ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

သရက်ချောင်းမြို့နယ် သရက်နှစ်ခွရွာမှ လူငယ်တစ်ဦးကို စစ်ကောင်စီတပ်က သေနတ်ဖြင့်ပစ်

diz_admin

April 26, 2023

သရက်ချောင်းမြို့နယ်၊ သရက်နှစ်ခွရွာက အသက် ၂၂ အရွယ် အမျိုးသားတစ်ဦး မနေ့(ဧပြီ ၂၅) ညနေပိုင်းက ဥတ္တူတံတားကို ဖြတ်လျောက်စဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ်ဖြင့်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံရွာသားအချို့က ပြောသည်။ ဥတ္တူတံတားမှာ ထားဝယ်-မြိတ်ကားလမ်း‌ပေါ်တွင်တည်ရှိပြီး သားကြီး(‌ခ) ကိုဇာနည်ထွေးကို စစ်ကောင်စီတပ်ဖွဲ့က လှမ်းခေါ်ရာ မလာသဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံအချို့က ပြောသည်။ “သေတော့ မသေဘူး၊ ထားဝယ်ဆေးရုံမှာ၊ ခြေထောက်ကို ပစ်ချိုးတာလို့ပြောတယ်” ဟု သရက်နှစ်ခွရွာက အမျိုးသားတစ်ဦးက ပြောသည်။ ပစ်ခတ်ပြီးနောက် စိတ်မနှံ့သူမှန်းသိသဖြင့် မြတ်ပါရမီ အရေးပေါ်လူနာတင်ယာဉ်ကို ဖုန်းဆက်ခေါ်ပေးပြီး ဆေးရုံပို့ပေးခဲ့ခြင်းဖြစ်သည်ဟု ၎င်းတို့က ဆိုသည်။ ပြီးခဲ့သည့် ၄ ရက်ခန့်ကလည်း လောင်းလုံးမြို့နယ် စမ်းလှမ်းကျေးရွာအုပ်စု၊ ကျုံးဂဏန်းရွာသား ကိုမျိုးဦးဆိုသူ ပစ်ခတ်ခံရပြီး လက်မောင်းနှင့် ခြေထောက်တွင် သေနတ်ဒဏ်ရာရရှိခဲ့သဖြင့် ဆေးကုသမှုခံယူနေသည်ဟု ဒေသခံအချို့က […]

ထားဝယ်ခရိုင် သပိတ်ကော်မတီကဦးဆောင်၍ လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်

diz_admin

April 25, 2023

ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC)မှ ဦးဆောင်၍ စစ်အာဏာရှင်စနစ်‌ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုကို လောင်းလုံးမြို့နယ်တွင် ယနေ့ပြုလုပ်ခဲ့သည်။ ယင်းလှုပ်ရှားမှုတွင် “ဖက်ဆစ်ရွေးကောက်ပွဲ သပိတ်မှောက်၊ ဖက်ဒရယ်လမ်းကို ရဲရဲလျှောက်” ဘန်နာကိုင်ဆွဲ၍ လူငယ်များနှင့် အမျိုးသမီးများအပါအဝင် ဒေသခံပြည်သူများ ပူးပေါင်းပါဝင်မှုနှင့်အတူ ချီတက်လှုပ်ရှားခဲ့ကြကြောင်း ယင်းအဖွဲ့က ထုတ်ပြန်သည်။

သရက်ချောင်း ပိန်းတောရွာ မိုင်းပေါက်ကွဲမှု တစ်ဦးဒဏ်ရာရပြီး အနည်းဆုံးနှစ်ဦးအဖမ်းခံရ

diz_admin

April 25, 2023

သရက်ချောင်းမြို့နယ် ပိန်းတော‌ကျေးရွာတွင် မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီး ဒေသခံအမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ဧပြီလ ၂၄ ရက် ည ၆ နာရီခန့်တွင် လယ်ကွက်အနီး ကားလမ်းမဘေးတွင် မြက်ခြောက်များ မီးရှို့ရာမှ ပေါက်ကွဲမှုဖြစ်ပွားခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။ “တစ်ယောက်ဒဏ်ရာရတာတော့ သေချာတယ်။ ထိတဲ့နေရာကများတော့ ထားဝယ်ဆေးရုံတင်ထားရတယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။ မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီး ယနေ့ ဧပြီလ ၂၅ ရက် နံနက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့အပါအဝင် ပူးပေါင်းအဖွဲ့များ ရောက်ရှိလာပြီး အနီးဝန်ကျင်ကို ရှာဖွေကြောင်း ဒေသခံအချို့က ပြောသည်။ ယင်းသို့ ရှာဖွေစစ်ဆေးရာမှ မိုင်းပေါက်ကွဲသည့်အနီးဝန်းကျင်တွင်ရှိသည့် ဆိုင်ကယ်ပြင်ဆိုင်မှ အသက် ၂၈ နှစ်နှင့် ၂၁ ဝန်းကျင်အရွယ် ညီအစ်ကိုနှစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း ဒေသခံအချို့က ပြောဆိုသည်။ “မိုင်းထောင်ထားတယ်ဆိုတာ […]

