ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

လောင်းလုံးတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်

diz_admin

February 14, 2023

လောင်းလုံးမြို့နယ်အတွင်း ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC)က ဦးဆောင်၍ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ယနေ့ (ဖေဖော်ဝါရီ ၁၄) နေ့လယ်တွင်ပြုလုပ်ခဲ့သည်။ ယင်းသပိတ်တွင် ဒေသခံပြည်သူလူထု အများအပြားပူးပေါင်းပါဝင်ခဲ့သည်။

ရှပ်ပုံရွာက စစ်ဘေးရှောင်များ ပုလောမြို့ပေါ်တွင် နေခွင့်မရ

diz_admin

February 14, 2023

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ရှပ်ပုံရွာမှ စစ်ဘေးရှောင်လာကြသည့် ပြည်သူများကို စစ်ကောင်စီဘက်က ပုလောမြို့ပေါ်တွင် နေထိုင်ခွင့်မပြုကြောင်း ဒေသခံများထံမှ သိရသည်။ ပုလောမြို့တစ်ဖက်ကမ်းရှိ ရှပ်ပုံရွာတွင် ဇန်နဝါရီလ ၁၆ ရက်နေ့က နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့သည်။ ယင်းနောက် နေအိမ်အချို့ မီးရှိုခံရခြင်း၊ ရွာသားအချို့ကို ဖမ်းဆီးခြင်း၊ ရွာအတွင်း လက်နက်ကြီးငယ်များဖြင့် ပစ်ခတ်ခြင်းတို့ကြောင့် ရွာသားတစ်သောင်းကျော်ဘေးလွတ်ရာ တောတောင်များနှင့် မြို့ပြ၊ ကျေးရွာများသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြရသည်။ ယင်းသို့ တိမ်းရှောင်ကြသည့်အထဲ ပုလောမြို့ပေါ်ရှိ အမှတ် (၁) ၊ အမှတ် (၂) ရပ်ကွက်နှင့် ဘုန်းတော်ကြီးကျောင်း အချို့တွင် ယာယီတဲထိုးနေထိုင်သူ စစ်ဘေးရှောင်သူ ခြောက်ရာနီးပါးရှိသည်။ ယင်းသို့ နေထိုင်နေစဉ် ဖေဖော်ဝါရီလ ၂ ရက်တွင် စစ်ကောင်စီက ပုလောနှင့် တနင်္သာရီမြို့နယ်တို့အားစစ်အုပ်ချုပ်ရေး ကြေညာလိုက်သည်။ ယင်းနောက် လူငါးဦးထက် […]

စပါးဈေး စံချိန်တင်မြင့်တက်

diz_admin

February 14, 2023

ထားဝယ်ခရိုင်တွင် ယခုဖေဖော်ဝါရီလမှစပြီး စပါးဈေး စံချိန်တင်မြင့်တက်လျှက်ရှိကြောင်း စပါးအဝယ်ဒိုင်အချို့နှင့် လယ်သမားအချို့ထံမှ သိရသည်။ လက်ရှိ ထားဝယ်ခရိုင်တွင် ဆန်ကြမ်းအမျိုးအစား စပါးတစ်တင်းလျှင် ၁၈၀၀၀ ကျပ်ဝန်းကျင်အထိ ဈေးပေါက်နေပြီး ဆန်ချောအမျိုးအစား စပါးတစ်တင်းလျှင် ၂၀၀၀၀ နှင့် ၂၃၀၀၀ ကျပ်အကြား ဈေးပေါက်နေကြောင်း ၎င်းတို့က ဆိုသည်။ “ဒီလိုစပါးဈေးမျိုး တစ်ခါမှ မရဖူးသေးဘူး” ဟု လယ်လုပ်သက် နှစ် ၄၀ ကျော်ရှိသည့် လောင်းလုံးမြို့နယ်မှ လယ်သမားတစ်ဦးဖြစ်သူ ဦးနိုင်လေးက ပြောသည်။ ယခုနှစ် မိုးစပါးပေါ်ချိန်မှစပြီး အတက်ဈေးဖြင့်သာ ရောင်းချနေရကြောင်း လယ်သမားအချို့က ဆိုသည်။ မိုးစပါးရာသီဖွင့်ချိန် ၂၀၂၂ ဒီဇင်ဘာလကုန်ပိုင်းက ဆန်ကြမ်းအမျိုးအစား စပါးတစ်တင်းလျှင် ကျပ် ၆၀၀၀ ကျပ် ဝန်းကျင်၊ ဆန်ချောအမျိုးအစားဆိုပါက ကျပ် ၁၀၀၀၀ ဝန်းကျင် ပေါက်ဈေးရှိခဲ့သည်။ […]

