ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

တနင်္သာရီတွင် သုံးရက်ဆက် တိုက်ပွဲဖြစ်နေ

diz_admin

April 28, 2023

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် ဧပြီ ၂၆ ရက်နေ့မှ ယနေ့အထိ ၃ ရက်ဆက် တိုက်ပွဲဖြစ်နေကြောင်း ဒေသခံများ ထံမှသိရသည်။ တနင်္သာရီမြို့နယ်၊ ဘန်လောကျေးရွာအုပ်စုအတွင်း ယနေ့ နေ့လယ် ၃ နာရီကျော်ဝန်းကျင်မှစတင်ပြီး နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွါးနေသည်ဟု ဒေသခံများကပြောသည်။ “ပစ်နေတာ ၂ ချီရှိပြီ ဟိုဘက်(စစ်ကောင်စီ)က လက်နက်ကြီးနဲ့ ချည်းထုနေတယ်”ဟု ဒေသခံအမျိုးသား ကပြောသည်။ လက်နက်ကြီးများဖြင့် ပစ်ခတ်နေ၍ ဘန်လော ၅ မိုင်၊၆ မိုင်ရွာနေ ဒေသခံများလည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများ ထံမှသိရသည်။ တိုက်ပွဲကြောင့် နှစ်ဖက်ထိခိုက်မှုကို မသိရှိရသေးသော်လည်း ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦး လက်နက်ကြီးစ ထိမှန်သည်ဟုကြားရကြောင်း၊  သို့သော် အခြေအနေမစိုးရိမ်ရဟု သိရကြောင်း PDF တပ်နှင့်နီးစပ်သူ တစ်ဦးကပြောသည်။ မနေ့ ဧပြီလ ၂၇ ရက်ကလည်း တနင်္သာရီမြို့နယ်၊ လယ်တောင်ယာရွာနှင့် […]

ကံပေါက်ရွာတွင် အမျိုးသားတစ်ဦး ပစ်သတ်ခံရ

diz_admin

April 28, 2023

ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာ၊ မဂ္ဂင်ရပ်ကွက်တွင်နေထိုင်သည့် အမျိုးသားတစ်ဦး ဧပြီလ ၂၇ ရက်ညက ပစ်ခတ်ခံရပြီး သေဆုံးကြောင်း ဒေသခံအချို့ကပြောသည်။ အသက် ၅၀ ဝန်းကျင်အရွယ် ဦးမျိုးဆိုသူသည် ကံပေါက်ဆီအုန်းခြံအနီးရှိ ၎င်း၏မွေးမြူရေးခြံအတွင်း သေနတ်ဖြင့် ပစ်သတ်ခံရခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ “ခြံနားနီးချင်းတစ်ယောက် မနက်ခြံသွားလို့ မြင်ပြီးလာပြောပြလို့၊ သူတို့အိမ်က သိတာကတော့ ဒီနေ့မနက် (ဧပြီ ၂၈) မှ သိကြတာ။ အလောင်းကိုက ရေတပ်က လာကောက် (ယူ) သွားတယ်” ဟု ကံပေါက်ရွာသားတစ်ဦးက ပြောဆိုသည်။ သေနတ်ဖြင့် ပစ်သတ်ခံရသူသည် နယ်ခံမဟုတ်ဘဲ ကံပေါက်ရွာသူနှင့် အိမ်ထောင်ပြုပြီးအခြေချနေထိုင်ကာ ဥယျာဉ်ခြံနှင့် နွားမွေးမြူရေးလုပ်ငန်းလုပ်ကိုင်နေသူ ဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။ အာဏာသိမ်းပြီးနောက် ၎င်း၏ နေအိမ်အနီးရှိ CB ဘဏ် (ကံပေါက်ဘဏ်ခွဲ) တွင် […]

