မြန်မာပွဲစားအသတ်ခံရမှုတွင် မြန်မာလုပ်သားလေးဦးကို ထိုင်းရဲဖမ်းဆီး
diz_admin
February 15, 2023ထိုင်းနိုင်ငံ စမွတ်ပရကန်ခရိုင်တွင် မြန်မာပွဲစားတစ်ဦး အသတ်ခံရမှုနှင့်ပတ်သက်၍ သံသယရှိသူမြန်မာအလုပ်သမား လေးဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးထားကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ အဆိုပါမြန်မာအလုပ်သမားလေးဦးကို ယနေ့ ဖေဖော်ဝါရီလ ၁၅ ရက် နေ့လယ်ပိုင်းတွင် ဘန်ပူရဲစခန်းက အခင်းဖြစ်ပွားရာနေရာသို့ ခေါ်ဆောင်လာခဲ့ပြီး အမှုအတွက် သရုပ်ပြစေခိုင်းခဲ့သည်ဟုဆိုသည်။ ဖမ်းဆီးခံထားရသူများမှာ အသက် ၂၀ နှစ်မှ ၂၆ နှစ်အရွယ်သာရှိသေးသော မြန်မာအလုပ်သမားများဖြစ်ကြပြီး အသတ်ခံရသူမှာ အသက် ၂၃ နှစ်အရွယ်ရှိ ကိုဗိုလ်မိုးဟိန်း အမည်ရှိသူ မြန်မာပွဲစားဖြစ်ကြောင်း ဖော်ပြသည်။ ကိုဗိုလ်မိုးဟိန်းသည် မြန်မာနိုင်ငံသားများနှင့် ကမ္ဘောဒီးယားနိုင်ငံသားများကို ထိုင်းတွင် အလုပ်လုပ်ရန်အတွက် ခေါ်ယူပေးသော အလုပ်သမားပွဲစားတစ်ဦးဖြစ်ပြီး စက်ရုံများတွင် အလုပ်လျှောက်ပေးသောသူလည်းဖြစ်ကြောင်း ရေးသားထားသည်။ ကိုဗိုလ်မိုးဟိန်းကို နေထိုင်ရာ အခန်းအတွင်း၌ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ဝမ်းဗိုက်နှင့် နောက်ကျောတွင် ဓားဒဏ်ရာများဖြင့် […]