ရဲဘော် ၃ဝခန့်ကို လဝက်ခန့်အကြာတွင် အဆက်အသွယ်ပြန်ရပြီဟု ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့ဆို

diz_admin

February 14, 2023

လက်နက်သွားသယ်စဉ် လဝက်ကြာအဆက်အသွယ်ပြတ်တောက်နေသည့် ရဲဘော် ၃ဝခန့်နှင့် အဆက်အသွယ် ပြန်ရပြီဖြစ်ကြောင်း သရက်ချောင်းမြို့နယ်တွင် အဓိက လှုပ်ရှားနေသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့ထံမှ သိရသည်။ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၄ ထံတွင် လက်နက်သွားသယ်ရာ အဆက်အသွယ်ပြတ်တောက်သွားပြီ ပြန်ပေးဆွဲခံရသည့်သဖွယ်ဖြစ်နေသည်ဟု အင်တာနက်လူမှုကွန်ရက်စာမျက်နှာတွင် ဇန်နဝါရီလ ၂၈ ရက်က ဝေဖန်ပြောဆိုမှုများထွက်ပေါ်ခဲ့သည်။ ရဲဘော်များနှင့် မိခင်တပ်ရင်းတို့ အဆက်အသွယ်များ ပြန်လည်ရရှိပြီဖြစ်ကြောင်း ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့က ဖေဖော်ဝါရီလ ၁၂ ရက်တွင် အသိပေးကြေညာထားသည်။ ရဲဘော် ၃၀ ဦးခန့်မှာ KNU တပ်မဟာ ၄ ၏ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၏ အကူအညီဖြင့် လက်နက်ခဲယမ်း သယ်ယူရန် နယ်စပ်ကို ခရီးထွက်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့၏ ပြန်ကြားရေးတာဝန်ရှိသူ ပြောသည်။ ယင်းသို့သွားစဉ် လမ်းခရီးအခြေအနေကြောင့် မိခင်တပ်ရင်းနှင့် ဖုန်း ဆက်သွယ်မှုပြတ်တောက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက […]

မြန်မာနိုင်ငံသို့ လူကုန်ကူးခံရသူများအပါအဝင် နိုင်ငံသားရှစ်ဦးကို ဖိလစ်ပိုင်အစိုးရပြန်ခေါ်

diz_admin

February 14, 2023

မြန်မာနိုင်ငံသို့ လူကုန်ကူးခံရပြီး ဒစ်ဂျင်တယ်ငွေကြေးဆိုင်ရာ ရာဇဝတ်မှုများတွင် စေခိုင်းခံရသူလေးဦးနှင့် တရားမဝင် ဝင်ရောက်မှုကြောင့် ဖမ်ဆီးခံရသူလေးဦးတို့ကို ဖိလစ်ပိုင်နိုင်ငံသို့ ပြန်လည်ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ ဖိလစ်ပိုင်နိုင်ငံသား ရှစ်ဦးတို့သည် ဖေဖော်ဝါရီလ ၁၃ ရက် နံနက်ပိုင်းတွင် ဖိလစ်ပိုင်နိုင်ငံ လေကြောင်းဖြင့် ပြန်လည်ရောက်ရှိလာခြင်းဖြစ်ကြောင်း ဖော်ပြသည်။ အသက် ၂၀ ကျော် အမျိုးသမီး လေးဦးမှာ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာမှုဖြင့် ဖမ်းဆီးခံထားရသူများ ဖြစ်သည်ဟု ဆိုသည်။ နောက်ထပ် အသက် ၃၀ ကျော် ဖိလစ်ပိုင်အမျိုးသား လေးဦးတို့သည် ဒူဘိုင်းအခြေစိုက် အေဂျင်စီတစ်ခု၏ အလုပ်ခန့်ထားမှုဖြင့် ထိုင်းနိုင်ငံတွင် Customer Support နှင့်ပက်သက်သော အလုပ်လုပ်ကိုင်ရန် ဘန်ကောက်မြို့သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ သို့သော်လည်း […]

တနင်္သာရီမြို့နယ်သို့ စစ်ကြောင်းထိုးလာသဖြင့် ရွာသားများထွက်ပြေးတိမ်းရှောင်နေရ

diz_admin

February 14, 2023

မြိတ်ခရိုင်တွင် စစ်အုပ်ချုပ်ရေးကြေညာထားသည့် တနင်္သာရီမြို့နယ်ဖက်သို့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်လာရာ တိုက်ပွဲဖြစ်မည်ကိုစိုးရိမ်ပြီး ဒေသခံများထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။ တနင်္သာရီမြို့နယ်ရှိ လယ်သစ်အရှေ့ကမ်း၊ လယ်သစ်အနောက်ကမ်းနှင့် မော်တုံးအနောက်ကမ်းကျေးရွာနေ ပြည်သူများသည် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကတည်းက တောတောင်များအတွင်းသို့ ထွက်ပြေးနေရကြောင်း ၎င်းတို့က ပြောဆိုသည်။ “ထွက်ပြေးနေရတာ ဒီနေ့ဆို သုံးရက်ရှိပြီပေါ့။ နှစ်ဖက်တိုက်ပွဲဖြစ်သံတော့ အခုထိမကြားရသေးဘူး” ဟု လယ်သစ်ရွာ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ စစ်ကောင်စီတပ်များသည် ရေလမ်းကြောင်း အသုံးပြုကာ မြိတ်မြို့မှ ထွက်ခွာလာပြီး လက်ရှိတွင် ဝါရင့်၊ ဂျိုးတောင်ရွာအနီးသို့ ရောက်ရှိနေသည်ဟု ကြားသိရကြောင်း ဒေသခံများက ဆိုသည်။ “လယ်သစ်ရွာနဲ့ ဝါရင့်ရွာက ကပ်နေတယ်။ တိုက်ပွဲကတော့ အချိန်မရွေးဖြစ်လာနိုင်တယ်။ ရွာမှာတော့ လူတစ်ယောက်မှ မရှိတော့ဘူး။ တောထဲအကုန်ပြေးကြပြီ” ဟု လယ်သစ်ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ […]