လေးလအတွင်း စစ်ဘေးရှောင် ခုနစ်သိန်းနီးပါးထပ်တိုး၊ စစ်ဘေးရှောင် ၂ ဒသမ ၆ သန်းကျော်အထိရောက်ရှိ

diz_admin

April 28, 2023

မြန်မာနိုင်ငံတွင် စစ်ရေးပဋိပက္ခပိုမိုတင်းမာလာပြီး ယခုနှစ်တွင် ဧပြီလ ၂ဝရက်အထိ လေးလအတွင်း စစ်ဘေးရှောင် ဒုက္ခသည် ခုနစ်သိန်းနီးပါးတိုးလာကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု ISP Myanmar က ယနေ့ ဧပြီလ ၂၇ ရက်တွင် ထုတ်ပြန်သည်။ လေးလအတွင်း စစ်ဘေးရှောင်ဒုက္ခသည် ၆၈၂,၃၄၄ ဦး တိုးလာခြင်းဖြစ်ပြီး စစ်အာဏာသိမ်းကာလအတွင်း ကာလတိုတစ်ခုတွင် စံချိန်တင်တိုးလာခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ ယင်းပမာဏသည် အာဏာသိမ်းကာလ ၂နှစ်ကျော်တွင် ရှိသည့် စစ်ဘေးရှောင်အရေအတွက်၏ လေးပုံတစ်ပုံ ၂၅ ရာခိုင်နှုန်း ရှိကြောင်း ISP Myanmar ထံမှ သိရသည်။ ၂နှစ်ကျော်ကာလတွင် လက်နက်ပဋိပက္ခဖြစ်စဉ်များကြောင့် စစ်ဘေးရှောင်းဒုက္ခသည် ၂ဒသမ ၆ သန်းကျော်ရှိလာပြီး အာဏာမသိမ်းခင်က စစ်ဘေးရှောင် ငါးသိန်းနီးပါးရှိသဖြင့် စုစုပေါင်း သုံးသန်းကျော်ရှိလာကြောင်းလည်း ထုတ်ပြန်ထားသည်။ ယင်းအပြင် ရိုဟင်ဂျာများအပါအဝင် တစ်သန်းထက်မနည်းမှာလည်း […]

ကျိုက်ထီးရိုးတောင်ခြေက ကင်မွန်းချောင်းရဲစခန်း ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခံရ

diz_admin

April 28, 2023

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီးရိုးတောင်ခြေရှိ ကင်မွန်းချောင်းနယ်မြေရဲစခန်း ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခံရပြီး စခန်းမီးလောင်ပျက်စီးကြောင်း ဒေသခံတို့ထံမှ သိရသည်။ ကင်းမွန်ချောင်းနယ်မြေရဲစခန်းကို ဧပြီလ ၂၇ ရက် ညနေ ၄ နာရီကျော်က ကျိုက်ထိုမြို့နယ် တော်လှန်ရေး အင်အားစုတို့က ဒရုန်းဖြင့် လေးကြိမ် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း ပအိုဝ်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ခမ်းဒေါမ်) PPDF-KD က ထုတ်ပြန်ထားသည်။ ကင်မွန်းချောင်းနယ်မြေရဲစခန်း တိုက်ခိုက်မှုဖြစ်စဉ်အတွင်း ရဲစခန်း မီးလောင်ပြာကျသွားသည်ဟု တော်လှန်ရေး အင်အားစုတို့ဘက်က ထုတ်ပြန်ထားသော်လည်း အသေးစိတ်အခြေအနေကိုမူ Dawei Watch က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ “သေနတ်သံကြားရပြီးတော့ ရဲစခန်းဘက်မှာ မီးခိုးလုံးတွေ ထွက်လာတာတော့ တွေ့ရတယ်။ အသေးစိတ်တော့ မသိရဘူး” ဟု ကင်းမွန်ချောင်းဒေသခံတစ်ဦးက ပြောသည်။ အဆိုပါ ရဲစခန်းတိုက်ခိုက်မှုဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဘက်က ထိခိုက်သေဆုံးမှုအခြေအနေကို အတည်မပြုနိုင်ခြင်း […]

