးလုပ်သားများ လိုက်ပါလာသည့် မော်တော်ယာဉ်ကို ပြည်သူ့ကာကွယ်ရေးတပ်က စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးကပြောသည်။ ” လက်နက်ကြီးတွေပါပစ်ကြာတာ”ဟု ၎င်းကပြောသည်။ ပစ်ခတ်မှုကြောင့် နှစ်ဖက်ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေအသေးစိတ်ကိုမူ မသိရသေးပေ။ ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၄ ရက်နေ့ကလည်း ရေနက်ဆိပ်ကမ်းထဲမှ လုံခြုံရေးရဲကင်းစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့သေးသည်။‌

ပုလော၊ သကျက္ကမ်းရွာသားတစ်ဦး ပစ်သတ်ခံရ

diz_admin

February 6, 2023

မြိတ်ခရိုင်၊ပုလောမြို့နယ်၊ သကျက္ကမ်းရွာသားတစ်ဦး ပစ်သတ်ခံရပြီး အခြားအမျိုးသားတစ်ဦးကိုလည်း လက်နက်ကိုင်ထားသူ တစ်ခုက ဖမ်းဆီးသွားကြောင်း ဒေသခံများ ထံမှသိရသည်။ ကျောက္ကာကျေးရွာအုပ်စု၊ သကျက္ကမ်းရွာတွင်နေထိုင်သည့် အမျိုးသားကို ဖေဖော်ဝါရီ ၄ ရက်ညက လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ နေအိမ်တွင် လာရောက်ပစ်သတ်သွားသည်ဟု ဒေသခံများကပြောသည်။ ပစ်သတ်ခံရသူသည် အသက် ၅၀ အရွယ် ဦးဝင်းနိုင်ဖြစ်ပြီး ကင်းမွန်ငါးဖမ်းလုပ်ငန်း လုပ်ကိုင်နေသူဖြစ်ကာ စစ်ကောင်စီတပ်သားများနှင့် ပူးတွဲသွားလာနေသူဖြစ်သည်ဟု ဒေသခံများကပြောသည်။ “သူမှာသေနတ်ရှိတယ်။ စစ်ကောင်စီအတွက် သတင်းပေးလုပ်နေတယ်လို့ ကြားရတယ်”ဟု ဒေသခံအမျိုးသား ကပြောသည်။ ၎င်းကိုပစ်သတ်ပြီး နောက်အမျိုးသားတစ်ဦးကိုလည်း ဖမ်းဆီးသွားကြောင်း ၎င်းတို့ကပြောသည်။ “ပစ်သတ်ခံရသူရော ဖမ်းဆောင်(ဖမ်းခေါ်)သွားတဲ့သူရော နှစ်ယောက်စလုံးက ပြည်သူ့စစ်(ပျူစောထီး)ဆိုတာ သိရတယ်”ဟု ဒေသခံ အမျိုးသားနောက်တစ်ဦးကပြောသည်။ အဆိုပါအမျိုးသားနှစ်ဦး ပစ်သတ်၊ဖမ်းဆီးခံရမှုနှင့် ပတ်သက်ပြီး ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များမှ ဖေဖော်ဝါရီလ ညနေ ၅ နာရီအချိန်အထိ ထုတ်ပြန်ထားခြင်း […]