ဗိုလ်ချုပ်မွေးနေ့တွင် ပဲပြုတ်နံပြားကျွေးသည့် ဇနီးမောင်နှံ ခေါ်ယူစစ်ဆေးခံရ

diz_admin

February 14, 2023

မြိတ်တွင် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့အထိမ်းအမှတ်အဖြစ် ဖေဖော်ဝါရီလ ၁၃ ရက်က ပဲပြုတ်နံပြားကျွေးသည့် ပါရမီရပ်က ဇနီးမောင်နှံနှစ်ဦးကို စစ်ကောင်စီတပ်က ခေါ်ယူစစ်ဆေးခဲ့ကြောင်း ယင်းရပ်ကွက်နေသူတို့မှ သိရသည်။ ယခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့သည် ဗိုလ်ချုပ်အောင်ဆန်း၏ ၁၀၈ နှစ်ပြည့် မွေးနေ့ဖြစ်သည်။ “လင်မယားနှစ်ယောက်လုံးကို ဖမ်းသွားတဲ့သတင်းက တစ်ရပ်ကွက်လုံး ကျော်သွားတာ။ နေ့ချင်းပဲ ပြန်လွှတ်လိုက်တယ်” ဟု ပါရမီရပ်ကွက်နေသူတစ်ဦးက ပြောသည်။ ပဲပြုတ်နံပြားကျွေးသည့် ကာယကံရှင် ဇနီးမောင်နှံတို့နှင့် အဆက်အသွယ် မရသေးသဖြင့် ခေါ်ယူစစ်ဆေးခံခဲ့ရသည့် အကြောင်းအရင်း အသေးစိတ်အခြေအနေအား မေးမြန်းခွင့်မရခဲ့ပေ။ ထို့အပြင် မြို့ပေါ် ရပ်ကွက်တို့ရှိ နေအိမ်အချို့တို့တွင်လည်း ဗိုလ်ချုပ်မွေးနေ့ အထိမ်းအမှတ်အဖြစ် ပဲပြုတ်နံပြား ကျွေးရန် စီစဉ်မှုများရှိခဲ့ကြောင်း ရပ်ကွက်နေသူအချို့ထံမှ သိရသည်။ “အိမ်နားက တစ်ယောက်က ပဲပြုတ်နံပြားကျွေးမလို့လုပ်နေတာ ဘေးနားနေသူတွေက ဒီလိုအချိန်မျိုးမှာ ကျွေးလို့ […]

သထုံတွင် လက်နက်ကြီးကြောင့် ရဟန်းနှစ်ပါးနှင့် ကိုရင်ငယ်တစ်ပါး ဒဏ်ရာရ

diz_admin

February 13, 2023

သထုံမြို့နယ် မိချောင်းအိုင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ရဟန်းနှစ်ပါးနှင့် ကိုရင်ငယ်တစ်ပါး ထိခိုက်ဒဏ်ရာရကြောင်း ဒေသခံတို့ထံမှ သိရသည်။ သထုံမြို့နယ်အခြေစိုက် စစ်ကောင်စီတပ် အမှတ် (၉) အမြှောက်တပ်ရင်းက ဖေဖော်ဝါရီလ ၁၁ ရက် ည ၈ နာရီခွဲ ခန့်က ၁၂၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ကေအဲန်ယူ-သထုံခရိုင်က ယနေ့ ထုတ်ပြန်သည်။ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်များအနက် တစ်လုံးသည် မိကျောင်းအိုင်ရွာဘုန်းတော်ကြီးကျောင်း သိမ်ပေါ် ကျရောက်ပေါက်ကွဲခြင်းဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။ ယင်းသို့ကျရောက်ပေါက်ကွဲမှုကြောင့် သက်တော် ၁၁ နှစ်အရွယ် ကိုရင်တစ်ပါးနှင့် သက်တော် ၅၆ နှစ်ရှိ ဦးသောမန၊ သက်တော် ၇၁ နှစ်ရှိ ဦးပဏ္ဍိတတို့ ထိခိုက်ဒဏ်ရာရသည့်အပြင် သိမ်အဆောက်အအုံလည်း ထိခိုက်ပျက်ဆီးသွားကြောင်း ၎င်းတို့ထံမှ သိရသည်။ […]