အကြမ်းဖက်မှုများ အဆုံးသတ်နိုင်ရေး စစ်ကောင်စီဘက်က အရင်ဆုံး စတင်သင့်‌ဟု ဘန်ကီမွန်းပြော

diz_admin

April 28, 2023

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်းက မြန်မာနိုင်ငံ၏ အာဏာသိမ်း စစ်တပ်ခေါင်းဆောင်နှင့် တွေ့ဆုံခဲ့ကာ မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ အဆုံးသတ်ပေးရန် တောင်းဆိုခဲ့သည်။ ဤသို့ အဆုံးသတ်နိုင်ဖို့ရာ “မြန်မာစစ်တပ်ဘက်က အရင်ဆုံး စတင်သင့်တယ်” ဟု ဧပြီ ၂၅ရက်နေ့တွင် ၎င်းကပြောကြားခဲ့သည်။ ဘန်ကီမွန်းသည် မြန်မာ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ယခင်စစ်အုပ်ချုပ်ရေးမှ အသွင်ပြောင်း အရပ်ဘက်အစိုးရအဖြစ် ပြောင်းလဲဖော်ဆောင်ခဲ့သည့် သမ္မတဟောင်း ဦးသိန်းစိန်တို့ကို ယခု သီတင်းပတ်အတွင်း သွားရောက်တွေ့ဆုံခဲ့သည်။ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ရွေးကောက်ခံအရပ်သားအစိုးရကို တပ်မတော်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် ဖြုတ်ချပြီးကတည်းက စစ်ဗိုလ်ချုပ်ကြီးများမှာ အာဏာရှင်တွန်းလှန်စစ်များဖြင့် ရင်ဆိုင်နေရသည်။ “အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့်နိုင်ဖို့ စစ်တပ်ကို တိုက်တွန်းဖို့နဲ့ သက်ဆိုင်သူအားလုံးအကြား အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေ စတင်ဖို့ မြန်မာနိုင်ငံကို […]

ရိုးရာလက်ဝှေ့ ပထမတန်းချန်ပီယံ တူးတူး ကွယ်လွန်ကြောင်း သတင်းများထွက်ပေါ်

diz_admin

April 28, 2023

ရိုးရာလက်ဝှေ့ ပထမတန်းချန်ပီယံ တူးတူး(နဂါးမာန်)မှာ ဖမ်းဆီးထိန်းသိမ်းခံထားရဆဲ ကာလအတွင်း၌ ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း သတင်းများ ထွက်ပေါ်နေသည်။ ယင်းအခြေအနေနှင့် ပတ်သက်၍ စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်းမရှိသော်လည်း ရိုးရာလက်ဝှေ့ အသိုင်းအဝိုင်းတွင် သတင်းများပျံ့နေပြီး တူးတူးနှင့် နီးစပ်သူများကလည်း သတင်းမှန်ကြောင်း အတည်ပြုပြောဆိုနေကြသည်။ မည်သည့်အကြောင်းကြောင့် ကွယ်လွန်သွားသည်ဆိုခြင်းကိုမူ မသိရသေးသလို ယင်းသတင်းအပေါ် Dawei Watch အနေဖြင့် သီးခြားအတည်ပြုနိုင်ရန် ကြိုးစားနေဆဲဖြစ်သည်။ တူးတူးသည် စစ်ကောင်စီဆန့်ကျင်ရေး ဆန္ဒပြပွဲများနှင့် အာဏာသိမ်းမှုဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် ရှေ့ဆုံးမှနေ၍ တက်ကြွစွာ ပါဝင်ခဲ့သူဖြစ်ပြီး ၎င်းကို ၂၀၂၂ ခုနှစ် ဧပြီလ ၁၀ ရက်နေ့တွင် မကွေးတိုင်း၊ မင်းဘူးခရိုင်၊ မင်းဘူး (စကု)မြို့နယ်၊ မန်းချောင်းမြောက်ဘက်ရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် ရိုးရာလက်ဝှေ့ ပထမတန်းချန်ပီယံ တူးတူး(နဂါးမာန်) ကွယ်လွယ်သည့်သတင်းကို ကြားသိရသည့်အတွက် […]

ဘတ်ငါးသောင်းနှင့်အထက် ငွေလွှဲငွေထုတ်ပြုလုပ်သူများကို မျက်နှာဓါတ်ပုံမှတ်တမ်းရယူရန် ထိုင်းဘဏ်ကြီးများစီစဉ်