ဝမ်းတစ်ထွာအတွက် နွေနေပူကို အန်တုနေရသူများ

diz_admin

April 25, 2023

မြန်မာနိုင်ငံတဝန်း အလွန်ပူအိုက်သော နွေရာသီကာလကိုဖြတ်သန်းနေကြရသည်။ အပူဒဏ်ပြင်းလွန်းသဖြင့် နေပူကို ရှောင်ရှားကာ နေအိမ်၊ အရိပ်အာဝါသအောက်တို့တွင် ခိုလုံနေထိုင်ကြချိန် ဖြစ်သည်။ နေအိမ်ထဲတွင် နေလျှင်ပင် ပူအိုက်သည့်ဒဏ်ကို ခံစားနေကြရသည်။ သို့သော် အခြေခံလူတန်းစာများအတွက်မူ ခြစ်ခြစ်တောက်ပူနေသည့် နေရောင်အောက်တွင် သမုဒ္ဒရာဝမ်းတစ်ထွာအတွက် ရုန်းကန်လုပ်ကိုင်နေကြရပေသည်။ ‌အရိပ်မခိုအား ပူပြင်းသည့် နွေနေအပူရှိန်ကို အန်တုပြီး ဝမ်းစာရေးအတွက် ရုန်းကန်လှုပ်ရှားနေကြသည့် ထားဝယ်မြို့ခံအချို့၏ မြင်ကွင်းကိုဖော်ပြပေးလိုက်ပါသည်။ အောက်ပါမှတ်တမ်းဓာတ်ပုံများကို ဧပြီလ ၂၅ ရက် မွန်းတည့်ချိန်တွင် ရိုက်ကူးထားခြင်းဖြစ်သည်။

ရေတွင်းဟောင်းတူးရာမှ မြေစာပိသည့်စက်ရုံလုပ်သားကို သေဆုံးလျက်ပြန်တွေ့

diz_admin

April 25, 2023

ထားဝယ်မြို့နယ်၊ သပြေချောင်းရွာ၊ သပြေချောင်းအထပ်သားစက်ရုံတွင် ယနေ့ နံနက်ပိုင်းက ရေတွင်းဟောင်းကို ဆက်လက်တူးဖော်ရာတွင် ‌မြေထိန်းနံရံပြိုကျပြီး မြေစာပိနေသည့် စက်ရုံအလုပ်သမားကို သေဆုံးလျက် ပြန်တွေ့ကြောင်း ဇမ္ဗူသီရိအဖွဲ့ထံမှ သိရသည်။ သေဆုံးသူမှာ အသက် ၃၃ နှစ်အရွယ်ရှိ သပြေချောင်းရွာသား ကိုအောင်မျိုးသူဖြစ်ပြီး အထပ်သား စက်ရုံလုပ်သမား တစ်ဦးလည်း ဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။ ယနေ့ ဧပြီ ၂၅ ရက် နံနက် ၈ နာရီခွဲတွင် အနက် ၂၉ ပေခန့်ရှိသည့် ရေတွင်းမြေထိန်းနံရံပြိုကျကာ အဆိုပါအမျိုးသားကို မြေစာများပိသွားသဖြင့် မြေတူးစက်များဖြင့် တူးဖော်ကာ ရှာဖွေခဲ့ရကြောင်း အဆိုပါအသင်းဥက္ကဋ္ဌ ဦးနိုင်မျိုးသွင်က ပြောသည်။ ယင်းနောက် ငါးနာရီခန့်အကြာ မွန်းလွဲ ၁ နာရီ ၇ မိနစ်ခန့်က မြေအောက်အနက် ၂၀ ပေနှင့် […]

တိုက်ပွဲကြောင့် မောတောင်တွင် ဓါတ်ဆီ​စျေး ၂ ဆတက်

diz_admin

April 25, 2023

တိုက်ပွဲများကြောင့် မြိတ်ခရိုင်၊တနင်္သာရီမြို့နယ်အတွင်းရှိ ထိုင်း-မြန်မာနယ်စပ် မောတောင်မြို့တွင် ဓါတ်ဆီ​စျေး ၂ ဆကျော် မြင့်တက်ခဲ့ကြောင်း ဒေသခံများ ထံမှသိရသည်။ တိုက်ပွဲမဖြစ်မီက ဓါတ်ဆီတစ်လီတာ ၃၅ ဘတ် (သုံးထောင်ကျပ်)ဝန်းကျင်သာ ပုံမှန်ရှိခဲ့ရာမှ လက်ရှိတွင် တစ်လီတာ  ၈၀ ဘတ် (ခြောက်ထောင်ကျပ်)ဖြင့် ဝယ်ယူသုံးစွဲနေရသည်ဟု ဒေသခံများ ကပြောသည်။ “လမ်းပိတ်နေလို့ သွားလို့လာလို့မှမရတာ။ ဓါတ်ဆီတင်မကဘူး အခြေခံစားသောက်ကုန် အားလုံး ဈေးကြီးပေးပြီး ဝယ်စားနေရတယ်”ဟု ဒေသခံအမျိုးသမီး ကပြောသည်။ မြိတ်-တနင်္သာရီ-မောတောင် နှစ်နိုင်ငံ နယ်စပ် ကုန်သွယ်ရေးလမ်းပိုင်းတွင် မတ်လ ၂၈ ရက်မှစပြီး ဧပြီလ ၁၂ ရက်နေ့အထိ နေ့စဥ်တိုက်ပွဲများ ဖြစ်ပေါ်ခဲ့ပြီး ဧပြီလ ၃ ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်များက ယင်းလမ်းကို ပိတ်လိုက်သည်။ “ကုန်ကားတွေက လက်ရှိမှာ သွားလာတာမရှိသေးဘူး။ လမ်းကပိတ်ထားဆဲပဲ […]

ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ဘေးရှောင်များ လေပြင်း‌တိုက်ခတ်မှုကြောင့် နေရာထိုင်ခင်းအခက်ကြုံ

diz_admin

April 25, 2023

ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ကမ်းအနီး လေးကေ့ကော်ဒေသက စစ်ဘေးရှောင်များနေထိုင်ကြသည့် နေအိမ်အဆောက်အအုံများ လေပြင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးကြောင်း လေးကေကော်လူငယ်ကွန်ရက်ထံမှ သိရသည်။ ဧပြီလ ၂၃ ရက် ညနေ ၃နာရီခန့်က လေပွေ၊ လေပြင်းတိုက်ခတ်မှုကြောင့် ပလောတပိုစစ်ဘေးရှောင်စခန်းအတွင်းရှိ နေအိမ် ၁၀ လုံးဝန်းကျင် ထိခိုက်ပျက်စီးခဲ့ကြောင်း ယင်းကွန်ရက်ထံမှ သိရသည်။ ထို့ကြောင့် နေရေးထိုင်ရေးအတွက် အခက်ခဲများကြုံတွေ့နေရပြီး စစ်ဘေးရှောင်များတွင် အခြားသောအကူအညီများလည်း လိုအပ်နေကြောင်း လေးကေ့ကော်လူငယ်ကွန်ရက်မှ အဖွဲ့ဝင်တစ်ဦးက ဆိုသည်။ “လုံးဝ ပျက်စီးသွားတာက တစ်လုံးပါ။ ကျန်ဆယ်လုံးခန့်က အကာပျက်တာ အမိုးပေါက်တာတွေ ရှိပါတယ်။ အဓိကလိုအပ်ချက်က ဆန်၊ ဆီ၊ ဆေး၊ ဆား၊ ခြင်ထောင်၊ စောင်နဲ့ တကိုယ်ရေသုံးပစ္စည်းတွေပါ” ဟု ၎င်းက ပြောသည်။ လက်ရှိ လေးကေ့ကော်စစ်ဘေးရှာင်စခန်းတွင် စစ်ဘေးရှောင်ပြည်သူ ၁၀၀၀ နီးပါးရှိကြောင်း […]

ရေတွင်းဟောင်းတူးနေစဉ် မြေထိန်းနံရံပြိုကျပြီး အမျိုးသားတစ်ဦးပိတ်မိနေ

diz_admin

April 25, 2023

ထားဝယ်မြို့နယ် သဗြေချောင်းအထပ်သားစက်ရုံတွင် ယနေ့ နံနက်ပိုင်းက ရေတွင်းဟောင်းတူးဖော်နေစဉ် မြေထိန်းနံရံပြိုကျပြီး အမျိုးသားတစ်ဦး ပိတ်မိနေကြောင်း ဇမ္ဗူသီရိအဖွဲ့ထံမှ သိရသည်။ ဧပြီ ၂၅ ရက် နံနက် ၈ နာရီခွဲတွင် နံရံပြိုကျကာ မြေစာများ ပိနေခြင်းဖြစ်ကြောင်း ‌ဇမ္ဗူသီရိအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်မျိုးသွင်က ပြောသည်။ “မနက်ကတည်းက ကယ်ဆယ်ရေးလုပ်နေတာ အခုထိ ပိတ်မိနေတဲ့သူ မတွေ့ရသေးဘူး” ဟု ၎င်းက ပြောဆိုသည်။ ပိတ်မိနေသူကို နံနက် ၁၁ နာရီအထိ ကယ်ဆယ်ရေးလုပ်သားများက ရှာဖွေနေသော်လည်း မတွေ့ရှိရသေးကြောင်း ၎င်းက ဆိုသည်။ အဆိုပါရေတွင်းဟောင်းမှာ အနက် ၂၉ ပေခန့်ရှိပြီး နံနက် ၁၁ နာရီအထိ ၁၅ ပေအထိ တူးဖော်ထားပြီဖြစ်ပြီး နောင်ထပ် ၁၄ ပေ အထိ တူးဖော်ရန် ကျန်ရှိနေသေးကြောင်း […]