ပလောက်မြို့တွင် အုပ်ချုပ်ရေးမှုး၏ မိသားစုဝင် ၇ ဦးပစ်သတ်ခံရ
diz_admin
February 12, 2023ပုလောမြို့နယ်၊ ပလောက်မြို့၊ ကျောက်လုံးကြီးကျေးရွာအုပ်စု ညောင်ရှင်ကုန်းကျေးရွာတွင် အသက် ၂ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် စစ်ကောင်စီခန့်ကျေးရွာအုပ်ချုပ်ရေးမှူး၏ မိသားစုဝင် ၇ ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည်။ ဖေဖော်ဝါရီလ ၁၁ ရက်ည ၈ နာရီ ၂၀ ခန့်က လက်နက်ကိုင် လူတစ်စုရောက်ရှိလာပြီး အိမ်တံခါးဖွင့်ခိုင်းကာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးမြင့်အောင်၏ ကလေးငယ်များအပါအဝင် မိသားစုဝင်များအားလုံးကို သတ်ဖြတ်သွားကြောင်း ဒေသခံများကပြောသည်။ ဦးမြင့်အောင်မှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးဖြစ်ပြီး သမက်မှာလည်း ပြည်သူ့စစ်(ပျူစောထီး) အဖွဲ့ဝင်ဖြစ်ကြောင်း ကာယကံရှင်က အတည်ပြုပြောဆိုသည်။ သေဆုံးသူများမှာ ဇနီးဖြစ်သူဒေါ်ကြင်နွဲ့မှာ အသက် ၆၁ ကျော်ပြီဖြစ်ပြီး သမီးဖြစ်သူ ဒေါ်သန်းသန်းမော် ၄၂ နှစ်၊ မြေးဖြစ်သူ မောင်နေထက်သိန်း ၁၇ နှစ်၊ မောင်ဇေယျာအောင် ၁၆ နှစ်၊ မောင်စိုးမင်းပိုင် […]