diz_admin

April 27, 2023

ထိုင်းနိုင်ငံ ဘဏ်ကြီးအများစုက လာမည့်မေလမှစ၍ ငွေကြေးလိမ်လည်မှုများနှင့် အလွဲသုံးစားအလုပ်ခံရမှုများမှ ကာကွယ်နိုင်ရန်အတွက် ဘတ်ငါးသောင်းနှင့်အထက် ငွေလွှဲငွေထုတ်ပြုလုပ်သူများကို မျက်နှာအား ဓါတ်ပုံရိုက်ယူ မှတ်တမ်းတင်သွားမည်ဖြစ်ကြောင်း ထိုင်းတရားရေးကျွမ်းကျင်သူ Steven Sanyu က ယနေ့တွင် ရေးသားလိုက်သည်။ အဆိုပါအစီအစဉ်ကို ဘန်ကောက်ဘဏ်၊ ကစီကွန်ဘဏ်ကဲ့သို့ နိုင်ငံတော်အဆင့် ဘဏ်ကြီးများက လာမည့် မေလမှစတင်ကာ မိတ်ဆက်အသုံးပြုရန် စီစဉ်ထားကြောင်း Bangkok Post ကလည်း မနေ့က ဖော်ပြထားသည်။ ထိုင်းနိုင်ငံရှိ အလတ်စား၊ အသေးစားဘဏ်လုပ်ငန်းများကလည်း ယင်းအစီအစဉ်ကို လာမည့် ဇွန်လတွင် နောက်ဆုံးထား လုပ်ဆောင်ရမည်ဖြစ်ကြောင်း သိရသည်။ သုံးစွဲသူများ၏ ဇီဝလက္ခဏာသက်သေပြချက်များကို ရယူထားရမည့် အဆိုပါအစီအစဉ်ကို ဇွန်လတွင် ဘဏ်အားလုံးက စတင်အသုံးပြုရန် ထိုင်းနိုင်ငံ ဗဟိုဘဏ်မှ ပြီးခဲ့သော မတ်လက ပြောကြားခဲ့ပြီးနောက် ဘဏ်ကြီးများက လာမည့်လတွင် စတင်ရန် စီစဉ်လာခြင်းဖြစ်သည်။ ဘတ် ငါးသောင်းနှင့်အထက် မိုဘိုင်းငွေကြေးလွှဲပြောင်းမှု […]

မြိတ်တွင် ကိုဗစ်ပိုးတွေ့သူတစ်ဦးထပ်တိုး၊ ကိုဗစ်လူနာသုံးဦးရှိလာပြီ

diz_admin

April 27, 2023

မြိတ်မြို့တွင် ဧပြီလ ၂၆ ရက်နေ့၌ ကိုဗစ်ပိုးတွေ့သူ တစ်ဦးထပ်တိုးသဖြင့် ကိုဗစ်ပိုးတွေ့လူနာ သုံးဦးရှိလာပြီ ဖြစ်ကြောင်း နာရေးကူညီမှုအသင်းအချို့ထံမှ သိရသည်။ ကို‌ဗစ်ပိုးတွေ့ရှိသူသည် မြိတ်မြို့အဝင် ကျောက်ဖြူတောင်ကျေးရွာနေ အသက်ငါးဆယ်နှစ်ခန့်ရှိ အမျိုးသားတစ်ဦး ဖြစ်ကြောင်း နာရေးကူညီမှုအသင်းတစ်သင်းမှ အသင်းဝင်တစ်ဦးက ပြောသည်။ ၎င်းသည် ခရီးသွားရန်အတွက် ကိုဗစ်ပိုးရှိမရှိ စစ်ဆေးရာမှ ပိုး‌တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ မြိတ်တွင် ဧပြီလ ၂၁ ရက်နှင့် ၂၂ ရက်နေ့တို့တွင် တစ်သားအရွယ်နှင့် ၁၇ နှစ်အရွယ် ညီအစ်မနှစ်ဦးတို့တွင် ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့ပြီးဖြစ်သည်။ ယင်းညီအစ်မနှစ်ဦးသည် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသဖြင့် ဧပြီလ ၂၆ ရက်နေ့က ဆေးရုံဆင်းခွင့်ရပြီး နေအိမ်သို့ ပြန်သွားကြပြီဖြစ်ကြောင်း နာရေးကူညီမှုအသင်းတို့ထံမှ သိရသည်။ “ကိုဗစ်ပိုးစတွေ့နှစ်ယောက်က အိမ်ပြန်သွားပါပြီ” ဟု အထက်ပါ နာရေးကူညီမှုအသင်းဝင်က ပြောဆိုသည်။ […]